ကြားသိရသမျှ

မြန်မာတွင် ဖေ့စ်ဘွတ်အသုံးပြုမှုကို စကစမှ ပိတ်ပင်ကန့်သတ်တော့မည်…

မြန်မာတွင် ဖေ့စ်ဘွတ်အသုံးပြုမှုကို စကစမှ ပိတ်ပင်ကန့်သတ်တော့မည်…

မြန်မာမှာ ဖေ့စ်ဘွတ်အသုံးပြုမှုကို ပိတ်ပင်ကန့်သတ်ပြီး အစားထိုးသုံးနိုင်မယ့် ဆိုရှယ်မီဒီယာပလက်ဖောင်းအသစ်တစ်ခု လုပ်မယ်ဆိုတဲ့ စစ်ကောင်စီပြောကြားချက်အပေါ် ဘယ်လိုမြင်ပါသလဲ။

မိမိတို့ရဲ့ထင်မြင်ချက်ကို မှတ်ချက်မှာလာရောက်မျှ၀ေဖို့ လေးစားစွာဖိတ်ခေါ်အပ်ပါတယ်။

ဖေ့ဘွတ်ခ်ကို မသုံးစွဲနိုင်အောင် ကန့်သတ်နိုင်ရေး လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့ သြဂုတ်လ ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီလို ကန့်သတ်နိုင်ရေး နည်းလမ်းတွေ ဆောင်ရွက်ရာမှာ ဖေဘွတ်ခ်ပေါ်မှာ တင်နေတဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေရဲ့ ကြော်ငြာတွေကိုလည်း ကန့်သတ် ထိန်းချုပ်တော့မယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် အင်တာနက် လူမှုကွန်ရက် ဖေ့ဘွတ်ခ်ကို အစားထိုးနိုင်မယ့် လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုကို ဖန်တီးနေတဲ့အကြောင်းလည်း သူကပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်တွင်းမှာ အင်တာနက်ဖြတ်တောက်မှုတွေ လုပ်ခဲ့သလို အင်တာနက် ပြန်ဖွင့်ပေးချိန်မှာလည်း မြန်မာလူထုအသုံးများတဲ့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ ဖေဘွတ်ခ်ကိုပါ စစ်ကောင်စီက ထိန်းချုပ်ဖို့လုပ်ခဲ့တာပါ။

လက်ရှိမှာလည်း ဖေ့စ်ဘွတ်၊ တွစ်တာ စတဲ့လူမှုကွန်ရက်တွေကို စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ပိုင်းတည်းက အသုံးပြုခွင့်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

အခုလို မြန်မာမှာ ဖေ့စ်ဘွတ်အသုံးပြုမှုကို ပိတ်ပင်ကန့်သတ်ပြီး အစားထိုးသုံးနိုင်မယ့် ဆိုရှယ်မီဒီယာပလက်ဖောင်းအသစ်တစ်ခု လုပ်မယ်ဆိုတဲ့ စစ်ကောင်စီပြောကြားချက်အပေါ် ဘယ်လိုမြင်ပါသလဲ။

မိမိတို့ရဲ့ထင်မြင်ချက်ကို မှတ်ချက်မှာလာရောက်မျှ၀ေဖို့ လေးစားစွာဖိတ်ခေါ်အပ်ပါတယ်။

Source – ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ – Getty Images

Zawgyi Version ျဖင့္ဖတ္ရန္

ျမန္မာတြင္ ေဖ့စ္ဘြတ္အသုံးျပဳမႈကို စကစမွ ပိတ္ပင္ကန္႔သတ္ေတာ့မည္…

ျမန္မာမွာ ေဖ့စ္ဘြတ္အသုံးျပဳမႈကို ပိတ္ပင္ကန္႔သတ္ၿပီး အစားထိုးသုံးႏိုင္မယ့္ ဆို႐ွယ္မီဒီယာပလက္ေဖာင္းအသစ္တစ္ခု လုပ္မယ္ဆိုတဲ့ စစ္ေကာင္စီေျပာၾကားခ်က္အေပၚ ဘယ္လိုျမင္ပါသလဲ။

မိမိတို႔ရဲ႕ထင္ျမင္ခ်က္ကို မွတ္ခ်က္မွာလာေရာက္မွ်ေဝဖို႔ ေလးစားစြာဖိတ္ေခၚအပ္ပါတယ္။

ေဖ့ဘြတ္ခ္ကို မသုံးစြဲႏိုင္ေအာင္ ကန္႔သတ္ႏိုင္ေရး လုပ္ေဆာင္ေနတယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက မေန႔ ၾသဂုတ္လ ၁၇ ရက္ေန႔ သတင္းစာ႐ွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ဒီလို ကန္႔သတ္ႏိုင္ေရး နည္းလမ္းေတြ ေဆာင္႐ြက္ရာမွာ ေဖဘြတ္ခ္ေပၚမွာ တင္ေနတဲ့ ျပည္တြင္းက လုပ္ငန္း႐ွင္ေတြရဲ႕ ေၾကာ္ျငာေတြကိုလည္း ကန္႔သတ္ ထိန္းခ်ဳပ္ေတာ့မယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသြားခဲ့ပါတယ္။

ဒါ့အျပင္ အင္တာနက္ လူမႈကြန္ရက္ ေဖ့ဘြတ္ခ္ကို အစားထိုးႏိုင္မယ့္ လူမႈကြန္ရက္ ပလက္ေဖာင္းတစ္ခုကို ဖန္တီးေနတဲ့အေၾကာင္းလည္း သူကေျပာပါတယ္။

စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ျပည္တြင္းမွာ အင္တာနက္ျဖတ္ေတာက္မႈေတြ လုပ္ခဲ့သလို အင္တာနက္ ျပန္ဖြင့္ေပးခ်ိန္မွာလည္း ျမန္မာလူထုအသုံးမ်ားတဲ့ ဆို႐ွယ္မီဒီယာတစ္ခုျဖစ္တဲ့ ေဖဘြတ္ခ္ကိုပါ စစ္ေကာင္စီက ထိန္းခ်ဳပ္ဖို႔လုပ္ခဲ့တာပါ။

လက္႐ွိမွာလည္း ေဖ့စ္ဘြတ္၊ တြစ္တာ စတဲ့လူမႈကြန္ရက္ေတြကို စစ္ေကာင္စီက အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းတည္းက အသုံးျပဳခြင့္ပိတ္ပင္ထားတာ ျဖစ္ပါတယ္။

အခုလို ျမန္မာမွာ ေဖ့စ္ဘြတ္အသုံးျပဳမႈကို ပိတ္ပင္ကန္႔သတ္ၿပီး အစားထိုးသုံးႏိုင္မယ့္ ဆို႐ွယ္မီဒီယာပလက္ေဖာင္းအသစ္တစ္ခု လုပ္မယ္ဆိုတဲ့ စစ္ေကာင္စီေျပာၾကားခ်က္အေပၚ ဘယ္လိုျမင္ပါသလဲ။

မိမိတို႔ရဲ႕ထင္ျမင္ခ်က္ကို မွတ္ခ်က္မွာလာေရာက္မွ်ေဝဖို႔ ေလးစားစြာဖိတ္ေခၚအပ္ပါတယ္။

Source – ဘီဘီစီျမန္မာပိုင္း

ဓာတ္ပုံ – Getty Images