News

ခရီးသည်တင် ယာဉ်တစ်စီး ဓ-ားပြတိုက်ခံရပြန်ပြီ…

ခရီးသည်တင် ယာဉ်တစ်စီး ဓ-ားပြတိုက်ခံရပြန်ပြီ…

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် အထက်ကဘော်ဒေသကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တစီး ကွန်တောင်းရွာအနီးမှာ ဩဂုတ် ၁၇ ရက်နေ့က ဓ-ားပြတိုက် လုယက်ခံခဲ့ရတယ်လို့ ယာဉ်ပေါ်ပါ ခရီးသည်တွေက ပြောပါတယ်။

“သူတို့က လက်နက်တွေနဲ့ ကားကိုတားပြီး အရပ်ခိုင်းတယ်။ ကျနော်တို့က စစ်ဆေးမေးမြန်းရုံပဲလို့ ထင်နေတာ။ နောက်ပိုင်း ကားပေါ်က ဒီဇယ်ပီပါ ၃ လုံးချယူတယ်။

အဲလိုယူပြီးတော့ ဘယ်ရွာမီးလင်းရေးမှာ အသုံးပြုဖို့ ယူတာတွေ၊ ဘာတွေပြောတယ်။ ပိုင်ရှင်ခွင့်ပြုချက် မပေးဘဲ အတင်းအဓမ္မ ပစ္စည်းချယူတာကတော့ ဓ-ားပြတိုက်ယူတာပဲ” လို့ ခရီးသည်တယောက်က ပြောပါတယ်။

တမူးခရိုင်၊ တမူးမြို့ဟာ အိန္နိယနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်မြို့ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်း အများအပြားရှိတဲ့မြို့ဖြစ်တယ်လို့ တမူးဒေသခံတွေက ပြောပါတယ်။

တမူး‌ဒေသခံ ကိုရောဘတ်က “ကျနော်တို့ ဒေသခံတွေ‌ ဒီအချိန်မှာ ဘယ်သွားသွား အကြောက်တရားနဲ့ ဖြစ်နေရတယ်။

ဟိုတလောကလည်း ပျူစောထီးတွေက ကွမ်းသီးကားနှစ်စီးကို ဖမ်းပြီး ကားတစီးကို ကျပ်သိန်း ၅၀ နဲ့ အရွေးခိုင်းတယ်။

သူတို့သတ်မှတ်ထားတဲ့ ပုံစံအတိုင်း လာမရွေးခဲ့ဘူးဆိုရင် ကားပေါ်မှာပါတဲ့ပစ္စည်းနဲ့ ကားရော မီး-ရှို့ဖျ-က်ဆီးမယ်။

ကားသမားနဲ့ တခြား ကားပေါ်မှာပါတဲ့ လူတွေရဲ့အသက်ကို အာမ မခံဘူးလို့ ခြိမ်းခြောက် ငွေတောင်းတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

အခုလို အကြမ်းဖ-က် ပစ္စည်းလု၊ ခြိမ်းခြောက်၊ ငွေတောင်းတာတွေကို ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ် ဆိုတာကို ထုတ်ပြန်ထားတာ မရှိသေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

တမူးမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်အပြင် ပျူစောထီး၊ ရှမ်းနီ၊ ကသဲ စတဲ့ အဖွဲ့အစည်းအများစုက ပေါ်ပေါ်တင်တင် လုယက် ဆက်ကြေးတောင်းတာတွေ လုပ်ကိုင်တဲ့ဖြစ်စဉ်တွေ အရင်ကလည်း ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အမည်မဖော်လိုတဲ့ တမူး PDF တပ်ရင်းခေါင်းဆောင်တယောက်က “ဒီလို လုယက်တာက ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF မှန်ရင် ဒါမျိုးအလုပ်ကို ဘယ်တော့မှ မလုပ်ဘူးဗျ။

ဒါက စစ်ကောင်စီရဲ့ လက်အောက်ခံ အဖွဲ့အစည်းလည်း ဖြစ်နိုင်သလို တခြား ပြည်သူလုထုဘက်က ရပ်တည်မပေးတဲ့ တခြားအဖွဲ့အစည်းတွေလည်း ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကလည်း တမူးအထက်ပိုင်း၊ သနန်ကျေးရွာနေ ကိုထန်ခန့်ဆွန် ဆိုသူကို ပျူစောထီးတွေက ဖမ်းသွားတယ်။

ဒီနေ့အထိ ဘယ်နေရာမှာထားတယ် ဆိုတာလည်း မသိရတော့ မိသားစုဝင်တွေကတော့ မျက်ရည်နဲ့ မျက်ခွက်ပါပဲဗျာ” လို့ ပြောပါတယ်။

တမူးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့လပိုင်းကလည်း အိန္ဒိယနိုင်ငံသားနှစ်ယောက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Source-DVB

Zawgyi Version ျဖင့္ဖတ္ရန္

ခရီးသည္တင္ ယာဥ္တစ္စီး ဓ-ားျပတိုက္ခံရျပန္ၿပီ…

စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕နယ္ အထက္ကေဘာ္ေဒသကို ေျပးဆြဲေနတဲ့ ခရီးသည္တင္ယာဥ္တစီး ကြန္ေတာင္း႐ြာအနီးမွာ ဩဂုတ္ ၁၇ ရက္ေန႔က ဓ-ားျပတိုက္ လုယက္ခံခဲ့ရတယ္လို႔ ယာဥ္ေပၚပါ ခရီးသည္ေတြက ေျပာပါတယ္။

“သူတို႔က လက္နက္ေတြနဲ႔ ကားကိုတားၿပီး အရပ္ခိုင္းတယ္။ က်ေနာ္တို႔က စစ္ေဆးေမးျမန္း႐ုံပဲလို႔ ထင္ေနတာ။ ေနာက္ပိုင္း ကားေပၚက ဒီဇယ္ပီပါ ၃ လုံးခ်ယူတယ္။

အဲလိုယူၿပီးေတာ့ ဘယ္႐ြာမီးလင္းေရးမွာ အသုံးျပဳဖို႔ ယူတာေတြ၊ ဘာေတြေျပာတယ္။ ပိုင္႐ွင္ခြင့္ျပဳခ်က္ မေပးဘဲ အတင္းအဓမၼ ပစၥည္းခ်ယူတာကေတာ့ ဓ-ားျပတိုက္ယူတာပဲ” လို႔ ခရီးသည္တေယာက္က ေျပာပါတယ္။

တမူးခ႐ိုင္၊ တမူးၿမိဳ႕ဟာ အိႏၷိယႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ နယ္စပ္ၿမိဳ႕ျဖစ္ၿပီး လက္နက္ကိုင္အဖြဲ႕အစည္း အမ်ားအျပား႐ွိတဲ့ၿမိဳ႕ျဖစ္တယ္လို႔ တမူးေဒသခံေတြက ေျပာပါတယ္။

တမူး‌ေဒသခံ ကိုေရာဘတ္က “က်ေနာ္တို႔ ေဒသခံေတြ‌ ဒီအခ်ိန္မွာ ဘယ္သြားသြား အေၾကာက္တရားနဲ႔ ျဖစ္ေနရတယ္။

ဟိုတေလာကလည္း ပ်ဴေစာထီးေတြက ကြမ္းသီးကားႏွစ္စီးကို ဖမ္းၿပီး ကားတစီးကို က်ပ္သိန္း ၅၀ နဲ႔ အေ႐ြးခိုင္းတယ္။

သူတို႔သတ္မွတ္ထားတဲ့ ပုံစံအတိုင္း လာမေ႐ြးခဲ့ဘူးဆိုရင္ ကားေပၚမွာပါတဲ့ပစၥည္းနဲ႔ ကားေရာ မီး-႐ိႈ႕ဖ်-က္ဆီးမယ္။

ကားသမားနဲ႔ တျခား ကားေပၚမွာပါတဲ့ လူေတြရဲ႕အသက္ကို အာမ မခံဘူးလို႔ ၿခိမ္းေျခာက္ ေငြေတာင္းတာေတြလည္း ႐ွိတယ္” လို႔ ေျပာပါတယ္။

အခုလို အၾကမ္းဖ-က္ ပစၥည္းလု၊ ၿခိမ္းေျခာက္၊ ေငြေတာင္းတာေတြကို ဘယ္အဖြဲ႕အစည္းက ျပဳလုပ္တယ္ ဆိုတာကို ထုတ္ျပန္ထားတာ မ႐ွိေသးသလို ဒီဗြီဘီအေနနဲ႔လည္း သီးျခား အတည္မျပဳႏိုင္ေသးပါဘူး။

တမူးၿမိဳ႕နယ္အတြင္းမွ စစ္ေကာင္စီတပ္အျပင္ ပ်ဴေစာထီး၊ ႐ွမ္းနီ၊ ကသဲ စတဲ့ အဖြဲ႕အစည္းအမ်ားစုက ေပၚေပၚတင္တင္ လုယက္ ဆက္ေၾကးေတာင္းတာေတြ လုပ္ကိုင္တဲ့ျဖစ္စဥ္ေတြ အရင္ကလည္း ႐ွိခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

အမည္မေဖာ္လိုတဲ့ တမူး PDF တပ္ရင္းေခါင္းေဆာင္တေယာက္က “ဒီလို လုယက္တာက က်ေနာ္တို႔ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕ PDF မွန္ရင္ ဒါမ်ိဳးအလုပ္ကို ဘယ္ေတာ့မွ မလုပ္ဘူးဗ်။

ဒါက စစ္ေကာင္စီရဲ႕ လက္ေအာက္ခံ အဖြဲ႕အစည္းလည္း ျဖစ္ႏိုင္သလို တျခား ျပည္သူလုထုဘက္က ရပ္တည္မေပးတဲ့ တျခားအဖြဲ႕အစည္းေတြလည္း ျဖစ္ႏိုင္ပါတယ္။

ၿပီးခဲ့တဲ့ ဩဂုတ္လ ၁၅ ရက္ေန႔ကလည္း တမူးအထက္ပိုင္း၊ သနန္ေက်း႐ြာေန ကိုထန္ခန္႔ဆြန္ ဆိုသူကို ပ်ဴေစာထီးေတြက ဖမ္းသြားတယ္။

ဒီေန႔အထိ ဘယ္ေနရာမွာထားတယ္ ဆိုတာလည္း မသိရေတာ့ မိသားစုဝင္ေတြကေတာ့ မ်က္ရည္နဲ႔ မ်က္ခြက္ပါပဲဗ်ာ” လို႔ ေျပာပါတယ္။

တမူးၿမိဳ႕နယ္အတြင္းမွာ ၿပီးခဲ့တဲ့လပိုင္းကလည္း အိႏၵိယႏိုင္ငံသားႏွစ္ေယာက္ သတ္ျဖတ္ခံရတဲ့ ျဖစ္စဥ္ေတြလည္း ႐ွိခဲ့ဖူးတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

Source-DVB