ထိုင်းနိုင်ငံမှာ အဖ-မ်းခံခဲ့ရတဲ့ မော်ဒယ်အလှမယ်ဟန်လေးရဲ့ နောက်ဆုံးသိရသမျှသတင်း
ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်တွင် ခေတ္တ ထိန်းသိမ်းခံထားရသော မော်ဒယ်အလှမယ် ဟန်လေးသည်
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) နှင့် အဆက်အသွယ်ရရှိပြီဖြစ်ပြီး
ထိုင်းအာဏာပိုင်များဘက်ကလည်း မြန်မာပြည်သို့ ပြန်မပို့ရန် ကတိ ကဝတ် ရရှိပြီးဖြစ်ကြောင်း
သရုပ် ဆောင် ဟန်လေး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
“မနေ့ညကတော့ ညီမကို လေဆိပ် ထိန်းသိမ်းရေးအဆောင် Detention Center မှာထားတယ်။
ဗီယက်နမ်ကို ပြန်သွားခိုင်းတယ်။ အခုတော့ UNHCR ရဲ့ ကာကွယ်မှုအောက်မှာ အပြည့်အ၀ ရှိနေပါတယ်။
ထိုင်းဘက်က မြန်မာပြည်ကို ပြန်မပို့ပါဘူး ဆိုတဲ့ ကတိကဝတ်ရပါပြီ။ ၁၀၀ ရာခိုင်နှုန်း အာမခံချက်ရှိတယ်။
အခုမနက်မှာက Departure မှာ နေလို့ရတယ်။ လွတ်လွတ်လပ်လပ်သွားလို့ရတယ်။
အခုက အခြားနိုင်ငံတစ်ခုကို သွားရမလား၊ ထိုင်းထဲပဲ ပြန်ဝင်ခွင့်ပေးမလားမသိရသေးဘူး။
အကုန်အဆင်ပြေပါတယ်။ စိတ်ပူနေသူတွေ စိတ်မပူကြပါနဲ့။ အခုထက်ထိလည်း စိတ်ဓာတ် ခိုင်ခိုင်မာမာရှိပါတယ်” ဟု မော်ဒယ်ဟန်လေး က ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက မော်ဒယ် အလှမယ်ဟန်လေးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၁၂၄ ဖြင့် အမှုဖွင့်ထားပြီး
မော်ဒယ် အလှမယ် ဟန်လေးသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူလည်းဖြစ် သည်။
“ညီမကို ၁၂၄ နဲ့ အမှုဖွင့်ထားတယ်။ မြန်မာနိုင်ငံပြန်လို့လည်းမရဘူး။
ထိုင်းမှာလည်း ပြစ်မှုကျူးလွန်ထားတာလည်းမရှိဘူး ဆိုတော့ အခုက အဆင်ပြေပါတယ်” ဟု မော်ဒယ် အလှမယ် ဟန်လေးက ဆိုသည်။
ခရက်တစ်
Zawgyi Version ျဖင့္ဖတ္ရန္
ထိုင္းႏိုင္ငံမွာ အဖ-မ္းခံခဲ့ရတဲ့ ေမာ္ဒယ္အလွမယ္ဟန္ေလးရဲ႕ ေနာက္ဆုံးသိရသမွ်သတင္း
ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ေလဆိပ္တြင္ ေခတၱ ထိန္းသိမ္းခံထားရေသာ ေမာ္ဒယ္အလွမယ္ ဟန္ေလးသည္
ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာေအဂ်င္စီ (UNHCR) ႏွင့္ အဆက္အသြယ္ရ႐ွိၿပီျဖစ္ၿပီး
ထိုင္းအာဏာပိုင္မ်ားဘက္ကလည္း ျမန္မာျပည္သို႔ ျပန္မပို႔ရန္ ကတိ ကဝတ္ ရ႐ွိၿပီးျဖစ္ေၾကာင္း
သ႐ုပ္ ေဆာင္ ဟန္ေလး က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ေျပာဆိုသည္။
“မေန႔ညကေတာ့ ညီမကို ေလဆိပ္ ထိန္းသိမ္းေရးအေဆာင္ Detention Center မွာထားတယ္။
ဗီယက္နမ္ကို ျပန္သြားခိုင္းတယ္။ အခုေတာ့ UNHCR ရဲ႕ ကာကြယ္မႈေအာက္မွာ အျပည့္အ၀ ႐ွိေနပါတယ္။
ထိုင္းဘက္က ျမန္မာျပည္ကို ျပန္မပို႔ပါဘူး ဆိုတဲ့ ကတိကဝတ္ရပါၿပီ။ ၁၀၀ ရာခိုင္ႏႈန္း အာမခံခ်က္႐ွိတယ္။
အခုမနက္မွာက Departure မွာ ေနလို႔ရတယ္။ လြတ္လြတ္လပ္လပ္သြားလို႔ရတယ္။
အခုက အျခားႏိုင္ငံတစ္ခုကို သြားရမလား၊ ထိုင္းထဲပဲ ျပန္ဝင္ခြင့္ေပးမလားမသိရေသးဘူး။
အကုန္အဆင္ေျပပါတယ္။ စိတ္ပူေနသူေတြ စိတ္မပူၾကပါနဲ႔။ အခုထက္ထိလည္း စိတ္ဓာတ္ ခိုင္ခိုင္မာမာ႐ွိပါတယ္” ဟု ေမာ္ဒယ္ဟန္ေလး က ေျပာသည္။
အၾကမ္းဖက္စစ္ေကာင္စီက ေမာ္ဒယ္ အလွမယ္ဟန္ေလးကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ၁၂၄ ျဖင့္ အမႈဖြင့္ထားၿပီး
ေမာ္ဒယ္ အလွမယ္ ဟန္ေလးသည္ စစ္အာဏာ႐ွင္ဆန္႔က်င္ေရးလႈပ္႐ွားမႈမ်ားတြင္ ပါဝင္ခဲ့သူလည္းျဖစ္ သည္။
“ညီမကို ၁၂၄ နဲ႔ အမႈဖြင့္ထားတယ္။ ျမန္မာႏိုင္ငံျပန္လို႔လည္းမရဘူး။
ထိုင္းမွာလည္း ျပစ္မႈက်ဴးလြန္ထားတာလည္းမ႐ွိဘူး ဆိုေတာ့ အခုက အဆင္ေျပပါတယ္” ဟု ေမာ္ဒယ္ အလွမယ္ ဟန္ေလးက ဆိုသည္။
ခရက္တစ္