ဒီတိုင်းဆို မီတာ သိပ်မသုံးတဲ့ အိမ်တွေ သတိထားသာ ထားကြတော့…
ရန်ကုန်တွင် မီတာသုံးစွဲမှုနည်းပါးသည့် နေအိမ်များ မီတာခ ၂ လစာအပြင် ဒဏ်ကြေးပါ ပေးနေရ
ရန်ကုန်မြို့မှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ လစဉ်ပေးဆောင်ရမယ့် မီတာကြေးတွေကို ၂ လစာ ပေါင်းဆောင်နေရပြီး
နောက်ကျဒဏ်ကြေးတွေလည်း ထပ်ဆောင်း ပေးဆောင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ မီတာရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မီတာဖတ်သူ၊ မီတာစာရွက် ဖြန့်ဝေသူတွေဟာ မီတာသုံးစွဲမှုနည်းပါးတဲ့ နေအိမ်တွေကို လစဥ် မီတာဖတ်တာမရှိသလို
မီတာစာရွက်တွေ ဖြန့်ဝေရာမှာလည်း ၂ လစာပေါင်းပြီးမှ မီတာစာရွက် ဖြန့်ဝေတာမျိုးတွေ ပြုလုပ်နေကြပါတယ်။
လျှပ်စစ်မီတာရုံးတွေရဲ့ သတ်မှတ်ချက်မှာတော့ ဓာတ်အားခ နောက်ဆုံးပေးဆောင်ရမယ့် သတ်မှတ်ရက်မှာ ပေးဆောင်ခြင်းမရှိတဲ့ နေအိမ်တွေကို ညနေပိုင်းမှာ ဓာတ်အားဖြတ်တောက်ရမှာဖြစ်ပေမဲ့
လာရောက် ဓာတ်အားဖြတ်တောက်တာတွေလည်း မရှိဘဲ ဆက်လက်အသုံးပြုခွင့်ရနေပြီး
၂ လစာပေးဆောင်ရမယ့် မီတာစာရွက်တွေကိုသာ နောက်လတွေမှ လာရောက်ဖြန့်ဝေနေတယ်လို့ အင်းစိန်မြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
အဲ့ဒီလို ၂ လစာပေးဆောင်ရမယ့် မီတာစာရွက် လက်ခံရရှိချိန်မှသာ မီတာရုံးကို သွားရောက် ပေးဆောင်ချိန်မှာတော့ နောက်ကျဒဏ်ကြေးအဖြစ် ကျပ် ၃,၀၀၀ အပိုဆောင်း ပေးနေရတာဖြစ်ပြီး
ရန်ကုန်မှာနေထိုင်တဲ့ ပြည်သူတော်တော်များများဟာ အဲ့ဒီလို အခြေအနေမျိုးတွေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ အိမ်သုံးမီတာတွေအတွက် နောက်ကျဒဏ်ကြေးတွေကတော့ တလနောက်ကျရင် ကျပ် ၂,၀၀၀၊ ၂ လနောက်ကျရင် ကျပ် ၃,၀၀၀၊ ၃ လနောက်ကျရင် ကျပ် ၄,၀၀၀၊
၃ လနဲ့အထက်ဆိုရင် မီတာဖြုတ်သိမ်းရမယ်လို့ မီတာရုံးတွေရဲ့ ကြေညာချက်တွေမှာ တွေ့ရပါတယ်။
Source – ဒီဗြီဘီ
Zawgyi Verion ဖျင့္ဖတ္ရန္
ဒီတိုင္းဆို မီတာ သိပ္မသုံးတဲ့ အိမ္ေတြ သတိထားသာ ထားၾကေတာ့…
ရန္ကုန္တြင္ မီတာသုံးစြဲမႈနည္းပါးသည့္ ေနအိမ္မ်ား မီတာခ ၂ လစာအျပင္ ဒဏ္ေၾကးပါ ေပးေနရ
ရန္ကုန္ၿမိဳ႕မွာေနထိုင္တဲ့ ျပည္သူေတြအေနနဲ႔ လစဥ္ေပးေဆာင္ရမယ့္ မီတာေၾကးေတြကို ၂ လစာ ေပါင္းေဆာင္ေနရၿပီး
ေနာက္က်ဒဏ္ေၾကးေတြလည္း ထပ္ေဆာင္း ေပးေဆာင္ေနရတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။
စစ္ေကာင္စီလက္ေအာက္ခံ မီတာ႐ုံးေတြမွာ တာဝန္ထမ္းေဆာင္ေနတဲ့ မီတာဖတ္သူ၊ မီတာစာ႐ြက္ ျဖန္႔ေဝသူေတြဟာ မီတာသုံးစြဲမႈနည္းပါးတဲ့ ေနအိမ္ေတြကို လစဥ္ မီတာဖတ္တာမ႐ွိသလို
မီတာစာ႐ြက္ေတြ ျဖန္႔ေဝရာမွာလည္း ၂ လစာေပါင္းၿပီးမွ မီတာစာ႐ြက္ ျဖန္႔ေဝတာမ်ိဳးေတြ ျပဳလုပ္ေနၾကပါတယ္။
လွ်ပ္စစ္မီတာ႐ုံးေတြရဲ႕ သတ္မွတ္ခ်က္မွာေတာ့ ဓာတ္အားခ ေနာက္ဆုံးေပးေဆာင္ရမယ့္ သတ္မွတ္ရက္မွာ ေပးေဆာင္ျခင္းမ႐ွိတဲ့ ေနအိမ္ေတြကို ညေနပိုင္းမွာ ဓာတ္အားျဖတ္ေတာက္ရမွာျဖစ္ေပမဲ့
လာေရာက္ ဓာတ္အားျဖတ္ေတာက္တာေတြလည္း မ႐ွိဘဲ ဆက္လက္အသုံးျပဳခြင့္ရေနၿပီး
၂ လစာေပးေဆာင္ရမယ့္ မီတာစာ႐ြက္ေတြကိုသာ ေနာက္လေတြမွ လာေရာက္ျဖန္႔ေဝေနတယ္လို႔ အင္းစိန္ၿမိဳ႕နယ္မွာ ေနထိုင္သူတေယာက္က ေျပာပါတယ္။
အဲ့ဒီလို ၂ လစာေပးေဆာင္ရမယ့္ မီတာစာ႐ြက္ လက္ခံရ႐ွိခ်ိန္မွသာ မီတာ႐ုံးကို သြားေရာက္ ေပးေဆာင္ခ်ိန္မွာေတာ့ ေနာက္က်ဒဏ္ေၾကးအျဖစ္ က်ပ္ ၃,၀၀၀ အပိုေဆာင္း ေပးေနရတာျဖစ္ၿပီး
ရန္ကုန္မွာေနထိုင္တဲ့ ျပည္သူေတာ္ေတာ္မ်ားမ်ားဟာ အဲ့ဒီလို အေျခအေနမ်ိဳးေတြကို ရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။
လက္႐ွိမွာ အိမ္သုံးမီတာေတြအတြက္ ေနာက္က်ဒဏ္ေၾကးေတြကေတာ့ တလေနာက္က်ရင္ က်ပ္ ၂,၀၀၀၊ ၂ လေနာက္က်ရင္ က်ပ္ ၃,၀၀၀၊ ၃ လေနာက္က်ရင္ က်ပ္ ၄,၀၀၀၊
၃ လနဲ႔အထက္ဆိုရင္ မီတာျဖဳတ္သိမ္းရမယ္လို႔ မီတာ႐ုံးေတြရဲ႕ ေၾကညာခ်က္ေတြမွာ ေတြ႕ရပါတယ္။
Source – ဒီၿဗီဘီ