ကေပေးတွေ ပိတ်ပစ်တာနဲ့ ပတ်သက်ပြီး ကမ္ဘောဇဘဏ်ကတော့ ထုတ်ပြန်ပြီ…
ကေပေးတွေကို ဗဟိုဘဏ်က ပိတ်ခိုင်းဟု ကမ္ဘောဇဘဏ် ထုတ်ပြန် (အသနားခံစာတင်မှ ပြန်ဖွင့်ပေးမည်)
ကေပေးအကောင့်တွေ မှားယွင်းစွာ ယာယီအသုံးပြုခွင့် တားမြစ်ခံရပါက ဗဟိုဘဏ်သို့ တိုက်ရိုက်တင်ပြနိုင်တယ်လို့ ကေပေးက ထုတ်ပြန်လိုက်ပါတယ်။
စကစ လက်အောက်ခံ ဗဟိုဘဏ်ရဲ့ ညွှန်ကြားမှုကြောင့် ကေပေးအကောင့်တချို့ကို ပိတ်ရခြင်း ဖြစ်ပြီး သုံးစွဲသူတွေ အဆင်မပြေမှုကို တောင်းပန်ပါတယ်လို့ ပါရှိပါတယ်။
သုံးစွဲသူတွေအနေနဲ့ ကေပေးအကောင့်တွေ မှားယွင်းစွာ အပိတ်ခံရတယ်လို့ ယုံကြည်ပါက စကစ လက်အောက်ခံ ဗဟိုဘဏ်သို့ တိုက်ရိုက် အကျိုးအကြောင်း တင်ပြပြီး အသနားခံစာ သဘောမျိုး တင်ရမယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေနှင့်အညီ ဘဏ်လုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းမဟုတ်သော ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းများအားလုံးသည်
ဗဟိုဘဏ်က ခွင့်ပြုပေးထားသည့် လိုင်စင်ရယူပြီး ကေပေးကို ဝန်ဆောင်မှု ပေးနေခြင်း ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ပါဝင်ပါတယ်။
လိုင်စင်ရဘဏ်အားလုံးဟာ ဗဟိုဘဏ်က လိုအပ်သလို အခါအားလျော်စွာ ညွှန်ကြားလာသည့် ၂၀၁၅ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေများအပါအဝင်
အမိန့်ထုတ်ပြန်ချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို အပြည့်အဝလိုက်နာ ကျင့်သုံးရတယ်လို့ ကေပေးက ကြေညာပါတယ်။
မိုဘိုင်းငွေပေးချေမှုများကို အဆင့် ၂ သို့ မတိုးမြှင့်ထားပါက ပိတ်သိမ်းမည်ဖြစ်ကြောင်း ကြေညာပြီး ရက်အနည်းငယ်အကြာမှာ ကြိုတင်ကြေညာမှု မရှိဘဲ ကေပေးအကောင့်တချို့ကို ဗဟိုဘဏ်က ပိတ်သိမ်းခိုင်းလိုက်တာဖြစ်ပါတယ်။
အကောင့်ပိတ်သိမ်းခံရမှုကြောင့် အကောင့်ထဲမှာ ငွေသားပမာဏ အမြောက်အမြား ကျန်နေခဲ့သူများအနေနဲ့ ဆုံးရှုံးသွားမှာကို စိုးရိမ်နေကြလျက် ရှိပါတယ်။
လက်ရှိအချိန်မှာ ပြည်သူများအနေနဲ့ ကေပေးအကောင့်ထဲက ပိုက်ဆံတွေကို အလျင်အမြန် ရွှေ့ပြောင်း ထုတ်ယူမှုများ ဖြစ်ပွားနေပြီး ဘယ်အချိန် အကောင့်ပိတ်ကျသွားမလဲဆိုတာကို စိုးရိမ်ပူပန်နေကြပါတယ်။
အကောင့်တွေ ပိတ်သွားရခြင်းရဲ့ အကြောင်းရင်းကို ကမ္ဘောဇဘဏ်ဖက်က ရေရေလည်လည် မရှင်းပြနိုင်ဘဲ အလွှဲအပြောင်းများတဲ့ အကောင်တွေသာမက နည်းတဲ့အကောင့်တွေပါ အပိတ်ခံနေရတယ်လို့ သိရပါတယ်။
ကေပေး အကောင့်အပိတ်ခံလိုက်ရတဲ့ အရောင်းဆိုင် ဝန်ထမ်းတဦးရဲ့ ရင်ဖွင့်သံကို ဖော်ပြပေးလိုက်ပါတယ်။ “လစာကို ကေပေးနဲ့ ရတာ ဖြစ်ကြောင်း၊
လက်ထဲ ပိုက်ဆံအများကြီး ကိုင်ထားစရာမလိုတာကြောင့် သဘောကျမိကြောင်း၊
ငွေအလွှဲအပြောင်း အများကြီး မလုပ်ရဘဲ အခုလို အပိတ်ခံရတော့ လက်ထဲ သုံးစရာ မရှိတော့ကြောင်း၊ အခက်အခဲတွေ အများကြီး ဖြစ်နေကြောင်း” သိရပါတယ်။
အဆင်ပြေနေတဲ့ စနစ်တခုကို ကသောင်းကနင်း ဖြစ်အောင် လုပ်လိုက်တာဟာ နဂိုကတည်းက ယုံကြည်မှု လျော့နည်းတဲ့ ဒဏ်ခံနေရတဲ့ ဘဏ်တွေအပေါ် ယုံကြည်မှုတွေ လုံးဝ ပျောက်သွားနိုင်ကြောင်း၊
ကြေညာချက်တွေ အရင် မထုတ်ဘဲနဲ့ ရုတ်တရက် လုပ်ချလိုက်ပြီး အဆင်မပြေ ဖြစ်တော့မှ တာဝန်ရှိသူတွေ တယောက်နဲ့ တယောက် လက်ညှိုးထိုး တာဝန်ခံခိုင်းနေတာ အင်မတန် ရှက်ဖို့ကောင်းကြောင်း၊
မြန်မာပြည် မိုဘိုင်းငွေပေးချေမှု လုပ်ငန်းတွေရဲ့ ဇာတ်သိမ်းလို့တောင် ပြောလို့ရကြောင်း” စီးပွားရေး ပညာရှင်တဦးက မှတ်ချက်ချပါတယ်။
လက်ရှိအချိန်မှာ ကေပေးတင်မက အခြား မိုဘိုင်းငွေပေးချေမှု လုပ်ငန်းတွေလည်း အခက်အခဲတွေ ဖြစ်ပေါ်နေပြီး ပြည်သူများအနေနဲ့ စိုးရိမ်သောကရောက်မှုတွေ အချိန်နဲ့အမျှ ပိုများလာတာကို တွေ့နေရပါတယ်။
Source – Blacker
Zawgyi Version ျဖင့္ဖတ္ရန္
ေကေပးေတြ ပိတ္ပစ္တာနဲ႔ ပတ္သက္ၿပီး ကေမ႓ာဇဘဏ္ကေတာ့ ထုတ္ျပန္ၿပီ…
ေကေပးေတြကို ဗဟိုဘဏ္က ပိတ္ခိုင္းဟု ကေမ႓ာဇဘဏ္ ထုတ္ျပန္ (အသနားခံစာတင္မွ ျပန္ဖြင့္ေပးမည္)
ေကေပးအေကာင့္ေတြ မွားယြင္းစြာ ယာယီအသုံးျပဳခြင့္ တားျမစ္ခံရပါက ဗဟိုဘဏ္သို႔ တိုက္႐ိုက္တင္ျပႏိုင္တယ္လို႔ ေကေပးက ထုတ္ျပန္လိုက္ပါတယ္။
စကစ လက္ေအာက္ခံ ဗဟိုဘဏ္ရဲ႕ ၫႊန္ၾကားမႈေၾကာင့္ ေကေပးအေကာင့္တခ်ိဳ႕ကို ပိတ္ရျခင္း ျဖစ္ၿပီး သုံးစြဲသူေတြ အဆင္မေျပမႈကို ေတာင္းပန္ပါတယ္လို႔ ပါ႐ွိပါတယ္။
သုံးစြဲသူေတြအေနနဲ႔ ေကေပးအေကာင့္ေတြ မွားယြင္းစြာ အပိတ္ခံရတယ္လို႔ ယုံၾကည္ပါက စကစ လက္ေအာက္ခံ ဗဟိုဘဏ္သို႔ တိုက္႐ိုက္ အက်ိဳးအေၾကာင္း တင္ျပၿပီး အသနားခံစာ သေဘာမ်ိဳး တင္ရမယ္လို႔ သိရပါတယ္။
၂၀၁၄ ခုႏွစ္ ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ား ဥပေဒႏွင့္အညီ ဘဏ္လုပ္ငန္းမ်ားႏွင့္ ဘဏ္လုပ္ငန္းမဟုတ္ေသာ ေငြေရးေၾကးေရးဆိုင္ရာအဖြဲ႕အစည္းမ်ားအားလုံးသည္
ဗဟိုဘဏ္က ခြင့္ျပဳေပးထားသည့္ လိုင္စင္ရယူၿပီး ေကေပးကို ဝန္ေဆာင္မႈ ေပးေနျခင္း ျဖစ္တယ္လို႔ ေၾကညာခ်က္ထဲမွာ ပါဝင္ပါတယ္။
လိုင္စင္ရဘဏ္အားလုံးဟာ ဗဟိုဘဏ္က လိုအပ္သလို အခါအားေလ်ာ္စြာ ၫႊန္ၾကားလာသည့္ ၂၀၁၅ ခုႏွစ္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒႏွင့္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒမ်ားအပါအဝင္
အမိန္႔ထုတ္ျပန္ခ်က္မ်ား၊ စည္းမ်ဥ္းစည္းကမ္းမ်ား၊ ၫႊန္ၾကားခ်က္မ်ားကို အျပည့္အဝလိုက္နာ က်င့္သုံးရတယ္လို႔ ေကေပးက ေၾကညာပါတယ္။
မိုဘိုင္းေငြေပးေခ်မႈမ်ားကို အဆင့္ ၂ သို႔ မတိုးျမႇင့္ထားပါက ပိတ္သိမ္းမည္ျဖစ္ေၾကာင္း ေၾကညာၿပီး ရက္အနည္းငယ္အၾကာမွာ ႀကိဳတင္ေၾကညာမႈ မ႐ွိဘဲ ေကေပးအေကာင့္တခ်ိဳ႕ကို ဗဟိုဘဏ္က ပိတ္သိမ္းခိုင္းလိုက္တာျဖစ္ပါတယ္။
အေကာင့္ပိတ္သိမ္းခံရမႈေၾကာင့္ အေကာင့္ထဲမွာ ေငြသားပမာဏ အေျမာက္အျမား က်န္ေနခဲ့သူမ်ားအေနနဲ႔ ဆုံး႐ႈံးသြားမွာကို စိုးရိမ္ေနၾကလ်က္ ႐ွိပါတယ္။
လက္႐ွိအခ်ိန္မွာ ျပည္သူမ်ားအေနနဲ႔ ေကေပးအေကာင့္ထဲက ပိုက္ဆံေတြကို အလ်င္အျမန္ ေ႐ႊ႕ေျပာင္း ထုတ္ယူမႈမ်ား ျဖစ္ပြားေနၿပီး ဘယ္အခ်ိန္ အေကာင့္ပိတ္က်သြားမလဲဆိုတာကို စိုးရိမ္ပူပန္ေနၾကပါတယ္။
အေကာင့္ေတြ ပိတ္သြားရျခင္းရဲ႕ အေၾကာင္းရင္းကို ကေမ႓ာဇဘဏ္ဖက္က ေရေရလည္လည္ မ႐ွင္းျပႏိုင္ဘဲ အလႊဲအေျပာင္းမ်ားတဲ့ အေကာင္ေတြသာမက နည္းတဲ့အေကာင့္ေတြပါ အပိတ္ခံေနရတယ္လို႔ သိရပါတယ္။
ေကေပး အေကာင့္အပိတ္ခံလိုက္ရတဲ့ အေရာင္းဆိုင္ ဝန္ထမ္းတဦးရဲ႕ ရင္ဖြင့္သံကို ေဖာ္ျပေပးလိုက္ပါတယ္။ “လစာကို ေကေပးနဲ႔ ရတာ ျဖစ္ေၾကာင္း၊
လက္ထဲ ပိုက္ဆံအမ်ားႀကီး ကိုင္ထားစရာမလိုတာေၾကာင့္ သေဘာက်မိေၾကာင္း၊
ေငြအလႊဲအေျပာင္း အမ်ားႀကီး မလုပ္ရဘဲ အခုလို အပိတ္ခံရေတာ့ လက္ထဲ သုံးစရာ မ႐ွိေတာ့ေၾကာင္း၊ အခက္အခဲေတြ အမ်ားႀကီး ျဖစ္ေနေၾကာင္း” သိရပါတယ္။
အဆင္ေျပေနတဲ့ စနစ္တခုကို ကေသာင္းကနင္း ျဖစ္ေအာင္ လုပ္လိုက္တာဟာ နဂိုကတည္းက ယုံၾကည္မႈ ေလ်ာ့နည္းတဲ့ ဒဏ္ခံေနရတဲ့ ဘဏ္ေတြအေပၚ ယုံၾကည္မႈေတြ လုံးဝ ေပ်ာက္သြားႏိုင္ေၾကာင္း၊
ေၾကညာခ်က္ေတြ အရင္ မထုတ္ဘဲနဲ႔ ႐ုတ္တရက္ လုပ္ခ်လိုက္ၿပီး အဆင္မေျပ ျဖစ္ေတာ့မွ တာဝန္႐ွိသူေတြ တေယာက္နဲ႔ တေယာက္ လက္ညိႇဳးထိုး တာဝန္ခံခိုင္းေနတာ အင္မတန္ ႐ွက္ဖို႔ေကာင္းေၾကာင္း၊
ျမန္မာျပည္ မိုဘိုင္းေငြေပးေခ်မႈ လုပ္ငန္းေတြရဲ႕ ဇာတ္သိမ္းလို႔ေတာင္ ေျပာလို႔ရေၾကာင္း” စီးပြားေရး ပညာ႐ွင္တဦးက မွတ္ခ်က္ခ်ပါတယ္။
လက္႐ွိအခ်ိန္မွာ ေကေပးတင္မက အျခား မိုဘိုင္းေငြေပးေခ်မႈ လုပ္ငန္းေတြလည္း အခက္အခဲေတြ ျဖစ္ေပၚေနၿပီး ျပည္သူမ်ားအေနနဲ႔ စိုးရိမ္ေသာကေရာက္မႈေတြ အခ်ိန္နဲ႔အမွ် ပိုမ်ားလာတာကို ေတြ႕ေနရပါတယ္။
Source – Blacker