Beauty

မၾကာခဏေခါင္းေလွ်ာ္ေနစရာ မလိုေအာင္ သိထားသင့္တဲ့ အႀကံဉာဏ္ေကာင္းေလးမ်ား…

မၾကာခဏေခါင္းေလွ်ာ္ေနစရာ မလိုေအာင္ သိထားသင့္တဲ့ အႀကံဉာဏ္ေကာင္းေလးမ်ား…

ေခါင္းကဆံပင္ေတြအဆီျပန္လာၿပီဆိုတာနဲ႔ ေခါင္းေလွ်ာ္ဖို႔လိုေနၿပီလို႔ မၾကာခဏေတြးေကာင္းေတြးတတ္ၾကမွာပါ။

ဒါေပမယ့္လည္း ေခါင္းခဏခဏေလွ်ာ္တာဟာ ေခါင္းကိုသန႔္ ရွင္းေစတာမွန္ေသာ္ျငားလည္း တဖက္ကျပန္ၾကည့္မယ္ဆိုရင္ မေကာင္းပါဘူး။

ေခါင္းမေလွ်ာ္ဘဲ ရက္အနည္းငယ္ၾကာလာတဲ့အခါမွာ ထြက္လာတဲ့သဘာဝအဆီေတြက သင့္ဆံပင္ကို အာဟာရျဖစ္ေစၿပီး ဆံပင္တစ္ေခ်ာင္းစီကိုလည္း က်န္းမာႏူးညံ့ေစပါတယ္။

ေခါင္းကိုမၾကာခဏေလွ်ာ္တဲ့အခါ အဆီေတြကိုျမန္ျမန္ထြက္လာေစၿပီး အလြန္အဆီျပန္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

ဒါေၾကာင့္ ေခါင္းကိုခဏခဏေလွ်ာ္စရာမလိုဘဲ ဆံပင္ေတြကိုဂ႐ုစိုက္ႏိုင္မယ့္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ သုံးစြဲသည့္ေခါင္းေလွ်ာ္ရည္

အခ်ိဳ႕ဆံေကသာပစၥည္းေတြက ေျခာက္ေသြ႕ပ်က္စီးေနတဲ့ ဆံေကသာကို ျပန္လည္အာဟာရျဖည့္တင္းေပး ႏိုင္တာမွန္ေပမယ့္လည္း အလြန္အမင္းအသုံးမျပဳဖို႔ေတာ့အေရးႀကီးပါတယ္။

ဆံပင္အလွဆီအမ်ားႀကီးသုံးျခင္း သို႔မဟုတ္ ဆံပင္ေပါင္းတင္တာကို အမ်ားႀကီး လုပ္မိတဲ့အခါေတြမွာ ဆံပင္ေတြကို ပိုမိုလ်င္ျမန္စြာ ညစ္ပတ္လာေစႏိုင္ပါတယ္

၂။ ေခါင္းကိုမၾကာခဏမၿဖီးပါႏွင့္။

ေခါင္းၿဖီးလိုက္တဲ့အခါ ဆံပင္ေမႊးညင္းေပါက္ေလးေတြကို အဆီအမ်ားအျပားထုတ္ဖို႔ အခ်က္ေပးလိုက္ တာနဲ႔ အတူတူပဲျဖစ္လို ဆူးဘီးေတြနဲ႔ ၿဖီးမယ့္အစား ႐ိုး႐ိုးဘီးကိုအသုံးျပဳေပးပါ။

ၿဖီးသည့္အခါမွာလည္း ဦး ေရျပားကိုမထိပါႏွင့္။

၃။ ေခါင္းကိုခဏခဏမကိုင္ပါႏွင့္။

ေခါင္းၿဖီးသည့္နည္းတူပင္ ဆံပင္ကိုခဏခဏကိုင္ျခင္းက ဆံပင္ေမႊးညႇင္းေတြကို သဘာဝအဆီထုတ္လုပ္ဖို႔ တြန္းအားေပးလိုက္သလို ျဖစ္သြားႏိုင္ပါတယ္။

၄။ ေလွ်ာ္မယ့္အစား ပုံစံေျပာင္းၾကည့္ပါ။

ဆံပင္ကတျဖည္းျဖည္းနဲ႔ အဆီျပန္လာၿပီလို႔ထင္ရတာနဲ႔ ေခါင္းေလွ်ာ္လိုက္မယ့္အစား ဆံပင္ပုံစံဒီဇိုင္းေလးေတြ အမ်ိဳးမ်ိဳးေျပာင္းၾကည့္ပါ။

ဆံပင္အလွျပင္ပစၥည္း ေတြနဲ႔ ကိရိယာေတြကို အသုံးျပဳတာနည္းေလေလ သင့္ဆံပင္လည္း ပိုမိုသန႔္ရွင္းေလေလပါပဲ။

၅။ ဆံပင္အလွျပင္ပစၥည္းေတြကို အပူေလွ်ာ့သုံးပါ။

ဆံပင္ေလမႈတ္စက္၊ ေကာက္စက္၊ ေျဖာင့္စက္ စသျဖင့္ အသုံးျပဳေတာ့မယ္ဆိုရင္ အပူခ်ိန္ကိုအတန္ငယ္ေလွ်ာ့သုံးေပးပါ။

အပူခ်ိန္မ်ားျခင္းက ဆံပင္ေမႊးညႇင္းေလး ေတြကို အဆီပိုထြက္ေအာင္ ျဖစ္ေပၚေစႏိုင္ေသာ ေၾကာင့္ပါ။

၆။ ေခါင္းအုံးစြပ္ကို မၾကာခဏေလွ်ာ္ေပးပါ။

သင္တေနကုန္သြားလာထားၿပီးေတာ့ မ်က္ႏွာနဲ႔ဆံပင္ေပၚမွာတင္က်န္လာတဲ့ ဖုန္ေတြအကုန္လုံးဟာ ညအိပ္တဲ့အခါမွာ ထိုေခါင္းအုံးစြပ္ေတြေပၚတင္က်န္ သြားႏိုင္တာေၾကာင့္ ျဖစ္ႏိုင္လွ်င္ တပတ္ကိုတႀကိမ္ေလွ်ာ္ဖြပ္ေပးပါ။

၇။ ေႏြရာသီႏွင့္ေဆာင္းရာသီေတြမွာ ဦးထုပ္ေဆာင္းပါ။

အေအးဒဏ္ႏွင့္အပူဒဏ္တို႔သည္ အသားအေရကို ကာကြယ္ရန္အတြက္ Sebum ကိုထုတ္လုပ္ေပးရာမွ ဆံပင္အျမစ္ေတြမွာ အဆီမ်ားၿပီး ခြၽဲက်ိက်ိျဖစ္လာေစႏိုင္ပါတယ္။

Credit

Unicode Version ဖြင့်ဖတ်ရန်

မကြာခဏခေါင်းလျှော်နေစရာ မလိုအောင် သိထားသင့်တဲ့ အကြံဉာဏ်ကောင်းလေးများ…

ခေါင်းကဆံပင်တွေအဆီပြန်လာပြီဆိုတာနဲ့ ခေါင်းလျှော်ဖို့လိုနေပြီလို့ မကြာခဏတွေးကောင်းတွေးတတ်ကြမှာပါ။

ဒါပေမယ့်လည်း ခေါင်းခဏခဏလျှော်တာဟာ ခေါင်းကိုသန့် ရှင်းစေတာမှန်သော်ငြားလည်း တဖက်ကပြန်ကြည့်မယ်ဆိုရင် မကောင်းပါဘူး။

ခေါင်းမလျှော်ဘဲ ရက်အနည်းငယ်ကြာလာတဲ့အခါမှာ ထွက်လာတဲ့သဘာဝအဆီတွေက သင့်ဆံပင်ကို အာဟာရဖြစ်စေပြီး ဆံပင်တစ်ချောင်းစီကိုလည်း ကျန်းမာနူးညံ့စေပါတယ်။

ခေါင်းကိုမကြာခဏလျှော်တဲ့အခါ အဆီတွေကိုမြန်မြန်ထွက်လာစေပြီး အလွန်အဆီပြန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ခေါင်းကိုခဏခဏလျှော်စရာမလိုဘဲ ဆံပင်တွေကိုဂရုစိုက်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ သုံးစွဲသည့်ခေါင်းလျှော်ရည်

အချို့ဆံကေသာပစ္စည်းတွေက ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာကို ပြန်လည်အာဟာရဖြည့်တင်းပေး နိုင်တာမှန်ပေမယ့်လည်း အလွန်အမင်းအသုံးမပြုဖို့တော့အရေးကြီးပါတယ်။

ဆံပင်အလှဆီအများကြီးသုံးခြင်း သို့မဟုတ် ဆံပင်ပေါင်းတင်တာကို အများကြီး လုပ်မိတဲ့အခါတွေမှာ ဆံပင်တွေကို ပိုမိုလျင်မြန်စွာ ညစ်ပတ်လာစေနိုင်ပါတယ်

၂။ ခေါင်းကိုမကြာခဏမဖြီးပါနှင့်။

ခေါင်းဖြီးလိုက်တဲ့အခါ ဆံပင်မွှေးညင်းပေါက်လေးတွေကို အဆီအများအပြားထုတ်ဖို့ အချက်ပေးလိုက် တာနဲ့ အတူတူပဲဖြစ်လို ဆူးဘီးတွေနဲ့ ဖြီးမယ့်အစား ရိုးရိုးဘီးကိုအသုံးပြုပေးပါ။

ဖြီးသည့်အခါမှာလည်း ဦး ရေပြားကိုမထိပါနှင့်။

၃။ ခေါင်းကိုခဏခဏမကိုင်ပါနှင့်။

ခေါင်းဖြီးသည့်နည်းတူပင် ဆံပင်ကိုခဏခဏကိုင်ခြင်းက ဆံပင်မွှေးညှင်းတွေကို သဘာဝအဆီထုတ်လုပ်ဖို့ တွန်းအားပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။

၄။ လျှော်မယ့်အစား ပုံစံပြောင်းကြည့်ပါ။

ဆံပင်ကတဖြည်းဖြည်းနဲ့ အဆီပြန်လာပြီလို့ထင်ရတာနဲ့ ခေါင်းလျှော်လိုက်မယ့်အစား ဆံပင်ပုံစံဒီဇိုင်းလေးတွေ အမျိုးမျိုးပြောင်းကြည့်ပါ။

ဆံပင်အလှပြင်ပစ္စည်း တွေနဲ့ ကိရိယာတွေကို အသုံးပြုတာနည်းလေလေ သင့်ဆံပင်လည်း ပိုမိုသန့်ရှင်းလေလေပါပဲ။

၅။ ဆံပင်အလှပြင်ပစ္စည်းတွေကို အပူလျှော့သုံးပါ။

ဆံပင်လေမှုတ်စက်၊ ကောက်စက်၊ ဖြောင့်စက် စသဖြင့် အသုံးပြုတော့မယ်ဆိုရင် အပူချိန်ကိုအတန်ငယ်လျှော့သုံးပေးပါ။

အပူချိန်များခြင်းက ဆံပင်မွှေးညှင်းလေး တွေကို အဆီပိုထွက်အောင် ဖြစ်ပေါ်စေနိုင်သော ကြောင့်ပါ။

၆။ ခေါင်းအုံးစွပ်ကို မကြာခဏလျှော်ပေးပါ။

သင်တနေကုန်သွားလာထားပြီးတော့ မျက်နှာနဲ့ဆံပင်ပေါ်မှာတင်ကျန်လာတဲ့ ဖုန်တွေအကုန်လုံးဟာ ညအိပ်တဲ့အခါမှာ ထိုခေါင်းအုံးစွပ်တွေပေါ်တင်ကျန် သွားနိုင်တာကြောင့် ဖြစ်နိုင်လျှင် တပတ်ကိုတကြိမ်လျှော်ဖွပ်ပေးပါ။

၇။ နွေရာသီနှင့်ဆောင်းရာသီတွေမှာ ဦးထုပ်ဆောင်းပါ။

အအေးဒဏ်နှင့်အပူဒဏ်တို့သည် အသားအရေကို ကာကွယ်ရန်အတွက် Sebum ကိုထုတ်လုပ်ပေးရာမှ ဆံပင်အမြစ်တွေမှာ အဆီများပြီး ချွဲကျိကျိဖြစ်လာစေနိုင်ပါတယ်။

Credit