News

မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF က…

မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF က…

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်PDFက သြဂုတ်၁၇ရက် ည၈နာရီလောက်မှာ ဝင်ရောက်ပ-စ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ရုပ်သံကိုတော့ အောက်ဆုံးမှာဖော်ပြပေးထားပါတယ်။

အဲဒီမြို့မရဲစခန်းကို သံဖြူဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးယောက်က ဆိုင်ကယ်နှစ်စီးနဲ့ လာရောက်ပြီး လက်ပ-စ်ဗုံး အပါအဝင် tayနတ်တွေနဲ့ ပ-စ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအပြီး နှစ်ဖက် အပြန်အလှန်ပ-စ်ခတ်ကြရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက် ကျဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီဘက်ကလည်း သုံးယောက်ထက်မနည်း ထိခိုက် tay ဆုံးနိုင်ပြီး ပ-စ်ခတ်မှု ဖြစ်ပြီးနောက် ရဲတပ်ဖွဲ့ဘက်က လူမှုကယ်ဆယ်ရေး ကားတစီးနဲ့ လာရောက်တင်ဆောင်ကာ

ဒဏ်ရာရသူတွေကို သူတို့ကိုယ်တိုင် ဆေးရုံ မောင်းပို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲစခန်းတိုက်ခိုက်ခံရမှုမှာ မပေါက်ကွဲသေးတဲ့ လက်ပ-စ်ဗုံးတလုံးကို သြဂုတ် ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီဘက်က ဖောက်ခွဲခဲ့ပါတယ်။

သံဖြူဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အဆက်အသွယ်ရှိတဲ့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရန်နိုင်က မြို့မရဲစခန်း တိုက်ခိုက်မှုဖြစ်စဉ် မှန်ကန်ကြောင်း ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ PDF ရဲဘော်တယောက် ကျဆုံးခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲဘော်တယောက်ကို ဆေးဝါးကုသပေးနေပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရတော့ဘူးလို့ ဆိုပါတယ်။

သံဖြူဇရပ်မြို့မရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အဝင်အထွက် နေရာတွေမှာ လုံခြုံရေးတင်းကျပ်ထားသလို လမ်းတချို့ကိုလည်း သွားလာခွင့် ကန့်သတ်ထားပါတယ်။

အောက်ဆုံးတွင် ရုပ်သံကြည့်ရန်

Source – DVB

Zawgyi Version ျဖင့္ဖတ္ရန္

ၿမိဳ႕မရဲစခန္းကို ျပည္သူ႕ကာကြယ္ေရးတပ္ PDF က…

မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕႐ွိ စစ္ေကာင္စီလက္ေအာက္ခံ ၿမိဳ႕မရဲစခန္းကို ျပည္သူ႕ကာကြယ္ေရးတပ္PDFက ၾသဂုတ္၁၇ရက္ ည၈နာရီေလာက္မွာ ဝင္ေရာက္ပ-စ္ခတ္ တိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြက ဒီဗြီဘီကို ေျပာပါတယ္။

႐ုပ္သံကိုေတာ့ ေအာက္ဆုံးမွာေဖာ္ျပေပးထားပါတယ္။

အဲဒီၿမိဳ႕မရဲစခန္းကို သံျဖဴဇရပ္ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ဝင္ ေလးေယာက္က ဆိုင္ကယ္ႏွစ္စီးနဲ႔ လာေရာက္ၿပီး လက္ပ-စ္ဗုံး အပါအဝင္ tayနတ္ေတြနဲ႔ ပ-စ္ခတ္တိုက္ခိုက္ခဲ့တာပါ။

အဲဒီတိုက္ခိုက္မႈအၿပီး ႏွစ္ဖက္ အျပန္အလွန္ပ-စ္ခတ္ၾကရာမွာ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ဝင္ တေယာက္ က်ဆုံးၿပီး တေယာက္ ဒဏ္ရာရ႐ွိခဲ့ပါတယ္။

စစ္ေကာင္စီဘက္ကလည္း သုံးေယာက္ထက္မနည္း ထိခိုက္ tay ဆုံးႏိုင္ၿပီး ပ-စ္ခတ္မႈ ျဖစ္ၿပီးေနာက္ ရဲတပ္ဖြဲ႕ဘက္က လူမႈကယ္ဆယ္ေရး ကားတစီးနဲ႔ လာေရာက္တင္ေဆာင္ကာ

ဒဏ္ရာရသူေတြကို သူတို႔ကိုယ္တိုင္ ေဆး႐ုံ ေမာင္းပို႔ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ရဲစခန္းတိုက္ခိုက္ခံရမႈမွာ မေပါက္ကြဲေသးတဲ့ လက္ပ-စ္ဗုံးတလုံးကို ၾသဂုတ္ ၁၈ ရက္ မနက္ပိုင္းမွာ စစ္ေကာင္စီဘက္က ေဖာက္ခြဲခဲ့ပါတယ္။

သံျဖဴဇရပ္ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕နဲ႔ အဆက္အသြယ္႐ွိတဲ့ ေရးၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ တာဝန္ခံ ဗိုလ္ရန္ႏိုင္က ၿမိဳ႕မရဲစခန္း တိုက္ခိုက္မႈျဖစ္စဥ္ မွန္ကန္ေၾကာင္း ဒီဗြီဘီကို အတည္ျပဳေျပာပါတယ္။

အဲဒီတိုက္ခိုက္မႈမွာ PDF ရဲေဘာ္တေယာက္ က်ဆုံးခဲ့ေၾကာင္းနဲ႔ ထိခိုက္ဒဏ္ရာရ႐ွိခဲ့တဲ့ ရဲေဘာ္တေယာက္ကို ေဆးဝါးကုသေပးေနၿပီး ဒဏ္ရာအေျခအေန မစိုးရိမ္ရေတာ့ဘူးလို႔ ဆိုပါတယ္။

သံျဖဴဇရပ္ၿမိဳ႕မရဲစခန္း တိုက္ခိုက္ခံရၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ၿမိဳ႕အဝင္အထြက္ ေနရာေတြမွာ လုံျခဳံေရးတင္းက်ပ္ထားသလို လမ္းတခ်ိဳ႕ကိုလည္း သြားလာခြင့္ ကန္႔သတ္ထားပါတယ္။

႐ုပ္သံၾကည့္ရန္

Source – DVB