သင် မျက်နှာသစ်တဲ့အခါ ကုသိုလ် ၅မျိုးကို ရအောင်ယူနည်း…
မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်းလေးကို မျှဝေလိုက်ပါတယ်နော်။
(၁) ဒါနကုသိုလ်
မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။
မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။
ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။
လက်ကကိုင်ထားတဲ့ရေဖလားနဲ့ ” မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။
ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား” လို့ဆိုပြီး ကပ်လိုက်ပါ။
ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။
(၂) ဗုဒ္ဓနုသာတိကုသိုလ်
မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ – ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အ ရဟံ– ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ – ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။
(၃) မေတ္တာကုသိုလ်
ကြည်လင်နေတဲ့ရေကိုကြည့်ပြီး…
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤ ရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤ ရေ အေးမြသလို သတ္တဝါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။ ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။
အပေါ်မြှောက်ထားရင်း မေတ္တာပို့ရတာ အဆင်မပြေပါဘူး။
ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။
(၄) မရဏာနုဿတိကုသိုလ်
ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ဝင်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။
ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။
(၅) အသုဘဘာဝနာကုသိုလ်
မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး
ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။
အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။
အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပဝတ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။
မိတ်ကပ်တွေ အဝတ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။
အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက ်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။
ဒါဆို မျက်နှာသစ်ရင်း ကုသိုလ်(၅)မျိုး ရသွားပါပြီ။ ကဲ…. စာဖတ်သူအပေါင်းတို့ရေ… မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။
ရဝေနွယ်-အင်းမ ၏ ရင်ထဲကအရဟံ
လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။
Zawgyi Version ျဖင့္ဖတ္ရန္
သင္ မ်က္ႏွာသစ္တဲ့အခါ ကုသိုလ္ ၅မ်ိဳးကို ရေအာင္ယူနည္း…
မ်က္ႏွာသစ္တဲ့အခါ ကုသိုလ္(၅)မ်ိဳးကို ရေအာင္ယူနည္းေလးကို မွ်ေဝလိုက္ပါတယ္ေနာ္။
(၁) ဒါနကုသိုလ္
မနက္အိပ္ယာထမ်က္ႏွာသစ္ေတာ့မယ္ဆိုရင္ ေရဖလားထဲကို ေရထည့္လိုက္ပါ။
မ်က္စိနဲ႔ျမင္သာမယ့္ ရင္ေခါင္းေလာက္မွာ ေရဖလားကို ကိုင္ထားပါ။
ေရဖလားကို အေပၚေတာ့ မေျမႇာက္လိုက္ပါနဲ႔။ ေမတၱာပို႔တဲ့အခါ အဆင္မေျပမွာစိုးလို႔ပါ။
လက္ကကိုင္ထားတဲ့ေရဖလားနဲ႔ ” ျမတ္စြာဘုရား မ်က္ႏွာသစ္ေတာ္ေရ ကပ္လႉပါ၏ဘုရား။
ဘုရားတပည့္ေတာ္ကို သနားခ်ီးေျမႇာက္ေသာအားျဖင့္ မ်က္ႏွာသစ္ေတာ္မူပါဘုရား” လို႔ဆိုၿပီး ကပ္လိုက္ပါ။
ဒါဆို ဒါနကုသိုလ္ျဖစ္သြားပါၿပီ။
(၂) ဗုဒၶႏုသာတိကုသိုလ္
ျမတ္စြာဘုရားမ်က္ႏွာသစ္ေတာ္ေရ အသုံးျပဳေနတုန္းမွာ အရဟံကို အနက္(၃)ခုနဲ႔ ပြါးလိုက္ပါ။
အရဟံ – ကိေလသာ ျမဴမႈန္ပင္ ကင္းစင္ေတာ္မူေသာ ျမတ္စြာဘုရား၊
အ ရဟံ– ပူေဇာ္အထူးကို အထူးခံယူေတာ္မူထိုက္ေသာ ျမတ္စြာဘုရား၊
အရဟံ – ဆိတ္ကြယ္ရာအရပ္မွာပင္ မေကာင္းမႈကို မျပဳေတာ္မူေသာျမတ္စြာဘုရား။
ဒါဆို ဗုဒၶႏုသာတိကုသိုလ္ျဖစ္သြားပါၿပီ။
(၃) ေမတၱာကုသိုလ္
ၾကည္လင္ေနတဲ့ေရကိုၾကည့္ၿပီး…
ဤေရေအးျမသလို အေဖနဲ႔အေမ စိတ္ေကာ႐ုပ္ေကာ ေအးျမပါေစ။
ဤ ေရေအးျမသလို ငါ့ရဲ႕အလုပ္႐ွင္ စိတ္ေကာ႐ုပ္ေကာ ေအးျမပါေစ။
ဤေရေအးျမသလို ငါ့ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြ စိတ္ေကာ႐ုပ္ေကာ ေအးျမၾကပါေစ။
ဤ ေရ ေအးျမသလို သတၱဝါအားလုံး စိတ္ေကာ႐ုပ္ေကာ ေအးျမၾကပါေစ…လို႔ ေမတၱာပို႔လိုက္ပါ။
ဒါဆို ေမတၱာကုသိုလ္ျဖစ္သြားပါၿပီ။ ဒါ့ေၾကာင့္ေရဖလားကို အေပၚမေျမႇာက္ပါနဲ႔လို႔ ေျပာတာပါ။
အေပၚေျမႇာက္ထားရင္း ေမတၱာပို႔ရတာ အဆင္မေျပပါဘူး။
ေရကိုျမင္တဲ့ေနရာမွာ ေရဖလားကိုထားၿပီး ေမတၱာပို႔ရတာက ပိုအဆင္ေျပလို႔ပါ။
(၄) မရဏာႏုႆတိကုသိုလ္
ၿပီးရင္ ငါဒီတစ္ညေတာ့ အသက္႐ွင္ခဲ့ၿပီး။ ဝင္ေလမဆုံးခင္ ထြက္ေလမဆုံးခင္ နံနက္၊ေန႔ည အခ်ိန္မေ႐ြး ေသသြားႏိုင္သည္…လို႔ မရဏာႏုသာတိပြါးလိုက္ပါ။
ဒါဆိုမရဏာႏုသာတိကုသိုလ္ျဖစ္သြားပါၿပီး။
(၅) အသုဘဘာဝနာကုသိုလ္
မ်က္စိအတြင္းမွာ႐ွိေနတဲ့ အညစ္အေၾကးေတြ၊ ႏွာေခါင္းမွာ႐ွိေနတဲ့ အညစ္အေၾကးေတြ၊ ပါးစပ္မွာ႐ွိေနတဲ့အညစ္အေၾကးေတြကို အာ႐ုံျပဳၿပီး
ငါ့ရဲ႕ မ်က္ႏွာဟာ စက္ဆုပ္႐ြံ႐ွာဖြယ္ ပါတကား….လို႔ အသုဘ ဘာဝနာပြါးလိုက္ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ္ျဖစ္သြားပါၿပီး။
အသုဘဘာဝနာပြါးရတာ အိပ္ယာထဆိုေတာ့ အသုဘရဲ႕လကၡဏာေတြ ထင္ထင္႐ွား႐ွား႐ွိေနတဲ့အတြက္ ပြါးရတာပိုေတာင္ ထင္သာျမင္သာ ႐ွိပါေသးတယ္။
အျပင္သြားခါနီး ဖီးလိမ္းျပင္ဆင္ၿပီးတဲ့အခါ လွလွပပဝတ္ဆင္ထားတဲ့အခါ အသုဘပြါးရတာ အဆင္မေျပလွပါဘူး။
မိတ္ကပ္ေတြ အဝတ္ေတြနဲ႔ဖုံးထားတဲ့အတြက္ အသုဘလကၡဏာေတြက မေပၚပါဘူး။ အသုဘပြါးတာ မနက္ေစာေစာက အဆင္ေျပဆုံးပါပဲ။
အားလုံးၿပီးမွ ျမတ္စြာဘုရား မ်က္ႏွာေတာ္သစ္ၿပီးၿပီ ျဖစ္တဲ့အတြက ္ေဆးအျဖစ္ ျပန္စြန္႔ေတာ္မူပါဘုရား…လို႔စြန္႔ၿပီး မ်က္ႏွာသစ္လိုက္ပါ။
ဒါဆို မ်က္ႏွာသစ္ရင္း ကုသိုလ္(၅)မ်ိဳး ရသြားပါၿပီ။ ကဲ…. စာဖတ္သူအေပါင္းတို႔ေရ… မ်က္ႏွာသစ္ရင္း ကုသိုလ္ငါးမ်ိဳးပြားၿပီး ကုသိုလ္ေတြစုေဆာင္းထားလိုက္ပါေနာ္..။
ရေဝႏြယ္-အင္းမ ၏ ရင္ထဲကအရဟံ
ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။