ကြားသိရသမျှ

ကျောပိုးအိတ်လေးပိုက်ပြီး သမီးပြန်လာလေမလား မျှော်နေတဲ့မိခင်…

ကျောပိုးအိတ်လေးပိုက်ပြီး သမီးပြန်လာလေမလား မျှော်နေတဲ့မိခင်…

စာသင်ကျောင်းကို လေကြောင်းနဲ့ထိုးစစ်ဆင်ခံရအပြီး ပြန်မတွေ့တော့တဲ့ကလေး

စာသင်ကျောင်းမှာ ကျန်ခဲ့တဲ့ကျောပိုးအိတ်လေးပိုက်ပြီး သမီးပြန်လာလေမလား မျှော်နေတဲ့မိခင်

ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ မူလတန်းကျောင်း ဝေဟင်ပ-စ်ခတ်မှုဖြစ်စဉ်မှာ ပျောက်ဆုံးသွားတဲ့ ညောင်ဇီးကုန်းကျေးရွာက အဖ … ၊ အမိ…. တို့ရဲ့သမီး၊

မဇင်နွယ်ဖြိုးကို တွေ့ရှိပါက ဆက်သွယ်ပေးပါရန် ဖုန်းနံပတ်…..ဆိုတဲ့ လူပျောက်ရှာနေတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ရက်မှာ တွေ့လိုက်ရပါတယ်။

ဆံပင်တိုတိုလေးမှာ ဖဲပြားကလစ်အပြာရောင်လေးပန်ပြီး ဆံမြိတ်ချ၊ ဇာဂါဝန်အဖြူရောင်လေးဝတ်၊ ရှုးဖိနပ်လေးစီး၊ ဆွမ်းအုပ်ကလေးကိုင်၊ ဝက်ဝံရုပ်လေး၊ပူပေါင်းလေးတွေနဲ့အတူ

ခုံတန်းရှည်လေးပေါ်မှာ အမှတ်တရရိုက်ထားတဲ့ မိန်းကလေးငယ်ရဲ့ဓာတ်ပုံလေးလည်း ပါပါတယ်။

လက်ယက်ကုန်းကျေးရွာကို ကျောင်းတက်ဖို့သွားတဲ့ မူလတန်းကျောင်းသူလေး မဇင်နွယ်ဖြိုးဟာ

စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ပ-စ်ခတ်မှုအပြီးမှာ ရှာမတွေ့တော့တာကြောင့် မိသားစုဝင်တွေက ရှာဖွေနေကြတာပါ။

“အဲ့ဒီနေ့က ကလေးကို ပုံမှန်အတိုင်း ရေမိုးချိုး ၊ သနပ်ခါးလိမ်း၊ သေချာလေးပြင်ဆင်ပေးပြီး လွှတ်လိုက်တာ၊ ရွာမှာက ကျောင်းမရှိဘူး။

ကလေးကလည်း စာအရမ်းတတ်ချင်တော့ တခြားရွာမှာ သွားထားရတာပေါ့။ သူကျောင်းသွားချိန်က ၁၂ နာရီ ၄၅ လောက်ထွက်သွားတာ၊

၁ နာရီလောက်မှာ ဝေဟင်ကနေဆက်တိုက်ပစ်တာ၊ အဲ့တော့ ကျွန်တော်တို့ကလည်း သွားခေါ်လို့မရတော့ဘူး။

ဝေဟင်ကဆိုတော့ ဘယ်မိဘကမှလည်း မတိုးဝံ့ဘူးပေါ့။ ”လို့ မူလတန်းကျောင်းသူလေး ကျောင်းအသွားမှာ ဖြစ်ခဲ့တဲ့အခြေအနေတွေကို ဦးလေးဖြစ်သူက ပြောပြတာပါ။

စစ်ကြောင်းထွက်သွားချိန်မှာတော့ လက်ယက်တွင်းရွာက စာသင်ကျောင်းကို သွားကြည့်တဲ့အခါမှာ တူမလေးဖြစ်သူ ထိုင်တဲ့ ထိုင်ခုံနေရာလေးမှာ လွယ်အိတ်လေးနဲ့ ဖိနပ်လေးရယ်၊

တူမလေးဝတ်သွားတဲ့ အင်္ကျီအဝတ်စလေးရယ်ကလွဲပြီး ကလေးကိုလုံးဝရှာမတွေ့တော့ပါဘူး။

“အဝတ်စလေးတွေ့ပေမဲ့ သွေးမပေဘူး။ကလေးအမေ၊ ကျွန်တော့ ညီမလေးက ကျန်ခဲ့တဲ့ ကလေးလွယ်အိတ်လေးပိုက်ပြီး သူ့သမီးကိုလိုက်ရှာလိုက်၊

လျှောက်သွားလိုက်၊ စကားတွေပြောလိုက်၊ သတိလစ်သွားလိုက်နဲ့ဖြစ်နေတာ။ အဲ့ကတည်းက သူ့မှာ ရူးမတက်ပါပဲဗျာ”လို့ မဇင်နွယ်ဖြိုးရဲ့ ဦးလေးဖြစ်သူက ပြောပြပါတယ်။

လေကြောင်းပစ်ခတ်မှုတွေအပြီးမှာ ကျေးရွာကို စစ်ကောင်စီတပ်တွေဝင်စီးပြီးနောက် tay ဆုံးသွားတဲ့ ကလေးငယ်တွေရဲ့ရုပ်အလောင်းတွေကို ထုပ်ပိုး သယ်ဆောင်သွားတာကြောင့်

မဇင်နွယ်ဖြိုးဟာ tayဆုံးသွားတဲ့အထဲ ပါသွားလေသလား၊ စစ်ကြောင်းထိုးခံရတာကြောင့် ဒေသခံတွေ ထွက်ပြေးကြရချိန်မှာ

သူတို့နဲ့အတူများ လိုက်ပါသွားလေသလားဆိုတဲ့ မသေချာ မရေရာတဲ့ အဖြစ်အပေါ် မိသားစုဝင်တွေ ပူပန် နေကြရပါတယ်။

“ကျွန်တော့ညီမ ကလေးအမေက ဘာမှကိုမစားဘူး၊ ရေလည်းမသောက်တော့ဘူး။

ညီမအငယ်ဆုံးဆိုတော့ အရမ်းကို ဂရုစိုက်နေရတာ၊ သူ့အနားက ခွာမရဘူး။ ဒီက‌လေးကလည်း ညီမလေးရဲ့ တစ်ဦးတည်းသော သမီးလေးလေ”

လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို စက်တင်ဘာ ၁၆ ရက်က လေကြောင်းနဲ့တိုက်ခိုက်ပြီး စစ်ကြောင်းထိုးခဲ့တာကြောင့် မောင်ဘုန်းတေဇ ( အသက် ၇ နှစ်) ၊

မောင်ဇင်ကို ( အသက် ၁၄ နှစ်) ၊ မဆုရတီလှိုင် ( အသက် ၇ နှစ်) ၊ မဝင်းဝင်းခိုင် ( အသက် ၁၁ နှစ်) မဇင်နွယ်ဖြိုး ( အသက် ၉ နှစ်) ၊ မောင်စိုးမင်းဦး ( အသက် ၁၃ ) နှစ် ၊

မောင်အောင်အောင်ဦး အသက် ၁၆ နှစ်၊ အမည်စုံစမ်းဆဲ ကလေးတစ်ယောက်၊ စတဲ့ ကလေးငယ် ၈ ယောက်ဟာ လက်နက်ကြီးကျည်စထိမှန်ပြီးtayဆုံးခဲ့တယ်လို့ လက်ယက်ကုန်းရွာဒေသခံတွေထံက သိရပါတယ်။

‌ဒေသခံတွေက သိရတဲ့ သေဆုံးသူစာရင်းမှာ မဇင်နွယ်ဖြိုး အမည်ပါပေမဲ့ အခြားဒေသတွင်းသတင်းတွေမှာ မဇင်နွယ်ဖြိုး အမည်မတွေ့ရသေးဘဲ အတည်ပြုစုံစမ်းနေဆဲလို့ ဖော်ပြကြပါတယ်။

အဲ့ဒီထဲက မောင်စောမင်းဦးနဲ့ မောင်အောင်အောင်ဦးတို့ရဲ့ဟာ စာသင်ကျောင်းမှာမဟုတ်ဘဲ လက်ယက်ကုန်းကျေးရွာထဲမှာ သေဆုံးတာကြောင့် အလောင်းပြန်ရကြတာလို့ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီနေ့မှာပဲ လက်ယက်ကုန်းကျေးရွာထဲက ဖမ်းဆီးပြီး အသ-တ်ခံရသူတွေကတော့ ဦးကျော်ထွန်း အသက် ၄၉ နှစ်၊ ဦးအောင်စောထွေး အသက် ၃၄ နှစ်၊

ဦးတင်စိုးခိုင် အသက် ၃၁ နှစ်၊ မယု အသက် ၃၇ နှစ်၊ မောင်အောင်ချစ်မိုး ၂၂ နှစ် တို့ ဖြစ်တယ်လို့ လက်ယက်ကုန်းကျေးရွာက ဒေသခံတွေရဲ့ ကောက်ယူထားတဲ့စာရင်းအရ သိရပါတယ်။

စစ်ကောင်စီဘက်က လက်ယက်ကုန်းမှာ သေဆုံးခဲ့သူတွေ စာရင်းကို ထုတ်ပြန်ချင်းမရှိသေးပါဘူး။

“ အလော-င်းတွေကို စစ်တပ်က ထုတ်ပိုးယူသွားတော့ ကျန်ခဲ့တဲ့ အင်္ကျီစလေးတွေ၊ ဖိနပ်လေးတွေ၊ လွယ်အိတ်လေးတွေကိုကြည့်ပြီး

ဒါကတော့ ကျမသား၊ သမီးလွယ်အိတ်ပါ ဆိုပြီး အမှတ်သားလေးတွေနဲ့ မိဘတွေက ပြောပြတာတွေလည်းရှိတယ်။ အဲ့လိုနဲ့အတည်ပြုရတာ။ တခြားရွာက ကလေးတွေလည်း ပါတယ်၊

ညောင်ဇီးကုန်းရွာက ကလေးမလေးအမေဆိုရင် ကျောင်းပေါက်ဝကတည်းက အမလေးသမီးလေးရဲ့ဆိုပြီး အော်ပြီးငိုလာလိုက်တာ၊ စိတ်ကိုမကောင်းဘူး“လို့ စာရင်းကောက်ယူတဲ့ ဒေသခံက ပြောပါတယ်။

ကျောင်းတွင်းပစ်ခတ်မှုမှာ နေရာတင်သေဆုံးတဲ့ ကလေး ၄ ယောက်နဲ့ စစ်တပ်က ခေါ်ဆောင်သွားအပြီး နောက်ထပ်tayဆုံးတဲ့ ၂ ယောက် စုစုပေါင်း ၆ ယောက်ကို

ရေဦးသုဿာန်မှာ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းက သြင်္ဂိုဟ်သွားတာကြောင့် သေဆုံးသွားတဲ့ ကလေးတွေရဲ့နာမည်တွေ အတိအကျဖြစ်အောင် အတည်ပြုဖို့ခက်ခဲနေတယ်လို့လည်း အဲ့ဒီဒေသခံက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ကခေါ်ပြီး ရေဦးဆေးရုံမှာပို့ထားတဲ့ ကလေးငယ်နဲ့ဒေသခံ ၁၅ ယောက်ဝန်းကျင်ကလည်း ဘယ်သူတွေဖြစ်တယ်ဆိုတာကိုလည်း အတည်ပြုလို့မရနိုင်သေးတာကြောင့်

ဒီရရှိထားတဲ့စာရင်းဟာ အပြောင်းလဲရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

အသက် ၉ နှစ်အရွယ် ညောင်ဇီးကုန်းရွာသူ မဇင်နွယ်ဖြိုးရဲ့ မိသားစုတွေကတော့ အလောင်းကို မတွေ့လိုက်ရတာကြောင့် သေဆုံးတယ်လို့ လက်မခံနိုင်သေးတဲ့အကြောင်း ဦးလေးဖြစ်သူက ပြောပါတယ်။

“တူမလေးကို ဖုန်းနံပတ်လည်း အလွတ်ရအောင် သင်မပေးထားမိဘူး။ အဲ့တော့ ကလေးက ဖုန်းနံပတ်မသိတော့ မဆက်သွယ်တာလားပေါ့နော်။

တကယ်လို့ မဆက်သွယ်လာဘူးဆိုရင်တော့ ဆုံးတယ်လို့ပဲ ယူဆရတော့မှာပေါ့။ သူ့အမေကတော့ သူ့သမီးကို မျှော်နေတုန်းပဲ”

အခုချိန်မှာတော့ မဇင်နွယ်ဖြိုး အသက်သေဆုံးတဲ့အထဲ ပါ၊ မပါ မသေချာသေးပေမဲ့ ဗုဒ္ဓဘာသာတို့ရဲ့ အစဉ်အလာအရ ရက်လည်ဆွမ်းသွတ်တော့ လုပ်ဖို့စီစဉ်နေကြပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း ကလေးလေးရှိနေတဲ့အကြောင်း ဆက်သွယ်လာတဲ့ဖုန်းများ ဝင်လာမလားလို့လည်း မျှော်လင့်နေကြပါတယ်။

Source – BBC

Zawgyi Version ျဖင့္ဖတ္ရန္

ေက်ာပိုးအိတ္ေလးပိုက္ၿပီး သမီးျပန္လာေလမလား ေမွ်ာ္ေနတဲ့မိခင္…

စာသင္ေက်ာင္းကို ေလေၾကာင္းနဲ႔ထိုးစစ္ဆင္ခံရအၿပီး ျပန္မေတြ႕ေတာ့တဲ့ကေလး

စာသင္ေက်ာင္းမွာ က်န္ခဲ့တဲ့ေက်ာပိုးအိတ္ေလးပိုက္ၿပီး သမီးျပန္လာေလမလား ေမွ်ာ္ေနတဲ့မိခင္

ဒီပဲယင္းၿမိဳ႕နယ္၊ လက္ယက္ကုန္းေက်း႐ြာ မူလတန္းေက်ာင္း ေဝဟင္ပ-စ္ခတ္မႈျဖစ္စဥ္မွာ ေပ်ာက္ဆုံးသြားတဲ့ ေညာင္ဇီးကုန္းေက်း႐ြာက အဖ … ၊ အမိ…. တို႔ရဲ႕သမီး၊

မဇင္ႏြယ္ၿဖိဳးကို ေတြ႕႐ွိပါက ဆက္သြယ္ေပးပါရန္ ဖုန္းနံပတ္…..ဆိုတဲ့ လူေပ်ာက္႐ွာေနတဲ့ ပို႔စ္တစ္ခုကို လူမႈကြန္ရက္မွာ ေတြ႕လိုက္ရပါတယ္။

ဆံပင္တိုတိုေလးမွာ ဖဲျပားကလစ္အျပာေရာင္ေလးပန္ၿပီး ဆံၿမိတ္ခ်၊ ဇာဂါဝန္အျဖဴေရာင္ေလးဝတ္၊ ႐ႈးဖိနပ္ေလးစီး၊ ဆြမ္းအုပ္ကေလးကိုင္၊ ဝက္ဝံ႐ုပ္ေလး၊ပူေပါင္းေလးေတြနဲ႔အတူ

ခုံတန္း႐ွည္ေလးေပၚမွာ အမွတ္တရ႐ိုက္ထားတဲ့ မိန္းကေလးငယ္ရဲ႕ဓာတ္ပုံေလးလည္း ပါပါတယ္။

လက္ယက္ကုန္းေက်း႐ြာကို ေက်ာင္းတက္ဖို႔သြားတဲ့ မူလတန္းေက်ာင္းသူေလး မဇင္ႏြယ္ၿဖိဳးဟာ

စစ္ေကာင္စီတပ္ေတြက ေလေၾကာင္းကေန ပ-စ္ခတ္မႈအၿပီးမွာ ႐ွာမေတြ႕ေတာ့တာေၾကာင့္ မိသားစုဝင္ေတြက ႐ွာေဖြေနၾကတာပါ။

“အဲ့ဒီေန႔က ကေလးကို ပုံမွန္အတိုင္း ေရမိုးခ်ိဳး ၊ သနပ္ခါးလိမ္း၊ ေသခ်ာေလးျပင္ဆင္ေပးၿပီး လႊတ္လိုက္တာ၊ ႐ြာမွာက ေက်ာင္းမ႐ွိဘူး။

ကေလးကလည္း စာအရမ္းတတ္ခ်င္ေတာ့ တျခား႐ြာမွာ သြားထားရတာေပါ့။ သူေက်ာင္းသြားခ်ိန္က ၁၂ နာရီ ၄၅ ေလာက္ထြက္သြားတာ၊

၁ နာရီေလာက္မွာ ေဝဟင္ကေနဆက္တိုက္ပစ္တာ၊ အဲ့ေတာ့ ကြၽန္ေတာ္တို႔ကလည္း သြားေခၚလို႔မရေတာ့ဘူး။

ေဝဟင္ကဆိုေတာ့ ဘယ္မိဘကမွလည္း မတိုးဝံ့ဘူးေပါ့။ ”လို႔ မူလတန္းေက်ာင္းသူေလး ေက်ာင္းအသြားမွာ ျဖစ္ခဲ့တဲ့အေျခအေနေတြကို ဦးေလးျဖစ္သူက ေျပာျပတာပါ။

စစ္ေၾကာင္းထြက္သြားခ်ိန္မွာေတာ့ လက္ယက္တြင္း႐ြာက စာသင္ေက်ာင္းကို သြားၾကည့္တဲ့အခါမွာ တူမေလးျဖစ္သူ ထိုင္တဲ့ ထိုင္ခုံေနရာေလးမွာ လြယ္အိတ္ေလးနဲ႔ ဖိနပ္ေလးရယ္၊

တူမေလးဝတ္သြားတဲ့ အက်ႌအဝတ္စေလးရယ္ကလြဲၿပီး ကေလးကိုလုံးဝ႐ွာမေတြ႕ေတာ့ပါဘူး။

“အဝတ္စေလးေတြ႕ေပမဲ့ ေသြးမေပဘူး။ကေလးအေမ၊ ကြၽန္ေတာ့ ညီမေလးက က်န္ခဲ့တဲ့ ကေလးလြယ္အိတ္ေလးပိုက္ၿပီး သူ႕သမီးကိုလိုက္႐ွာလိုက္၊

ေလွ်ာက္သြားလိုက္၊ စကားေတြေျပာလိုက္၊ သတိလစ္သြားလိုက္နဲ႔ျဖစ္ေနတာ။ အဲ့ကတည္းက သူ႕မွာ ႐ူးမတက္ပါပဲဗ်ာ”လို႔ မဇင္ႏြယ္ၿဖိဳးရဲ႕ ဦးေလးျဖစ္သူက ေျပာျပပါတယ္။

ေလေၾကာင္းပစ္ခတ္မႈေတြအၿပီးမွာ ေက်း႐ြာကို စစ္ေကာင္စီတပ္ေတြဝင္စီးၿပီးေနာက္ tay ဆုံးသြားတဲ့ ကေလးငယ္ေတြရဲ႕႐ုပ္အေလာင္းေတြကို ထုပ္ပိုး သယ္ေဆာင္သြားတာေၾကာင့္

မဇင္ႏြယ္ၿဖိဳးဟာ tayဆုံးသြားတဲ့အထဲ ပါသြားေလသလား၊ စစ္ေၾကာင္းထိုးခံရတာေၾကာင့္ ေဒသခံေတြ ထြက္ေျပးၾကရခ်ိန္မွာ

သူတို႔နဲ႔အတူမ်ား လိုက္ပါသြားေလသလားဆိုတဲ့ မေသခ်ာ မေရရာတဲ့ အျဖစ္အေပၚ မိသားစုဝင္ေတြ ပူပန္ ေနၾကရပါတယ္။

“ကြၽန္ေတာ့ညီမ ကေလးအေမက ဘာမွကိုမစားဘူး၊ ေရလည္းမေသာက္ေတာ့ဘူး။

ညီမအငယ္ဆုံးဆိုေတာ့ အရမ္းကို ဂ႐ုစိုက္ေနရတာ၊ သူ႕အနားက ခြာမရဘူး။ ဒီက‌ေလးကလည္း ညီမေလးရဲ႕ တစ္ဦးတည္းေသာ သမီးေလးေလ”

လက္ယက္ကုန္းေက်း႐ြာက စာသင္ေက်ာင္းကို စက္တင္ဘာ ၁၆ ရက္က ေလေၾကာင္းနဲ႔တိုက္ခိုက္ၿပီး စစ္ေၾကာင္းထိုးခဲ့တာေၾကာင့္ ေမာင္ဘုန္းေတဇ ( အသက္ ၇ ႏွစ္) ၊

ေမာင္ဇင္ကို ( အသက္ ၁၄ ႏွစ္) ၊ မဆုရတီလိႈင္ ( အသက္ ၇ ႏွစ္) ၊ မဝင္းဝင္းခိုင္ ( အသက္ ၁၁ ႏွစ္) မဇင္ႏြယ္ၿဖိဳး ( အသက္ ၉ ႏွစ္) ၊ ေမာင္စိုးမင္းဦး ( အသက္ ၁၃ ) ႏွစ္ ၊

ေမာင္ေအာင္ေအာင္ဦး အသက္ ၁၆ ႏွစ္၊ အမည္စုံစမ္းဆဲ ကေလးတစ္ေယာက္၊ စတဲ့ ကေလးငယ္ ၈ ေယာက္ဟာ လက္နက္ႀကီးက်ည္စထိမွန္ၿပီးtayဆုံးခဲ့တယ္လို႔ လက္ယက္ကုန္း႐ြာေဒသခံေတြထံက သိရပါတယ္။

‌ေဒသခံေတြက သိရတဲ့ ေသဆုံးသူစာရင္းမွာ မဇင္ႏြယ္ၿဖိဳး အမည္ပါေပမဲ့ အျခားေဒသတြင္းသတင္းေတြမွာ မဇင္ႏြယ္ၿဖိဳး အမည္မေတြ႕ရေသးဘဲ အတည္ျပဳစုံစမ္းေနဆဲလို႔ ေဖာ္ျပၾကပါတယ္။

အဲ့ဒီထဲက ေမာင္ေစာမင္းဦးနဲ႔ ေမာင္ေအာင္ေအာင္ဦးတို႔ရဲ႕ဟာ စာသင္ေက်ာင္းမွာမဟုတ္ဘဲ လက္ယက္ကုန္းေက်း႐ြာထဲမွာ ေသဆုံးတာေၾကာင့္ အေလာင္းျပန္ရၾကတာလို႔ေဒသခံေတြက ဆိုပါတယ္။

အဲ့ဒီေန႔မွာပဲ လက္ယက္ကုန္းေက်း႐ြာထဲက ဖမ္းဆီးၿပီး အသ-တ္ခံရသူေတြကေတာ့ ဦးေက်ာ္ထြန္း အသက္ ၄၉ ႏွစ္၊ ဦးေအာင္ေစာေထြး အသက္ ၃၄ ႏွစ္၊

ဦးတင္စိုးခိုင္ အသက္ ၃၁ ႏွစ္၊ မယု အသက္ ၃၇ ႏွစ္၊ ေမာင္ေအာင္ခ်စ္မိုး ၂၂ ႏွစ္ တို႔ ျဖစ္တယ္လို႔ လက္ယက္ကုန္းေက်း႐ြာက ေဒသခံေတြရဲ႕ ေကာက္ယူထားတဲ့စာရင္းအရ သိရပါတယ္။

စစ္ေကာင္စီဘက္က လက္ယက္ကုန္းမွာ ေသဆုံးခဲ့သူေတြ စာရင္းကို ထုတ္ျပန္ခ်င္းမ႐ွိေသးပါဘူး။

“ အေလာ-င္းေတြကို စစ္တပ္က ထုတ္ပိုးယူသြားေတာ့ က်န္ခဲ့တဲ့ အက်ႌစေလးေတြ၊ ဖိနပ္ေလးေတြ၊ လြယ္အိတ္ေလးေတြကိုၾကည့္ၿပီး

ဒါကေတာ့ က်မသား၊ သမီးလြယ္အိတ္ပါ ဆိုၿပီး အမွတ္သားေလးေတြနဲ႔ မိဘေတြက ေျပာျပတာေတြလည္း႐ွိတယ္။ အဲ့လိုနဲ႔အတည္ျပဳရတာ။ တျခား႐ြာက ကေလးေတြလည္း ပါတယ္၊

ေညာင္ဇီးကုန္း႐ြာက ကေလးမေလးအေမဆိုရင္ ေက်ာင္းေပါက္ဝကတည္းက အမေလးသမီးေလးရဲ႕ဆိုၿပီး ေအာ္ၿပီးငိုလာလိုက္တာ၊ စိတ္ကိုမေကာင္းဘူး“လို႔ စာရင္းေကာက္ယူတဲ့ ေဒသခံက ေျပာပါတယ္။

ေက်ာင္းတြင္းပစ္ခတ္မႈမွာ ေနရာတင္ေသဆုံးတဲ့ ကေလး ၄ ေယာက္နဲ႔ စစ္တပ္က ေခၚေဆာင္သြားအၿပီး ေနာက္ထပ္tayဆုံးတဲ့ ၂ ေယာက္ စုစုေပါင္း ၆ ေယာက္ကို

ေရဦးသုႆာန္မွာ စက္တင္ဘာ ၁၇ ရက္ မနက္ပိုင္းက ၾသဂႋုဟ္သြားတာေၾကာင့္ ေသဆုံးသြားတဲ့ ကေလးေတြရဲ႕နာမည္ေတြ အတိအက်ျဖစ္ေအာင္ အတည္ျပဳဖို႔ခက္ခဲေနတယ္လို႔လည္း အဲ့ဒီေဒသခံက ေျပာပါတယ္။

ဒါ့အျပင္ စစ္တပ္ကေခၚၿပီး ေရဦးေဆး႐ုံမွာပို႔ထားတဲ့ ကေလးငယ္နဲ႔ေဒသခံ ၁၅ ေယာက္ဝန္းက်င္ကလည္း ဘယ္သူေတြျဖစ္တယ္ဆိုတာကိုလည္း အတည္ျပဳလို႔မရႏိုင္ေသးတာေၾကာင့္

ဒီရ႐ွိထားတဲ့စာရင္းဟာ အေျပာင္းလဲ႐ွိႏိုင္တယ္လို႔လည္း ဆိုပါတယ္။

အသက္ ၉ ႏွစ္အ႐ြယ္ ေညာင္ဇီးကုန္း႐ြာသူ မဇင္ႏြယ္ၿဖိဳးရဲ႕ မိသားစုေတြကေတာ့ အေလာင္းကို မေတြ႕လိုက္ရတာေၾကာင့္ ေသဆုံးတယ္လို႔ လက္မခံႏိုင္ေသးတဲ့အေၾကာင္း ဦးေလးျဖစ္သူက ေျပာပါတယ္။

“တူမေလးကို ဖုန္းနံပတ္လည္း အလြတ္ရေအာင္ သင္မေပးထားမိဘူး။ အဲ့ေတာ့ ကေလးက ဖုန္းနံပတ္မသိေတာ့ မဆက္သြယ္တာလားေပါ့ေနာ္။

တကယ္လို႔ မဆက္သြယ္လာဘူးဆိုရင္ေတာ့ ဆုံးတယ္လို႔ပဲ ယူဆရေတာ့မွာေပါ့။ သူ႕အေမကေတာ့ သူ႕သမီးကို ေမွ်ာ္ေနတုန္းပဲ”

အခုခ်ိန္မွာေတာ့ မဇင္ႏြယ္ၿဖိဳး အသက္ေသဆုံးတဲ့အထဲ ပါ၊ မပါ မေသခ်ာေသးေပမဲ့ ဗုဒၶဘာသာတို႔ရဲ႕ အစဥ္အလာအရ ရက္လည္ဆြမ္းသြတ္ေတာ့ လုပ္ဖို႔စီစဥ္ေနၾကပါတယ္။

ဒါေပမဲ့ တဖက္မွာလည္း ကေလးေလး႐ွိေနတဲ့အေၾကာင္း ဆက္သြယ္လာတဲ့ဖုန္းမ်ား ဝင္လာမလားလို႔လည္း ေမွ်ာ္လင့္ေနၾကပါတယ္။

Source – BBC