News

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး အကျပ်ကိုင် ဖြုတ်ချခံရ…

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး အကျပ်ကိုင် ဖြုတ်ချခံရ…

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး အကျပ်ကိုင် ဖြုတ်ချခံရပြီး အထွေထွေ အတွင်းရေးမှူး နှုတ်ထွက်စာတင်

မဲခေါင်၊ စက်တင်ဘာ ၂၁

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီ အဖြစ် ရှူမြင်ခံရတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးသန်းဌေး ဟာ

ပါတီတွင်း သဘောထား တင်းမာသူတွေရဲ့ အကျပ်ကိုင်မှုကြောင့် နှုတ်ထွက်စာ တင်ခဲ့ရပြီး

စက်တင်ဘာလ ၁၂ ရက်နေ့က စတင်ကာ ရုံးမတက်တော့ဘူးလို့ ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင် တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

လက်ရှိပါတီရဲ့ ယာယီ ဥက္ကဋ္ဌ အဖြစ် စစ်ကောင်စီရဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး အဖြစ် သြဂုတ်လအထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးခင်ရီက တာဝန်ယူထားပြီး

အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးသက်နိုင်ဝင်းလည်း နှုတ်ထွက်စာ တင်ထားတယ်လို့ ၎င်းက ပြောပါတယ်။

“ကိုသန်းဌေး ကတော့ ခါးခွဲထားရတော့ ကျန်းမာရေး အကြောင်းပြ နားလိုက်တာပေါ့။ ခင်ဗျားတို့လည်း သိမှာပါ မင်းကင်းမောင်မြင့်တို့ ဘူးလက်လှဆွေတို့က ဦးဆောင် အကျပ်ကိုင်တာပေါ့ဗျာ။

ပါတီ မပြိုကွဲဖို့ ဥက္ကဋ္ဌက နားလိုက်တာ။ ကိုသက်နိုင်ဝင်းလည်း နားဖို့ စာတင်ထားတယ်၊ တခြား ခေါင်းဆောင်ပိုင်းတွေလည်း နားဖို့ရှိတယ်” လို့ ၎င်းကပြောပါတယ်။

ဖြုတ်ချခံရတဲ့ ပါတိဥက္ကဋ္ဌ နေရာအပါအဝင် အထွေထွေအတွင်းရေးမှူးနဲ့ ပါတီ ဗဟိုအလုပ်မှုဆောင် ၄၅ ဦးကို

အောက်တိုဘာလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမယ့် တတိယအကြိမ် ပါတီ ညီလာခံမှာ ပြန်ရွေးမယ်လို့ သိရပါတယ်။

ကြံ့ခိုင်ပါတီ ညီလာခံကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ပါတီဌာနချုပ်မှာ ကျင်းပမှာဖြစ်ပြီး ဗဟိုကော်မတီဝင် ၂၇၅ ဦး အပါအဝင်

ပါတီဝင် ၁၀၀၀ ကျော်တက်မှာ ဖြစ်သလို ဗဟိုအလုပ်အမှုဆောင်အဖြစ် ဆန္ဒပြုထားသူ ၈၇ ဦးအနက် ၄၅ ဦးကို ရွေးချယ် အတည်ပြုမယ်လို့ ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်များ ပြန်လည် ရွေးချယ်ရေး အတွက် ဦးတင်နိုင်သိန်းကဲ့သို့ ပါတီ ဗဟိုအတိုင်ပင်ခံတွေ ဦးဆောင်တဲ့ ရွေးချယ် စိစစ်ရေး ကော်မတီဖွဲ့စည်းပြီး

အဆိုပြုထားတဲ့ ၈၇ ဦးကို စိစစ်နေပြီလို့ ပါတီ ထိပ်တန်းခေါင်းဆောင်က ဆိုပါတယ်။

အခုလို ပါတီ ဥက္ကဋ္ဌကို အကျပ်ကိုင် ဖယ်ရှားပြီး ထိပ်ပိုင်းခေါင်းဆောင်တွေ နှုတ်ထွက်မှုဟာ ၂၀၂၃ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ အတူ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမ္မတ အိပ်မက် အတွက် လမ်းခင်းမှု ဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

လက်ရှိ ကြံ့ခိုင်ရေးပါတီ ညီလာခံ ပြုလုပ်မယ့် နေပြည်တော်မှာ ဘန်ကာတွေ တည်ဆောက်မှုနဲ့ အတူ စစ်ကောင်စီက လုံခြုံရေး အထူး တင်းကျပ်ထားပါတယ်။။

MeKongNews

Zawgyi Version ျဖင့္ဖတ္ရန္

ၾကံ့ခိုင္ေရးပါတီ ဥကၠ႒ ဦးသန္းေဌး အက်ပ္ကိုင္ ျဖဳတ္ခ်ခံရ…

ၾကံ့ခိုင္ေရးပါတီ ဥကၠ႒ ဦးသန္းေဌး အက်ပ္ကိုင္ ျဖဳတ္ခ်ခံရၿပီး အေထြေထြ အတြင္းေရးမႉး ႏႈတ္ထြက္စာတင္

မဲေခါင္၊ စက္တင္ဘာ ၂၁

စစ္ေကာင္စီရဲ႕ ႏိုင္ငံေရးပါတီ အျဖစ္ ႐ွဴျမင္ခံရတဲ့ ျပည္ေထာင္စု ၾကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ (USDP) ဥကၠ႒ ဦးသန္းေဌး ဟာ

ပါတီတြင္း သေဘာထား တင္းမာသူေတြရဲ႕ အက်ပ္ကိုင္မႈေၾကာင့္ ႏႈတ္ထြက္စာ တင္ခဲ့ရၿပီး

စက္တင္ဘာလ ၁၂ ရက္ေန႔က စတင္ကာ ႐ုံးမတက္ေတာ့ဘူးလို႔ ၾကံ့ခိုင္ေရးပါတီ ထိပ္တန္းေခါင္းေဆာင္ တစ္ဦးက မဲေခါင္သတင္းကို ေျပာပါတယ္။

လက္႐ွိပါတီရဲ႕ ယာယီ ဥကၠ႒ အျဖစ္ စစ္ေကာင္စီရဲ႕ လူဝင္မႈ ႀကီးၾကပ္ေရးဝန္ႀကီး အျဖစ္ ၾသဂုတ္လအထိ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဦးခင္ရီက တာဝန္ယူထားၿပီး

အေထြေထြ အတြင္းေရးမႉး ျဖစ္သူ ဒုဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးသက္ႏိုင္ဝင္းလည္း ႏႈတ္ထြက္စာ တင္ထားတယ္လို႔ ၎က ေျပာပါတယ္။

“ကိုသန္းေဌး ကေတာ့ ခါးခြဲထားရေတာ့ က်န္းမာေရး အေၾကာင္းျပ နားလိုက္တာေပါ့။ ခင္ဗ်ားတို႔လည္း သိမွာပါ မင္းကင္းေမာင္ျမင့္တို႔ ဘူးလက္လွေဆြတို႔က ဦးေဆာင္ အက်ပ္ကိုင္တာေပါ့ဗ်ာ။

ပါတီ မၿပိဳကြဲဖို႔ ဥကၠ႒က နားလိုက္တာ။ ကိုသက္ႏိုင္ဝင္းလည္း နားဖို႔ စာတင္ထားတယ္၊ တျခား ေခါင္းေဆာင္ပိုင္းေတြလည္း နားဖို႔႐ွိတယ္” လို႔ ၎ကေျပာပါတယ္။

ျဖဳတ္ခ်ခံရတဲ့ ပါတိဥကၠ႒ ေနရာအပါအဝင္ အေထြေထြအတြင္းေရးမႉးနဲ႔ ပါတီ ဗဟိုအလုပ္မႈေဆာင္ ၄၅ ဦးကို

ေအာက္တိုဘာလ ၄ ရက္ေန႔ကေန ၆ ရက္ေန႔အထိ သုံးရက္ၾကာ က်င္းပမယ့္ တတိယအႀကိမ္ ပါတီ ညီလာခံမွာ ျပန္ေ႐ြးမယ္လို႔ သိရပါတယ္။

ၾကံ့ခိုင္ပါတီ ညီလာခံကို ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္႐ွိ ပါတီဌာနခ်ဳပ္မွာ က်င္းပမွာျဖစ္ၿပီး ဗဟိုေကာ္မတီဝင္ ၂၇၅ ဦး အပါအဝင္

ပါတီဝင္ ၁၀၀၀ ေက်ာ္တက္မွာ ျဖစ္သလို ဗဟိုအလုပ္အမႈေဆာင္အျဖစ္ ဆႏၵျပဳထားသူ ၈၇ ဦးအနက္ ၄၅ ဦးကို ေ႐ြးခ်ယ္ အတည္ျပဳမယ္လို႔ ဆိုပါတယ္။

ၾကံ့ခိုင္ေရးပါတီ ဗဟိုအလုပ္အမႈေဆာင္မ်ား ျပန္လည္ ေ႐ြးခ်ယ္ေရး အတြက္ ဦးတင္ႏိုင္သိန္းကဲ့သို႔ ပါတီ ဗဟိုအတိုင္ပင္ခံေတြ ဦးေဆာင္တဲ့ ေ႐ြးခ်ယ္ စိစစ္ေရး ေကာ္မတီဖြဲ႕စည္းၿပီး

အဆိုျပဳထားတဲ့ ၈၇ ဦးကို စိစစ္ေနၿပီလို႔ ပါတီ ထိပ္တန္းေခါင္းေဆာင္က ဆိုပါတယ္။

အခုလို ပါတီ ဥကၠ႒ကို အက်ပ္ကိုင္ ဖယ္႐ွားၿပီး ထိပ္ပိုင္းေခါင္းေဆာင္ေတြ ႏႈတ္ထြက္မႈဟာ ၂၀၂၃ ခုႏွစ္မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲနဲ႔ အတူ

စစ္ေခါင္းေဆာင္ မင္းေအာင္လိႈင္ရဲ႕ သမၼတ အိပ္မက္ အတြက္ လမ္းခင္းမႈ ျဖစ္တယ္လို႔ သုံးသပ္မႈေတြလည္း ႐ွိေနပါတယ္။

လက္႐ွိ ၾကံ့ခိုင္ေရးပါတီ ညီလာခံ ျပဳလုပ္မယ့္ ေနျပည္ေတာ္မွာ ဘန္ကာေတြ တည္ေဆာက္မႈနဲ႔ အတူ စစ္ေကာင္စီက လုံျခဳံေရး အထူး တင္းက်ပ္ထားပါတယ္။။

MeKongNews