သင့်အိမ်မှာ ကြောင်တစ်ကောင်ရှိရင် ဒီနိမိတ်တွေကို သတိထားပါ…
၁။ အပျိုတွေ ကြောင်မြီး တက်နင်းမိရင် ကျိန်ဆဲခံရလို့ အဲ့နှစ် လင် မရပါဘူး။
(ရှပ်ပြာ ရှပ်ပြာ သွားတတ်သူများ တစ်နှစ်တစ်ခါနင်းရင်း ဟိုင်း သွားတတ်ပါတယ်။)
၂။ အိမ်မှာ ကြောင်မဲမွေးရင် အဲ့အိမ်က အပျိုတွေ ချစ် ကံခေတတ်ပါတယ်။
၃။ အိမ်ကအထွက် နောက်က ကြောင်လိုက်လာရင် ငွေရှာခိုင်းတာပါ။ အဲ့လူ ငွေရလာတတ်ပါတယ်။
၄။ ကြောင်တွေ ခြံရှေ့ အိမ်ရှေ့ ငုတ်တုတ်ထွက်ထိုင်နေရင် ငွေလာပေးမယ့်သူ မျှော်တာပါ။
၅။ အိမ် ဆောက်နေကတည်းက ခြံထဲ ကြောင်ထည့်မွေးပါ။ အဲ့အိမ် တော်ရုံ ကြွက်မလာပါဘူး။
၆။ အိမ်မှာ ကြောင်နက်ရှိရင် မျက်စေ့စွန်တဲ့အခါ သူ့အမြီးနဲ့ ပွတ်ပေးပါ။ နုရင် ပြန်ပျောက်ပါတယ်။
၇။ ကြောင်ချီပြီး ချောင်း၊ မြောင်း မကူးရပါဘူး။ ကိုယ်ပါ ရေနစ်တတ်ပါတယ်။
၈။ ကြောင်တွေ နားရွက် ခဏခဏကုတ်ရင် ၊ မျက်နှာပွတ်ရင် ဧည့်သည်မျှော်တာပါ။ လာတတ်ပါတယ်။
၉။ ကြောင်ကို ရေချိုးရင် သူက ပြန်ကျိန်ဆဲတတ်လို့ မိုးရွာတတ်ပါတယ်။
၁၀။ ကြောင်နှာချေရင် ငွေဝင်တတ်ပါတယ်။ ခဏခဏ ချေရင်တော့ အိမ်သား တစ်ယောက်ယောက် ဖျားတတ်ပါတယ်။
၁၁။ အိမ်သစ်ပြောင်းရင် လူ့ အရင် ကြောင် ပေးဝင်လိုက်ပါ။ အဲ့အိမ် အကျိုးပေးပါတယ်။
၁၂။ ကြောင်တွေ ခြေလေးဖက်လုံးသိမ်းပြီး ကျုံ့ကျုံ့လေး ထိုင်ရင် ရာသီဥတု အေးပါတယ်။
ပိုးလို့ပက်လက် အိပ်ရင်တော့ ရာသီဥတု ပူပါလိမ့်မယ်။
၁၃။ ကြောင်တွေ နံရံ၊ လိုက်ကာတွေကို ခဏခဏ ကုတ်ရင် လေခေါ်တာပါ။
လေတိုက်လာတတ်ပါတယ်။
၁၄။ ကြောင်လေးကောင်မွေးရင် စီးပွားတတ်ပါတယ်။ ငွေများများ ရတတ်ပါတယ်။
အထီးချည်း မွေးရင် ပိုအကျိုးပေးပါတယ်။
၁၅။ ကြောင်ကို သရဲပူးလွယ်ပါတယ်။ ညကြီးမင်းကြီး လန့်ပြီး ကိုယ့်အကပ် မခံရင် ကပ်ပါလာတတ်လို့ သတိထားပါ။
၁၆။ အိမ်မှာကြောင်ရှိရင် ပညာသည်တွေ တိုက်ခိုက်တာကို အကာအကွယ် ဖြစ်ပါတယ်။
နုညံ့တဲ့ သတ္တဝါမို့ လူအစား သူတို့ ခံရတတ်ပါတယ်။
၁၇။ သခင် နာမကျမ်းဖြစ်ရင် ကြောင် ထွက်ပြေးတတ်ပါတယ်။
သို့သော် ပြေးခဲပါတယ်။ ကိုယ်စား သေသွားကြတာ များပါတယ်။
၁၈။ ကြောင်တွေ သစ်ပင်တွေ ပန်းတွေကြား ခဏခဏ ငေးမော နေရင် မမြင်ရတဲ့ နတ်ငယ်လေးတွေ ကြွလာလို့ပါ။
၁၉။ ကြောင်တွေ မျက်လုံးအပြူးသား ငေးနေရင်၊ ကွယ်ဝှက် ပုန်းနေရင် နာနာဘာဝ တွေ့လို့ပါ။
၂၀။ ကြောင်ကိုthetရင် သူ့ သက်တမ်းစေ့လို့ tayမယ့်အချိန်ထိ thetတဲ့လူ ဒုက္ခရောက်ပါတယ်။
Credit
Zawgyi Version ျဖင့္ဖတ္ရန္
သင့္အိမ္မွာ ေၾကာင္တစ္ေကာင္႐ွိရင္ ဒီနိမိတ္ေတြကို သတိထားပါ…
၁။ အပ်ိဳေတြ ေၾကာင္ၿမီး တက္နင္းမိရင္ က်ိန္ဆဲခံရလို႔ အဲ့ႏွစ္ လင္ မရပါဘူး။
(႐ွပ္ျပာ ႐ွပ္ျပာ သြားတတ္သူမ်ား တစ္ႏွစ္တစ္ခါနင္းရင္း ဟိုင္း သြားတတ္ပါတယ္။)
၂။ အိမ္မွာ ေၾကာင္မဲေမြးရင္ အဲ့အိမ္က အပ်ိဳေတြ ခ်စ္ ကံေခတတ္ပါတယ္။
၃။ အိမ္ကအထြက္ ေနာက္က ေၾကာင္လိုက္လာရင္ ေငြ႐ွာခိုင္းတာပါ။ အဲ့လူ ေငြရလာတတ္ပါတယ္။
၄။ ေၾကာင္ေတြ ျခံေ႐ွ႕ အိမ္ေ႐ွ႕ ငုတ္တုတ္ထြက္ထိုင္ေနရင္ ေငြလာေပးမယ့္သူ ေမွ်ာ္တာပါ။
၅။ အိမ္ ေဆာက္ေနကတည္းက ျခံထဲ ေၾကာင္ထည့္ေမြးပါ။ အဲ့အိမ္ ေတာ္႐ုံ ႂကြက္မလာပါဘူး။
၆။ အိမ္မွာ ေၾကာင္နက္႐ွိရင္ မ်က္ေစ့စြန္တဲ့အခါ သူ႕အၿမီးနဲ႔ ပြတ္ေပးပါ။ ႏုရင္ ျပန္ေပ်ာက္ပါတယ္။
၇။ ေၾကာင္ခ်ီၿပီး ေခ်ာင္း၊ ေျမာင္း မကူးရပါဘူး။ ကိုယ္ပါ ေရနစ္တတ္ပါတယ္။
၈။ ေၾကာင္ေတြ နား႐ြက္ ခဏခဏကုတ္ရင္ ၊ မ်က္ႏွာပြတ္ရင္ ဧည့္သည္ေမွ်ာ္တာပါ။ လာတတ္ပါတယ္။
၉။ ေၾကာင္ကို ေရခ်ိဳးရင္ သူက ျပန္က်ိန္ဆဲတတ္လို႔ မိုး႐ြာတတ္ပါတယ္။
၁၀။ ေၾကာင္ႏွာေခ်ရင္ ေငြဝင္တတ္ပါတယ္။ ခဏခဏ ေခ်ရင္ေတာ့ အိမ္သား တစ္ေယာက္ေယာက္ ဖ်ားတတ္ပါတယ္။
၁၁။ အိမ္သစ္ေျပာင္းရင္ လူ႕ အရင္ ေၾကာင္ ေပးဝင္လိုက္ပါ။ အဲ့အိမ္ အက်ိဳးေပးပါတယ္။
၁၂။ ေၾကာင္ေတြ ေျခေလးဖက္လုံးသိမ္းၿပီး က်ံဳ႕က်ံဳ႕ေလး ထိုင္ရင္ ရာသီဥတု ေအးပါတယ္။
ပိုးလို႔ပက္လက္ အိပ္ရင္ေတာ့ ရာသီဥတု ပူပါလိမ့္မယ္။
၁၃။ ေၾကာင္ေတြ နံရံ၊ လိုက္ကာေတြကို ခဏခဏ ကုတ္ရင္ ေလေခၚတာပါ။
ေလတိုက္လာတတ္ပါတယ္။
၁၄။ ေၾကာင္ေလးေကာင္ေမြးရင္ စီးပြားတတ္ပါတယ္။ ေငြမ်ားမ်ား ရတတ္ပါတယ္။
အထီးခ်ည္း ေမြးရင္ ပိုအက်ိဳးေပးပါတယ္။
၁၅။ ေၾကာင္ကို သရဲပူးလြယ္ပါတယ္။ ညႀကီးမင္းႀကီး လန္႔ၿပီး ကိုယ့္အကပ္ မခံရင္ ကပ္ပါလာတတ္လို႔ သတိထားပါ။
၁၆။ အိမ္မွာေၾကာင္႐ွိရင္ ပညာသည္ေတြ တိုက္ခိုက္တာကို အကာအကြယ္ ျဖစ္ပါတယ္။
ႏုညံ့တဲ့ သတၱဝါမို႔ လူအစား သူတို႔ ခံရတတ္ပါတယ္။
၁၇။ သခင္ နာမက်မ္းျဖစ္ရင္ ေၾကာင္ ထြက္ေျပးတတ္ပါတယ္။
သို႔ေသာ္ ေျပးခဲပါတယ္။ ကိုယ္စား ေသသြားၾကတာ မ်ားပါတယ္။
၁၈။ ေၾကာင္ေတြ သစ္ပင္ေတြ ပန္းေတြၾကား ခဏခဏ ေငးေမာ ေနရင္ မျမင္ရတဲ့ နတ္ငယ္ေလးေတြ ႂကြလာလို႔ပါ။
၁၉။ ေၾကာင္ေတြ မ်က္လုံးအျပဴးသား ေငးေနရင္၊ ကြယ္ဝွက္ ပုန္းေနရင္ နာနာဘာဝ ေတြ႕လို႔ပါ။
၂၀။ ေၾကာင္ကိုthetရင္ သူ႕ သက္တမ္းေစ့လို႔ tayမယ့္အခ်ိန္ထိ thetတဲ့လူ ဒုကၡေရာက္ပါတယ္။
Credit