Buddha

ဖက်ဆစ် စစ်တပ်ကတော့ ဘုရားအလှူငွေတောင် အလွတ်မပေးတော့ဘူး…

ဖက်ဆစ် စစ်တပ်ကတော့ ဘုရားအလှူငွေတောင် အလွတ်မပေးတော့ဘူး…

တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးမှ အလှူငွေများ စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံရမည်

တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုး အလှူငွေများ စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်တွင် ဌာနဆိုင်ရာ အရာရှိတစ်ဦးနှင့်တွဲဖက်၍ Joint Account ဖွင့်လှစ် အပ်နှံရမည်

ရန်ကုန်

မြန်မာနိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီများတွင် ရရှိထားသော အလှူငွေများကို စနစ်တကျဖြစ်စေရေးအတွက်ဟုဆိုကာ

စစ်ကောင်စီလက် အောက်ခံ မြန်မာ့စီးပွားရေးဘဏ်များတွင် ဌာနဆိုင်ရာ အရာရှိတစ်ဦးနှင့်တွဲဖက်၍ Joint Account စာရင်းဖွင့်လှစ်အပ်နှံထားရန် စစ်ကောင်စီကညွှန်ကြားထားကြောင်း သိရှိရသည်။

တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၏ အလှူခံရရှိငွေများ စနစ်တကျဖြစ်စေရေးအတွက်နှင့် အလွဲသုံးစားမှု မဖြစ်စေရေးအတွက်ဟု အကြောင်းပြပြီး ရရှိသော အလှူငွေများအားလုံးကို

မြန်မာ့စီးပွား ရေးဘဏ်တွင် ဂေါပကအဖွဲ့ဝင် တစ်ဦးနှင့် သာသနာရေးဦးစီးဌာန(သို့) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန(သို့မဟုတ်)

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦး Joint Account ဖွင့်လှစ်သွားရန် ညွှန်ကြားလာခြင်းဖြစ်သည်။

ယခင်က တန်ခိုးကြီး ဘုရား၊ ပုထိုး၊ စေတီ ဂေါပကအဖွဲ့များက ၎င်းတို့ သတ် မှတ် ရေးဆွဲထားသော ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများအတိုင်း ရရှိငွေအလှူ ငွေများကို ကြိုက်နှစ်သက်သည့်ဘဏ်များတွင်

အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဘဏ်စာရင်း အပ်နှံဖွင့်လှစ်ကြသော်လည်း ယခုတွင်မူ စစ်ကောင်စီအရာရှိများနှင့်တွဲဖက်၍ မြန်မာ့စီးပွားရေးဘဏ်တွင်သာ အလှူငွေများအပ်နှံရန် ညွှန်ကြားလာခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံရှိ ရွှေတိဂုံ၊ ဗိုလ်တထောင်၊ ဆူးလေ၊ မဟာမြတ်မုနိကဲ့သို့ တန်ခိုးကြီးဘုရားများ၊ စေတီ၊ ပုထိုးများတွင် နှစ် စဉ် ငွေကျပ် ဘီလီယံချီ၍ အလှူငွေများ လက်ခံရရှိလျက်ရှိပြီး

ရွှေတိဂုံစေတီတွင် ၂၀၁၈ ခုနှစ်စာရင်းဇယားများအရ အလှူငွေကျပ် ၆၇ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂ သန်းကျော် ပိုင် ဆိုင်ရရှိထားကြောင်း သိရှိရသည်။

တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုး အလှူငွေများ စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်တွင် ဌာနဆိုင်ရာ အရာရှိတစ်ဦးနှင့်တွဲဖက်၍ Joint Account ဖွင့်လှစ် အပ်နှံရမည်

ရန်ကုန်၊ စက်တင်ဘာ ၂၂

Zawgyi Version ျဖင့္ဖတ္ရန္

ဖက္ဆစ္ စစ္တပ္ကေတာ့ ဘုရားအလႉေငြေတာင္ အလြတ္မေပးေတာ့ဘူး…

တန္ခိုးႀကီးဘုရား၊ ေစတီ၊ ပုထိုးမွ အလႉေငြမ်ား စစ္ေကာင္စီလက္ေအာက္ခံ ျမန္မာ့စီးပြားေရးဘဏ္တြင္ အပ္ႏွံရမည္

တန္ခိုးႀကီးဘုရား၊ ေစတီ၊ ပုထိုး အလႉေငြမ်ား စစ္ေကာင္စီလက္ေအာက္ခံ ျမန္မာ့စီးပြားေရးဘဏ္တြင္ ဌာနဆိုင္ရာ အရာ႐ွိတစ္ဦးႏွင့္တြဲဖက္၍ Joint Account ဖြင့္လွစ္ အပ္ႏွံရမည္

ရန္ကုန္

ျမန္မာႏိုင္ငံတစ္ဝန္း႐ွိ တန္ခိုးႀကီးဘုရား၊ ပုထိုး၊ ေစတီမ်ားတြင္ ရ႐ွိထားေသာ အလႉေငြမ်ားကို စနစ္တက်ျဖစ္ေစေရးအတြက္ဟုဆိုကာ

စစ္ေကာင္စီလက္ ေအာက္ခံ ျမန္မာ့စီးပြားေရးဘဏ္မ်ားတြင္ ဌာနဆိုင္ရာ အရာ႐ွိတစ္ဦးႏွင့္တြဲဖက္၍ Joint Account စာရင္းဖြင့္လွစ္အပ္ႏွံထားရန္ စစ္ေကာင္စီကၫႊန္ၾကားထားေၾကာင္း သိ႐ွိရသည္။

တန္ခိုးႀကီးဘုရား၊ ေစတီ၊ ပုထိုးမ်ား၏ အလႉခံရ႐ွိေငြမ်ား စနစ္တက်ျဖစ္ေစေရးအတြက္ႏွင့္ အလြဲသုံးစားမႈ မျဖစ္ေစေရးအတြက္ဟု အေၾကာင္းျပၿပီး ရ႐ွိေသာ အလႉေငြမ်ားအားလုံးကို

ျမန္မာ့စီးပြား ေရးဘဏ္တြင္ ေဂါပကအဖြဲ႕ဝင္ တစ္ဦးႏွင့္ သာသနာေရးဦးစီးဌာန(သို႔) လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႕အင္အားဆိုင္ရာ ဦးစီးဌာန(သို႔မဟုတ္)

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ အရာ႐ွိတစ္ဦး Joint Account ဖြင့္လွစ္သြားရန္ ၫႊန္ၾကားလာျခင္းျဖစ္သည္။

ယခင္က တန္ခိုးႀကီး ဘုရား၊ ပုထိုး၊ ေစတီ ေဂါပကအဖြဲ႕မ်ားက ၎တို႔ သတ္ မွတ္ ေရးဆြဲထားေသာ ဘ႑ာေရးစည္းမ်ဥ္း စည္းကမ္းမ်ားအတိုင္း ရ႐ွိေငြအလႉ ေငြမ်ားကို ႀကိဳက္ႏွစ္သက္သည့္ဘဏ္မ်ားတြင္

အဖြဲ႕၏ ဆုံးျဖတ္ခ်က္ျဖင့္ ဘဏ္စာရင္း အပ္ႏွံဖြင့္လွစ္ၾကေသာ္လည္း ယခုတြင္မူ စစ္ေကာင္စီအရာ႐ွိမ်ားႏွင့္တြဲဖက္၍ ျမန္မာ့စီးပြားေရးဘဏ္တြင္သာ အလႉေငြမ်ားအပ္ႏွံရန္ ၫႊန္ၾကားလာျခင္းလည္းျဖစ္သည္။

ျမန္မာႏိုင္ငံ႐ွိ ေ႐ႊတိဂုံ၊ ဗိုလ္တေထာင္၊ ဆူးေလ၊ မဟာျမတ္မုနိကဲ့သို႔ တန္ခိုးႀကီးဘုရားမ်ား၊ ေစတီ၊ ပုထိုးမ်ားတြင္ ႏွစ္ စဥ္ ေငြက်ပ္ ဘီလီယံခ်ီ၍ အလႉေငြမ်ား လက္ခံရ႐ွိလ်က္႐ွိၿပီး

ေ႐ႊတိဂုံေစတီတြင္ ၂၀၁၈ ခုႏွစ္စာရင္းဇယားမ်ားအရ အလႉေငြက်ပ္ ၆၇ ဘီလီယံႏွင့္ အေမရိကန္ေဒၚလာ ၁၅ ဒသမ ၂ သန္းေက်ာ္ ပိုင္ ဆိုင္ရ႐ွိထားေၾကာင္း သိ႐ွိရသည္။

တန္ခိုးႀကီးဘုရား၊ ေစတီ၊ ပုထိုး အလႉေငြမ်ား စစ္ေကာင္စီလက္ေအာက္ခံ ျမန္မာ့စီးပြားေရးဘဏ္တြင္ ဌာနဆိုင္ရာ အရာ႐ွိတစ္ဦးႏွင့္တြဲဖက္၍ Joint Account ဖြင့္လွစ္ အပ္ႏွံရမည္

ရန္ကုန္၊ စက္တင္ဘာ ၂၂