စစ်ကောင်စီ (၁၀၂)တပ်တွင်းရှိ လက်နက်တိုက်…
ပြည်သူလူထုကို နေ့စဉ်လက်နက်ကြီးတွေနဲ့ ပ-စ်ခတၤသ-တ်ဖြတ်နေတဲ့ စစ်ကောင်စီ(၁၀၂) တပ်တွင်းရှိ လက်နက်တိုက် မီးလောင်ခြင်း။
ငွေတောင်အခြေစိုက် ခမရ (၁၀၂) တပ်တွင်းရှိ လက်နက်တိုက်မီးလောင်
ရုပ်သံကိုတော့ အောက်ဆုံးမှာထည့်ပေးထားပါတယ်။
မဲခေါင်၊ စက်တင်ဘာ ၂၂
စင်တင်ဘာလ (၂၂)ရက်နေ့ မနက်ပိုင်းမှစ၍ ဒီးမော့ဆိုမြို့နယ်အတွင်း မိမိတို့ KNDF ၊ KA ၊ PDF ပူးပေါင်းတပ်များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။
ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ လက်နက်ကြီး အဆမတန် ပစ်ခက်နေသော ငွေတောင်အခြေစိုက် (၁၀၂)တပ်ရင်းထဲရှိ လက်နက်တိုက်တစ်ခုမှာ
နေ့လည် (၁)နာရီခွဲအချိန်တွင် ပေါက်ကွဲမှုများဖြစ်ပေါ်၍ မီးစတင်လောင်ကျွမ်း ခဲ့ကြောင်းတွေ့ရသည်ဟု KNDF က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်မှ မီးငြိမ်းရန်ကြိုးစားနေခဲ့သော်လည်း မိမိတို့ပူးပေါင်းတပ်များဖက်မှ တာဝေးပစ် လက်နက်ကြီးအချို့ အသုံးပြုကာ ထပ်မံပ-စ်ခက်ခြင်းကြောင့်
အဆိုပါ မီးလောင်ကျွမ်းနေသော လက်နက်တိုက်များမှာ အဆင့်ဆင့် အဆက်မပြက်ပေါက်ကွဲကာ ညနေပိုင်းထိ မီးလောင်ကျွမ်းနေခဲ့ကာ ၎င်းတို့တပ်တွင်း၌လည်း အော်ဟစ်ဆူညံမှုများ ဖြစ်ပေါ်နေခဲ့သည်။
အဆိုပါ လက်နက်တိုက် မီးလောင်ကျွမ်းခဲ့သော စစ်ကောင်စီ၏ ငွေတောင်အခြေစိုက် အမှတ် (၁၀၂)တပ် ရင်းမှာ နေ့စဉ်နီးပါး ပြည်သူလူထုများအား ပစ်မှတ်ထားကာ လူနေထိုင်ရာ ကျေးရွာများသို့
လက်နက်ကြီးများ ပစ်ခက်တိုက်ခိုက်နေသော တပ်ရင်းဖြစ်ပြီး ထိုသို့ပစ်ခက်နိုင်ရန် ၎င်းတို့အတွက် အရေးပါလှသော လက်နက်တိုက်များအား ၎င်းတို့ တပ်သားများ ထဲမှ စတင်၍ မီးရှို့ခဲ့သည်ဟု ယူဆရပြီး
မီးငြိမ်းရန်ကြိုးစားနေသည့် အဆိုပါ မီးလောင်နေသော လက်နက်တိုက်များအနီးသို့ ထပ်ဆင့်ပစ်ခက်တိုက်ခိုက် ခြင်းများကို လုပ်ဆောင်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။
အောက်ဆုံးတွင် ရုပ်သံကြည့်ရန်
Source – မဲခေါင်
Zawgyi Version ဖငြ့်ဖတ်ရန်
ပြည်သူလူထုကို နေ့စဉ်လက်နက်ကြီးတွေနဲ့ ပ-စ်ခင်္တသ-တ်ဖြတ်နေတဲ့ စစ်ကောင်စီ(၁၀၂) တပ်တွင်းရှိ လက်နက်တိုက် မီးလောင်ခြင်း။
မဲခေါင်၊ စက်တင်ဘာ ၂၂
ရုပ်သံကြည့်ရန်
Source – မဲခေါင်