General News

အသဲတခြမ်း သွားရောင်းပီးပြန်လာတာတဲ့ မြန်မာလူငယ်လေးနဲ့ တွေ့သောအခါ…

ကြောက်စရာကောင်းလိုက်တာ…

မနေ့က အိန္ဒိယကအပြန် လေယာဉ်တစီးထဲစီးပြန်လာတဲ့ကောင်လေး၃ယောက် အသက်၂၀ကျော်လေးတွေ

လှိုင် ကိုဗစ်စင်တာမှာ Q ဝင်တော့လဲ ၄ယောက်၁ခန်းနေရတော့သူတို့၃ယောက်နဲ့၁ခန်းထဲနေရတာ

အိန္ဒိယ ဘာသွားလုပ်တာလဲမေးကြည့်တော့…အသဲတခြမ်း သွားရောင်းပီး ပြန်လာတာတဲ့။

အိန္ဒိယ နယူးဒေလီ ကဆေးရုံမှာ အဲ့လိုလာရောင်းတဲ့ မြန်မာတွေအများကြီးပဲတဲ့…

မိန်းခလေးတွေရောတဲ့ အသဲတခြမ်းရောင်းတဲ့လူ ကျောက်ကပ် တခြမ်းလာရောင်းတဲ့ လူတွေတဲ့…

ဘယ်လောက်ရလို့လဲလို့မေးတော့ သိန်း၈၀တဲ့…ပွဲစားကို၁၀သိန်းပေးရတယ်တဲ့ ဝယ်တဲ့လူကကုန်ကျစရိတ်အားလုံးခံပီးခေါ်တာတဲ့

မြန်မာပြည်မှာအဲ့ဒါလုပ်တဲ့ပွဲစားတွေအများကြီးပဲတဲ့ တော်တော်အံ့သြဖို့ကောင်းတယ်

ငါတို့မြန်မာပြည်ကြီးလဲဘာတွေဖြစ်ကုန်ပီလဲ သိန်း၇၀လောက်နဲ့ကိုယ့်ခန္ဓာကိုယ်ကအရေးကြီးတဲ့အစိတ်ပိုင်းတွေထုတ်ရောင်းကုန်ကြရပီ

အသက်၂၀ကျော်အရွယ်ကောင်းလေးတွေ…အစကကြားပဲ ကြားဘူးတာ။

ခုမှကိုယ်တွေ့မြင်လိုက်တော့ စိတ်တော်တော်မကောင်းဘူးဗျာ😢ငါတို့နိုင်ငံကြီးတော်တော်ကိုနိမ့်ကျနေပြီ…။

မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းနိုင်ပါစေ…။

Source – mareyar

Zawgyi Version ဖြင့်ဖတ်ရန်












