ဝေဖန်မှုတွေကြားထဲကပဲ လမ်း၃၀ထိပ်က အပွာလေးအတွက် ဝမ်းသာစရာအခွင့်အရေး…
ဝေဖန်မှုတွေကြားထဲက အပွားလေးအနုပညာအလုပ်တွေလုပ်ဆောင်ဖို့ လမ်းဖွင့်ပေးလိုက်တဲ့ ဒါရိုက်တာ
ပွားပွားလေးကို စင်တင်ရိုက်ကူးရေးလုပ်ဆောင်တော့မည်ဖြစ်ပြီး အနုပညာလောကထဲစတင်မြင်တွေ့ရတော့မည်
အပွားလေးကို စင်တင်ပြီး ရိုက်ကူးရေးလုပ်ပေးမယ်လို့ ဆောင်းအိန္ဒြေထွန်း ပြော၊ အပွားလေးကို အလှူငွေ ငါးသိန်း ပံ့ပိုးကူညီပေးခဲ့
ပုလင်းခွံတွေ လိုက်ကောက်ပြီး ဘဝရပ်တည်နေခဲ့သူ အပွားလေးကို သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းက စင်တင်ပြီး ဇာတ်ကားရိုက်ကူးပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
အပွားလေးကို ဓာတ်ပုံဆရာမတစ်ယောက်က မြင်တွေ့ပြီး ဓာတ်ပုံရိုက်ကူးကာ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက် လွှင့်တင်လိုက်ရာကတဆင့် လူသိများသွားခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ဇွဲထက် ရတနာရွှေဆိုင်ကနေ အပွားလေးကို ကြော်ငြာခေါ်ယူ ရိုက်ကူးခဲ့ပြီး
သူ့ကို ချစ်ခင်သနားတဲ့အတွက် လက်ဆောင်ပစ္စည်း လာရောက်ပေးပို့သူတွေ၊ လာရောက်လှူဒါန်းသူတွေ ရှိလာခဲ့ပါတယ်။
အပွားလေးကို ချစ်ခင်မိတဲ့အတွက် ကလေးတွေထဲမှာ ပထမဆုံး လှူဖြစ်သွားတာလို့လည်း သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းက အသိပေးသွားခဲ့ပါတယ်။
“မမဆောင်း က အပွားလေးရဲ့ ရုပ်လေးကို မြင်တော့ ချစ်သွားတယ်။ သူ့ကိုစင်တင်ပြီး ရိုက်ကူးပေးဦးမယ်။
အစ်မနေရာကလား၊ အမေနေရာကလား စဉ်းစားနေပါတယ်။ အခုတော့ ဆရာတွေကိုလည်း တစ်ခါတည်း ကန်တော့ချင်တာပါ။
ကိုယ့်ကို ဆောင်းအိန္ဒြေထွန်းလို့ အမည်ပေးခဲ့တဲ့ လက်ဦးဆရာ ဒါရိုက်တာ မိုးကြိုးနဲ့ ဆရာ မောင်ပြည့်ဝ(ပန်းဝေသီ)တို့ကိုလည်း ကန်တော့လိုက်တာပါ။
အပွားလေးကိုလည်း မုန့်ဖိုးပေးချင်တယ် ဆိုတာနဲ့ တစ်ခါတည်း စီစဉ်ဖြစ်ခဲ့တာပါ။ ဆောင်းက အလှူတွေကိုခွဲခြားပြီး မလုပ်တတ်ဘူး။
လိုအပ်ချက်တွေရှိနေတဲ့ အရာတွေ အားလုံးကို အကုန်လုံးလှူချင်တာပါ”လို့ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းက Sunday Journal နဲ့ ဆုံတွေ့ချိန်မှာ ပြောပြသွားခဲ့ပါတယ်။
သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းဟာ အပွားလေးကို အလှူငွေ ကျပ်ငါးသိန်းအထိ ပံ့ပိုးကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရှိရပါတယ်။
ခရက်ဒစ်
Zawgyi Version ျဖင့္ဖတ္ရန္
ေဝဖန္မႈေတြၾကားထဲကပဲ လမ္း၃၀ထိပ္က အပြာေလးအတြက္ ဝမ္းသာစရာအခြင့္အေရး…
ေဝဖန္မႈေတြၾကားထဲက အပြားေလးအႏုပညာအလုပ္ေတြလုပ္ေဆာင္ဖို႔ လမ္းဖြင့္ေပးလိုက္တဲ့ ဒါ႐ိုက္တာ
ပြားပြားေလးကို စင္တင္႐ိုက္ကူးေရးလုပ္ေဆာင္ေတာ့မည္ျဖစ္ၿပီး အႏုပညာေလာကထဲစတင္ျမင္ေတြ႕ရေတာ့မည္
အပြားေလးကို စင္တင္ၿပီး ႐ိုက္ကူးေရးလုပ္ေပးမယ္လို႔ ေဆာင္းအိေႁႏၵထြန္း ေျပာ၊ အပြားေလးကို အလႉေငြ ငါးသိန္း ပံ့ပိုးကူညီေပးခဲ့
ပုလင္းခြံေတြ လိုက္ေကာက္ၿပီး ဘဝရပ္တည္ေနခဲ့သူ အပြားေလးကို သ႐ုပ္ေဆာင္ ေဆာင္းအိေႁႏၵထြန္းက စင္တင္ၿပီး ဇာတ္ကား႐ိုက္ကူးေပးသြားမယ္လို႔ ေျပာၾကားလိုက္ပါတယ္။
အပြားေလးကို ဓာတ္ပုံဆရာမတစ္ေယာက္က ျမင္ေတြ႕ၿပီး ဓာတ္ပုံ႐ိုက္ကူးကာ အြန္လိုင္းလူမႈကြန္ရက္စာမ်က္ႏွာထက္ လႊင့္တင္လိုက္ရာကတဆင့္ လူသိမ်ားသြားခဲ့ပါတယ္။
အဲ့ဒီေနာက္မွာေတာ့ ဇြဲထက္ ရတနာေ႐ႊဆိုင္ကေန အပြားေလးကို ေၾကာ္ျငာေခၚယူ ႐ိုက္ကူးခဲ့ၿပီး
သူ႕ကို ခ်စ္ခင္သနားတဲ့အတြက္ လက္ေဆာင္ပစၥည္း လာေရာက္ေပးပို႔သူေတြ၊ လာေရာက္လႉဒါန္းသူေတြ ႐ွိလာခဲ့ပါတယ္။
အပြားေလးကို ခ်စ္ခင္မိတဲ့အတြက္ ကေလးေတြထဲမွာ ပထမဆုံး လႉျဖစ္သြားတာလို႔လည္း သ႐ုပ္ေဆာင္ ေဆာင္းအိေႁႏၵထြန္းက အသိေပးသြားခဲ့ပါတယ္။
“မမေဆာင္း က အပြားေလးရဲ႕ ႐ုပ္ေလးကို ျမင္ေတာ့ ခ်စ္သြားတယ္။ သူ႕ကိုစင္တင္ၿပီး ႐ိုက္ကူးေပးဦးမယ္။
အစ္မေနရာကလား၊ အေမေနရာကလား စဥ္းစားေနပါတယ္။ အခုေတာ့ ဆရာေတြကိုလည္း တစ္ခါတည္း ကန္ေတာ့ခ်င္တာပါ။
ကိုယ့္ကို ေဆာင္းအိေႁႏၵထြန္းလို႔ အမည္ေပးခဲ့တဲ့ လက္ဦးဆရာ ဒါ႐ိုက္တာ မိုးႀကိဳးနဲ႔ ဆရာ ေမာင္ျပည့္ဝ(ပန္းေဝသီ)တို႔ကိုလည္း ကန္ေတာ့လိုက္တာပါ။
အပြားေလးကိုလည္း မုန္႔ဖိုးေပးခ်င္တယ္ ဆိုတာနဲ႔ တစ္ခါတည္း စီစဥ္ျဖစ္ခဲ့တာပါ။ ေဆာင္းက အလႉေတြကိုခြဲျခားၿပီး မလုပ္တတ္ဘူး။
လိုအပ္ခ်က္ေတြ႐ွိေနတဲ့ အရာေတြ အားလုံးကို အကုန္လုံးလႉခ်င္တာပါ”လို႔ သ႐ုပ္ေဆာင္ ေဆာင္းအိေႁႏၵထြန္းက Sunday Journal နဲ႔ ဆုံေတြ႕ခ်ိန္မွာ ေျပာျပသြားခဲ့ပါတယ္။
သ႐ုပ္ေဆာင္ ေဆာင္းအိေႁႏၵထြန္းဟာ အပြားေလးကို အလႉေငြ က်ပ္ငါးသိန္းအထိ ပံ့ပိုးကူညီေထာက္ပံ့ေပးခဲ့တယ္လို႔ သိ႐ွိရပါတယ္။
ခရက္ဒစ္