Love

ဆယ်ရက်ကြာ ခင်မင်ပြီးနောက် လက်ထပ်ခဲ့ကြတဲ့ အဘိုးအဘွားစုံတွဲ…

ဆယ်ရက်ကြာ ခင်မင်ပြီးနောက် လက်ထပ်ခဲ့ကြတဲ့ အဘိုးအဘွားစုံတွဲ…

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ပြည်နယ်တစ်ခုမှ အဘိုးနှင့်အဘွားစုံတွဲတစ်တွဲသည် ဆယ်ရက်ကြာခင်မင်ပြီးနောက် နှစ်ဦးသားမ‌နေ့ကလက်ထပ်လိုက်ကြသည်။

Khon Kaen ဒေသရှိ Pak Huay Dam တောင်ပေါ်တွင် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံရင်းနှီးခဲ့ကြပြီး

မကြာခင်မှာပင် ဘဝ၏နောက်ဆုံးအချိန်ကို အတူကုန်ဆုံးရန်ဆုံးဖြတ်ကာ လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။

အသက် ၈၃ နှစ်အရွယ်ရှိပြီဖြစ်သော ဘွားဘွားသတို့သမီး၏အိမ်မှာပင် ပကာသနများမပါပဲ သူတို့နှစ်ဦး၏မင်္ဂလာပွဲလေးကိုရိုးရှင်းစွာကျင်းပခဲ့ကြသည်။

အသက် ၇၂ နှစ်အရွယ်ရှိသတို့သားဘိုးဘိုးကလည်း စီးနေကျဆိုင်ကယ်လေးနဲ့ ကိုယ်ကိုယ်တိုင်ကလွဲရင် တင်​တောင်းစရာ ဘာမှမပါပဲ မင်္ဂလာအခါသမယကို ဖြတ်သန်းခဲ့ကြသည်။

“တခြားဘယ်အရာမှမပါလဲ သူမကိုလက်ထပ်ခွင့်ရရုံလေးနဲ့လုံလောက်ပါတယ်”ဟုလည်း ဆိုသည်။

သူတို့နှစ်ဦး၏မင်္ဂလာပွဲလေးက ရိုးရှင်းသော်လည်း ပျော်စရာအခမ်းအနားလေး ဖြစ်ခဲ့သည်။

သတို့သားဘိုးဘိုးတွင် သားသမီးသုံးယောက်ရှိပြီး သတို့သမီးဘွားဘွားကတော့ အိမ်ထောင်မကျဖူးသေးကြောင်း သိရှိရသည်။

ဘိုးဘိုးသတို့သားကမူ ၎င်းအနေဖြင့် ဘွားဘွားသတို့သမီးကို သက်ဆုံးတိုင် စောင့်ရှောက်သွားမည်ဟုလည်း ကတိပေးခဲ့သည်။

Source – Sanook

Zawgyi Version ျဖင့္ဖတ္ရန္

ဆယ္ရက္ၾကာ ခင္မင္ၿပီးေနာက္ လက္ထပ္ခဲ့ၾကတဲ့ အဘိုးအဘြားစုံတြဲ…

ထိုင္းႏိုင္ငံေျမာက္ပိုင္း႐ွိ ျပည္နယ္တစ္ခုမွ အဘိုးႏွင့္အဘြားစုံတြဲတစ္တြဲသည္ ဆယ္ရက္ၾကာခင္မင္ၿပီးေနာက္ ႏွစ္ဦးသားမ‌ေန႔ကလက္ထပ္လိုက္ၾကသည္။

Khon Kaen ေဒသ႐ွိ Pak Huay Dam ေတာင္ေပၚတြင္ တစ္ဦးႏွင့္တစ္ဦး ေတြ႕ဆုံရင္းႏွီးခဲ့ၾကၿပီး

မၾကာခင္မွာပင္ ဘဝ၏ေနာက္ဆုံးအခ်ိန္ကို အတူကုန္ဆုံးရန္ဆုံးျဖတ္ကာ လက္ထပ္ခဲ့ၾကျခင္းျဖစ္သည္။

အသက္ ၈၃ ႏွစ္အ႐ြယ္႐ွိၿပီျဖစ္ေသာ ဘြားဘြားသတို႔သမီး၏အိမ္မွာပင္ ပကာသနမ်ားမပါပဲ သူတို႔ႏွစ္ဦး၏မဂၤလာပြဲေလးကို႐ိုး႐ွင္းစြာက်င္းပခဲ့ၾကသည္။

အသက္ ၇၂ ႏွစ္အ႐ြယ္႐ွိသတို႔သားဘိုးဘိုးကလည္း စီးေနက်ဆိုင္ကယ္ေလးနဲ႔ ကိုယ္ကိုယ္တိုင္ကလြဲရင္ တင္​ေတာင္းစရာ ဘာမွမပါပဲ မဂၤလာအခါသမယကို ျဖတ္သန္းခဲ့ၾကသည္။

“တျခားဘယ္အရာမွမပါလဲ သူမကိုလက္ထပ္ခြင့္ရ႐ုံေလးနဲ႔လုံေလာက္ပါတယ္”ဟုလည္း ဆိုသည္။

သူတို႔ႏွစ္ဦး၏မဂၤလာပြဲေလးက ႐ိုး႐ွင္းေသာ္လည္း ေပ်ာ္စရာအခမ္းအနားေလး ျဖစ္ခဲ့သည္။

သတို႔သားဘိုးဘိုးတြင္ သားသမီးသုံးေယာက္႐ွိၿပီး သတို႔သမီးဘြားဘြားကေတာ့ အိမ္ေထာင္မက်ဖူးေသးေၾကာင္း သိ႐ွိရသည္။

ဘိုးဘိုးသတို႔သားကမူ ၎အေနျဖင့္ ဘြားဘြားသတို႔သမီးကို သက္ဆုံးတိုင္ ေစာင့္ေ႐ွာက္သြားမည္ဟုလည္း ကတိေပးခဲ့သည္။

Source – Sanook