News

NLD ပါတီရုံးရှေ့မှာ NLD ပါတီရဲ့ အင်္ကျီဝတ်ဆင်ကာ ဆန္ဒပြ…

NLD ပါတီရုံးရှေ့မှာ NLD ပါတီရဲ့ အင်္ကျီဝတ်ဆင်ကာ ဆန္ဒပြ…

စစ်အုပ်စုက ဖမ်းဆီး thetဖြတ်နေလို့ ပါတီဝင် အစစ်တွေ ထွက်ပြေးနေရချိန် မန္တလေးမြို့က NLD ပါတီရုံးရှေ့မှာ NLD ပါတီ အင်္ကျီဝတ်ထားသူတွေ ဆန္ဒပြ၊

MFP

အာဏာသိမ်း စစ်အုပ်စု ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သ-တ်-ဖြတ်နေလို့ NLD ပါတီဝင်တွေ ထွက်ပြေးနေရချိန် မန္တလေးမြို့က NLD ပါတီရုံးရှေ့မှာ

NLD ပါတီ အင်္ကျီဝတ်ထားသူ တချို့က “အမေစု ကျန်းမာပါစေ” စာတန်းပါ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး အကြမ်းဖက်မှုတွေ အလိုမရှိကြောင်း ဒီအနက်ပိုင်း ဆန္ဒပြခဲ့တယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

“ပြည်သူလူထုမပြောနဲ့ သူတို့ NLDပါတီဝင် အချင်းချင်းတောင် လက်မခံတော့ဘူး တဲ့လား၊

အကြမ်းဖက် အဖွဲ့အစည်း NUG/CRPH မှ ကြိုးကိုင်နေသော PDF အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက် လုပ်ရပ်များကြောင့် အပြစ်မဲ့ ပြည်သူများနှင့် NLD ပါတီဝင်များ tayဆုံးနေရမှုအပေါ်

မန္တလေးရှိ NLD ပါတီဝင်များမှ ကန့်ကွက်ရှုံ့ချကြောင်း ဆန္ဒပြ” ဆိုပြီး မန္တလေး နန်းတွင်းအခြေစိုက် လပခ လက်အောက်ခံ စကစတွေက သတင်းဖြန့်ပါတယ်။

NLD ပါတီ အင်္ကျီဝတ်ထားသူ တချို့ စုဝေးဆန္ဒပြခဲ့တဲ့ ချမ်းအေးသာစံမြို့နယ် NLD ပါတီရုံးဟာ စစ်အာဏာ သိမ်းပြီးနောက် ဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့ မန္တလေးမြို့ပေါ်က NLD ပါတီရုံးတွေထဲက တစ်ရုံးဖြစ်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မန္တလေးတိုင်း NLD ပါတီ ခေါင်းဆောင်တွေကို ဖမ်းဆီး ထောင်ချထားပြီး စစ်အုပ်စုရဲ့ သွေးသောက်အဖွဲ့ကလည်း မန္တလေးမြို့ပေါ်က NLD ပါတီဝင်တွေကို

ဥပဒေမဲ့ ဖမ်းဆီး thet ဖြတ်ပြီး အလော-င်းတွေကို လမ်းဘေး စွန့်ပစ်နေတာတွေ ဆက်တိုက် လုပ်ဆောင်နေလို့ NLD ပါတီဝင်တွေ အိမ်မှာ မနေ့ဝံ့ဘဲ ထွက်ပြေးနေရပါတယ်။

Source – MFP

Zawgyi Version ဖငြ့်ဖတ်ရန်



MFP









Source – MFP