News

သေ့ဘော့ဘိုးကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က (၇)ဦးထပ်မံ tayဆုံး

သေ့ဘော့ဘိုးကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က (၇)ဦးထပ်မံ tayဆုံး

ရန်ကုန် | စက်တင်ဘာ ၂၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေ လမ်းပိုင်း တောင်ဘက်အခြမ်း၊ သေ့ဘော့ဘိုးကျေးရွာ အနီး ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့

ကော့်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တွေအကြား မနေ့ (စက်တင်ဘာလ ၂၂)မှာ တိုက်ပွဲဆက်ဖြစ်နေပြီး

စစ်ကောင်စီတပ်ဘက်က ၇ဦး tayဆုံးသွားတယ်လို့ ကော်ဘရာစစ်ကြောင်းက မြေပြင်အတည်ပြု့ သတင်းထုတ်ပြန်ပါတယ်။

ကော်ဘရာစစ်ကြောင်း ပူပေါင်းတပ်ဖွဲ့တွေရဲ့ လက်ဖြောင့်စနိုက်ပါတပ်ဖွဲ့ဝင် နှစ်ဦးလက်ချက်ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ၂ ဦး tay ဆုံးပြီး

ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာမှာတော့ ၅ဦး tay ဆုံးပြီး ၂ဦးဒဏ်ရာတာလို့ ဆိုပါတယ်။

ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်မ ၄၄လက်အောက်ခံ နဗဟ ၃ကွပ်ကဲမှုရဲ့ ခမရ၁၀၄ တပ်တွေကို KNLA တပ်ရင်း၂၇ ကော်ဘရာစစ်ကြောင်းနဲ့

တပ်မဟာစစ်ကြောင်း တပ်ခွဲ (၂)၊ Dawn Company (ရောင်နီတပ်ခွဲ) ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့ စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ခုခံတိုက်ခိုက်နေလို့

သေ့ဘော့ဘိုးကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

မနေ့ကလည်း တပ်မဟာ (၆) နယ်မြေ၊ တောင်နီကျေးရွာ အနီး တောင်ကုန်းတစ်ခုကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို

ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တွေဘက်က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး tay ဆုံးခဲ့သေးတယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ရန်ကုန် | စက်တင်ဘာ ၂၃

ခရက်တစ်

Zawgyi Version ဖြင့်ဖတ်ရန်


ရန်ကုန် | စက်တင်ဘာ ၂၃











ရန်ကုန် | စက်တင်ဘာ ၂၃

ခရက်တစ်