Kbz Pay လက်မခံတော့ပါဆိုတဲ့ ကြေငြာချက်နှင့် ကိုယ်ပိုင်လုပ်ငန်းတွေရဲ့ အဆုံးသတ်
KBZ Bank/ KBZ pay လက်မခံတော့ပါ..
ဘာဆို ဘာမှ မပြောချင်တော့ပါလို့ အစပျိုးလိုက်မယ်နော်။ အဲလို ပြောပြီဆို သိလိုက်တော့နော်.. ကျွန်တော်များ လေယာဉ်လက်မှတ်ရောင်းပါတယ် ခင်ဗျာ။
ငွေအရင်းအနှီးနည်းနည်း ငွေလေးပိစိသေးသေးလေးနဲ့ လုပ်ငန်းလည်ပတ်နေရတာပါခင်ဗျာ။
ဒီနေ့ AIR KBZ ကြေငြာချက်အသစ်ထွက်လာပါတယ်။ သူ့ကြေငြာချက်က ဒီလိုပါတဲ့။
ကျွန်တော်များ လေယာဉ်လက်မှတ်ရောင်းတဲ့ Travel Agent က AIR KBZ ကို ငွေသွင်းစရာရှိရင် KBZ Bank မှ လွဲပြီး ကျန်တဲ့ ဘယ်ဘဏ်မဆို လက်ခံပါတယ်တဲ့ခင်ဗျာ။
အဲ့ကြေငြာချက်က ကျွန်တော်များ လုပ်ငန်းသေးကို မင်းတို့ မြန်မာပြည်မယ် အလုပ်မလုပ်နဲ့တော့လို့ မပြောရုံတမယ်ပါပဲခင်ဗျာ။ ရှင်းပြပေးမယ်နော်။
အနှစ်ချုပ်ပြောရရင် ကျွန်တော်များ Travel Agent တွေက Customer ဆီက KBZ Bank/KBZ Pay ကို လက်ခံပြီး အဲ့ငွေကိုတော့ လေကြောင်းလိုင်းကို ပြန်ပေးမရဖြစ်နေတာပါခင်ဗျာ။
မြန်မာပြည်မှာ Pay တွေထဲမှာ ဘယ်ဟာ အသုံးများလဲဆိုတော့။ မူလ ပထမတော့။ Wave Pay ကို အနယ်အနယ် အရပ်ရပ်။ တောရော မြို့ပါ သုံးကြတယ်။ သုံးရလွယ်တယ်။
နောက်တော့ KBZ pay သုံးလာကြတယ်။ Wave Pay နဲ့ အပြိုင် လိုက်လာတယ်၊ နောက်ပိုင်းမှာ KBZ pay ကို ပိုတောင်သုံးလာကြတယ်။
လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက KBZ pay က Marketing အရမ်းကောင်းခဲ့တယ်။ ကိုယ်တွေရဲ့ Customer တွေ လေယာဉ်လက်မှတ်ဝယ်တယ်။
ရုံးကို လူကိုယ်တိုင် ပိုက်ဆံလာရှင်းတာ နည်းတယ်။ Viber/Facebook/Phone ကနေ ဆက်သွယ်တယ်။
Payment ကျတော့ KBZ/CB/AYA အများကြီးရှိတဲ့အထဲက KBZ ကို အသုံးများတယ်။ KBZ ဘဏ်ထက်ကို KBZ pay ကို အသုံးများတယ်။
Travel Agent တွေက လက်မှတ်ရောင်းဖို့ဆိုရင် လေကြောင်းလိုင်းတွေကို Deposit ငွေဆိုပြီး ကြိုတင် ထည့်ထားရတယ်။
AIR KBZ နဲ့ KBZ Bank က မိတ်ဖက်တွေတဲ့။ အရင်ကတည်းက AIR KBZ က ငွေပေးစရာရှိရင် KBZ Bank ပဲ။
Customer အများစုက KBZ pay ကိုပဲ သုံးတာဆိုတော့။ ငွေရတော့လည်း KBZ , ပြန်ပေးစရာရှိတော့လည်း KBZ ။
အိုကေပေါ့ ခုကျတော့ KBZ Bank မှ လွဲပြီး ကျန်တဲ့ ဘယ်ဘဏ်မဆို လက်ခံပါတယ်တဲ့ခင်ဗျာ။
အဲ့ကြေငြာချက်ကို AIR KBZ ကနေ သူတို့ Facebook/ Viber/ Telegram နဲ့ အများသူငှာကိုတော့ မကြေငြာဘူး။
ဘယ်နှယ့် လက်မှတ်ကိုယ်စားလှယ်ကိုတော့ KBZ Bank ကနေ လက်မခံဘူး ပြောပြီး တိုက်ရိုက် Customer တွေကိုတော့ ဘာမှမပြော ဆိုတော့ ။
Customer နဲ့ Travel Agent ကို ရန်တိုက်ပေးသလိုဖြစ်နေပြီ။ တော်ရုံ အခက်အခဲဆို ပြောမနေပါဘူးနော်။
KBZ Bank မှာရော ငွေတွေက အကန့်အသတ်နဲ့ ထုတ်လို့ရနေပြီလား။ တပတ်ကို ၅ သိန်းလား ၁၀ သိန်းလား။
KBZ Pay ကနေရော ငွေထုတ်တာက။ တခါထုတ် ၅ သိန်း၊ ၅ သိန်းမှာ ၄၀၀၀ က charges ပေးရသေးတယ်။
ကဲ နောက်ဆုံး charges တွေ မပြောတော့ဘူး။ KBZ Pay ကနေ လိုသလောက်ထုတ်လို့ ရလားဆို မရပါဘူးနော်။
ခုတလော မြင့်တက်လာတဲ့ လက်မှတ်ဈေးနှုန်းလေးတွေလည်း ကြည့်ဦး ရန်ကုန် မှ မြစ်ကြီးနား AIR KBZ- 203000 , 223000 , 252000 , တစ်ယောက်ကို ၂ သိန်း ၊ သွားပြန်ဆိုရင် ၄ သိန်း။
၃ ယောက်သွားမှာဆိုတော့ ၁၂ သိန်းဖြစ်နေပြီ။ ဒီ ၁၂ သိန်းကို KBZ Bank/KBZ Pay ကနေ ဘယ်လို ပြန်ထုတ်ယူမလဲ။
KBZ Bank ကနေ တခြားဘဏ်ကို (Bank to Bank) ပြန်လွဲဖို့ရော။ အဲဒါလည်း အကန့်အသတ်နဲ့နော်၊ တပတ်ကို ၁၀ သိန်းလားပဲ။
ပြီးတော့ KBZ Bank ကို လူကိုယ်တိုင်သွားရတာနော်။ KBZ Bank Mobile Banking ကနေ အိမ်မှာထိုင်လုပ်လို့ မရဘူး။
တခုခုလုပ်မယ်ဆို ဒီလိုလုပ်လိုက်တဲ့အတွက် end user အထိ ဘယ်လောက်ထိခိုက် ဆုံးရှုံးသွားလဲ။ အကျိုးထက် အပြစ်ပိုများနေသလား။ ကိုယ်အဆင်ပြေပြီးရော ကျန်တဲ့သူ ဘယ်လိုဖြစ်ဖြစ်လား။
ဒီလိုတွေပြောလို့ တခြား လေကြောင်းလိုင်းတွေလည်း အဆင်ပြေနေတယ် မထင်ပါနဲ့နော်။ Payment ကို ဘယ်ဟာနဲ့ပဲ ရတယ်။ ဒီဟာနဲ့ပဲ ရတယ်တို့ တချို့လေကြောင်းလိုင်းတွေ ရှိပါတယ်နော်။
အရင်ကတော့ ခံသာနေတာပေါ့။ AIR KBZ ကပါ ခုလိုဆိုတော့ အလုပ်ဆက်လုပ်လို့ မရတော့ပါ။
AIR KBZ အနေနဲ့ တိုက်ရိုက် Customer များကိုသော်လည်းကောင်း၊ တိုက်ရိုက် Customer မဟုတ်တဲ့ ကျွန်တော်များ Travel Agent အသေးလေးတွေကိုသော်လည်းကောင်း ငဲ့ကြည့်သင့်ပါတယ်လို့။
AIR KBZ အပါအဝင် ကျန်တဲ့ လေကြောင်းလိုင်းများလည်း Travel Agent တွေရဲ့ Payment ကို Channel ပေါင်းစုံမှ လက်ခံပေးပါရန် မေတ္တာရပ်ခံပါတယ်။
သက်ဆိုင်တာဝန်ရှိ လူကြီးမင်းများလည်း အောက်ခြေမှာ ဖြစ်ပျက်နေတာကိုလေ့လာဆန်းစစ်ပြီး စီးပွားရေး လုပ်ငန်းတွေ လွယ်ကူလျင်မြန်စွာ လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးသင့်ကြောင်းပါ။
လုပ်ငန်းတူ Travel Agent များလည်း များများ Speak out ပေးဖို့ တောင်းဆိုပါတယ်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါတယ်ခင်ဗျာ။
KBZ Bank/KBZ pay လက်မခံတော့ပါလို့ စာတန်း ချိတ်ရတော့မှာလားဗျာ။ အဆုံးသတ်မှာတော့ ကျွန်တော်တို့လို လုပ်ငန်းသေးလေးတွေ ရပ်နားလိုက်ရတော့မလားဗျာ။
အားလုံးပဲ လုပ်ငန်းကိုင်ငန်းများ အဆင်ပြေလွယ်ကူချောမွေ့ပါစေဗျာ…။
Edited – အခုတော့ ၁၉ ရက်နေ့က ကြေငြာချက်ကို စာထုတ်ပြီး ပယ်ဖျက်တယ်လို့ ပြောပါတယ်။
Zawgyi Version ျဖင့္ဖတ္ရန္
Kbz Pay လက္မခံေတာ့ပါဆိုတဲ့ ေၾကျငာခ်က္ႏွင့္ ကိုယ္ပိုင္လုပ္ငန္းေတြရဲ႕ အဆုံးသတ္
KBZ Bank/ KBZ pay လက္မခံေတာ့ပါ..
ဘာဆို ဘာမွ မေျပာခ်င္ေတာ့ပါလို႔ အစပ်ိဳးလိုက္မယ္ေနာ္။ အဲလို ေျပာၿပီဆို သိလိုက္ေတာ့ေနာ္.. ကြၽန္ေတာ္မ်ား ေလယာဥ္လက္မွတ္ေရာင္းပါတယ္ ခင္ဗ်ာ။
ေငြအရင္းအႏွီးနည္းနည္း ေငြေလးပိစိေသးေသးေလးနဲ႔ လုပ္ငန္းလည္ပတ္ေနရတာပါခင္ဗ်ာ။
ဒီေန႔ AIR KBZ ေၾကျငာခ်က္အသစ္ထြက္လာပါတယ္။ သူ႕ေၾကျငာခ်က္က ဒီလိုပါတဲ့။
ကြၽန္ေတာ္မ်ား ေလယာဥ္လက္မွတ္ေရာင္းတဲ့ Travel Agent က AIR KBZ ကို ေငြသြင္းစရာ႐ွိရင္ KBZ Bank မွ လြဲၿပီး က်န္တဲ့ ဘယ္ဘဏ္မဆို လက္ခံပါတယ္တဲ့ခင္ဗ်ာ။
အဲ့ေၾကျငာခ်က္က ကြၽန္ေတာ္မ်ား လုပ္ငန္းေသးကို မင္းတို႔ ျမန္မာျပည္မယ္ အလုပ္မလုပ္နဲ႔ေတာ့လို႔ မေျပာ႐ုံတမယ္ပါပဲခင္ဗ်ာ။ ႐ွင္းျပေပးမယ္ေနာ္။
အႏွစ္ခ်ဳပ္ေျပာရရင္ ကြၽန္ေတာ္မ်ား Travel Agent ေတြက Customer ဆီက KBZ Bank/KBZ Pay ကို လက္ခံၿပီး အဲ့ေငြကိုေတာ့ ေလေၾကာင္းလိုင္းကို ျပန္ေပးမရျဖစ္ေနတာပါခင္ဗ်ာ။
ျမန္မာျပည္မွာ Pay ေတြထဲမွာ ဘယ္ဟာ အသုံးမ်ားလဲဆိုေတာ့။ မူလ ပထမေတာ့။ Wave Pay ကို အနယ္အနယ္ အရပ္ရပ္။ ေတာေရာ ၿမိဳ႕ပါ သုံးၾကတယ္။ သုံးရလြယ္တယ္။
ေနာက္ေတာ့ KBZ pay သုံးလာၾကတယ္။ Wave Pay နဲ႔ အၿပိဳင္ လိုက္လာတယ္၊ ေနာက္ပိုင္းမွာ KBZ pay ကို ပိုေတာင္သုံးလာၾကတယ္။
လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္ကတည္းက KBZ pay က Marketing အရမ္းေကာင္းခဲ့တယ္။ ကိုယ္ေတြရဲ႕ Customer ေတြ ေလယာဥ္လက္မွတ္ဝယ္တယ္။
႐ုံးကို လူကိုယ္တိုင္ ပိုက္ဆံလာ႐ွင္းတာ နည္းတယ္။ Viber/Facebook/Phone ကေန ဆက္သြယ္တယ္။
Payment က်ေတာ့ KBZ/CB/AYA အမ်ားႀကီး႐ွိတဲ့အထဲက KBZ ကို အသုံးမ်ားတယ္။ KBZ ဘဏ္ထက္ကို KBZ pay ကို အသုံးမ်ားတယ္။
Travel Agent ေတြက လက္မွတ္ေရာင္းဖို႔ဆိုရင္ ေလေၾကာင္းလိုင္းေတြကို Deposit ေငြဆိုၿပီး ႀကိဳတင္ ထည့္ထားရတယ္။
AIR KBZ နဲ႔ KBZ Bank က မိတ္ဖက္ေတြတဲ့။ အရင္ကတည္းက AIR KBZ က ေငြေပးစရာ႐ွိရင္ KBZ Bank ပဲ။
Customer အမ်ားစုက KBZ pay ကိုပဲ သုံးတာဆိုေတာ့။ ေငြရေတာ့လည္း KBZ , ျပန္ေပးစရာ႐ွိေတာ့လည္း KBZ ။
အိုေကေပါ့ ခုက်ေတာ့ KBZ Bank မွ လြဲၿပီး က်န္တဲ့ ဘယ္ဘဏ္မဆို လက္ခံပါတယ္တဲ့ခင္ဗ်ာ။
အဲ့ေၾကျငာခ်က္ကို AIR KBZ ကေန သူတို႔ Facebook/ Viber/ Telegram နဲ႔ အမ်ားသူငွာကိုေတာ့ မေၾကျငာဘူး။
ဘယ္ႏွယ့္ လက္မွတ္ကိုယ္စားလွယ္ကိုေတာ့ KBZ Bank ကေန လက္မခံဘူး ေျပာၿပီး တိုက္႐ိုက္ Customer ေတြကိုေတာ့ ဘာမွမေျပာ ဆိုေတာ့ ။
Customer နဲ႔ Travel Agent ကို ရန္တိုက္ေပးသလိုျဖစ္ေနၿပီ။ ေတာ္႐ုံ အခက္အခဲဆို ေျပာမေနပါဘူးေနာ္။
KBZ Bank မွာေရာ ေငြေတြက အကန္႔အသတ္နဲ႔ ထုတ္လို႔ရေနၿပီလား။ တပတ္ကို ၅ သိန္းလား ၁၀ သိန္းလား။
KBZ Pay ကေနေရာ ေငြထုတ္တာက။ တခါထုတ္ ၅ သိန္း၊ ၅ သိန္းမွာ ၄၀၀၀ က charges ေပးရေသးတယ္။
ကဲ ေနာက္ဆုံး charges ေတြ မေျပာေတာ့ဘူး။ KBZ Pay ကေန လိုသေလာက္ထုတ္လို႔ ရလားဆို မရပါဘူးေနာ္။
ခုတေလာ ျမင့္တက္လာတဲ့ လက္မွတ္ေဈးႏႈန္းေလးေတြလည္း ၾကည့္ဦး ရန္ကုန္ မွ ျမစ္ႀကီးနား AIR KBZ- 203000 , 223000 , 252000 , တစ္ေယာက္ကို ၂ သိန္း ၊ သြားျပန္ဆိုရင္ ၄ သိန္း။
၃ ေယာက္သြားမွာဆိုေတာ့ ၁၂ သိန္းျဖစ္ေနၿပီ။ ဒီ ၁၂ သိန္းကို KBZ Bank/KBZ Pay ကေန ဘယ္လို ျပန္ထုတ္ယူမလဲ။
KBZ Bank ကေန တျခားဘဏ္ကို (Bank to Bank) ျပန္လြဲဖို႔ေရာ။ အဲဒါလည္း အကန္႔အသတ္နဲ႔ေနာ္၊ တပတ္ကို ၁၀ သိန္းလားပဲ။
ၿပီးေတာ့ KBZ Bank ကို လူကိုယ္တိုင္သြားရတာေနာ္။ KBZ Bank Mobile Banking ကေန အိမ္မွာထိုင္လုပ္လို႔ မရဘူး။
တခုခုလုပ္မယ္ဆို ဒီလိုလုပ္လိုက္တဲ့အတြက္ end user အထိ ဘယ္ေလာက္ထိခိုက္ ဆုံး႐ႈံးသြားလဲ။ အက်ိဳးထက္ အျပစ္ပိုမ်ားေနသလား။ ကိုယ္အဆင္ေျပၿပီးေရာ က်န္တဲ့သူ ဘယ္လိုျဖစ္ျဖစ္လား။
ဒီလိုေတြေျပာလို႔ တျခား ေလေၾကာင္းလိုင္းေတြလည္း အဆင္ေျပေနတယ္ မထင္ပါနဲ႔ေနာ္။ Payment ကို ဘယ္ဟာနဲ႔ပဲ ရတယ္။ ဒီဟာနဲ႔ပဲ ရတယ္တို႔ တခ်ိဳ႕ေလေၾကာင္းလိုင္းေတြ ႐ွိပါတယ္ေနာ္။
အရင္ကေတာ့ ခံသာေနတာေပါ့။ AIR KBZ ကပါ ခုလိုဆိုေတာ့ အလုပ္ဆက္လုပ္လို႔ မရေတာ့ပါ။
AIR KBZ အေနနဲ႔ တိုက္႐ိုက္ Customer မ်ားကိုေသာ္လည္းေကာင္း၊ တိုက္႐ိုက္ Customer မဟုတ္တဲ့ ကြၽန္ေတာ္မ်ား Travel Agent အေသးေလးေတြကိုေသာ္လည္းေကာင္း ငဲ့ၾကည့္သင့္ပါတယ္လို႔။
AIR KBZ အပါအဝင္ က်န္တဲ့ ေလေၾကာင္းလိုင္းမ်ားလည္း Travel Agent ေတြရဲ႕ Payment ကို Channel ေပါင္းစုံမွ လက္ခံေပးပါရန္ ေမတၱာရပ္ခံပါတယ္။
သက္ဆိုင္တာဝန္႐ွိ လူႀကီးမင္းမ်ားလည္း ေအာက္ေျခမွာ ျဖစ္ပ်က္ေနတာကိုေလ့လာဆန္းစစ္ၿပီး စီးပြားေရး လုပ္ငန္းေတြ လြယ္ကူလ်င္ျမန္စြာ လုပ္ကိုင္ႏိုင္ရန္ ေဆာင္႐ြက္ေပးသင့္ေၾကာင္းပါ။
လုပ္ငန္းတူ Travel Agent မ်ားလည္း မ်ားမ်ား Speak out ေပးဖို႔ ေတာင္းဆိုပါတယ္။ ၿပိဳင္တူတြန္းလွ်င္ ေ႐ြ႕ႏိုင္ပါတယ္ခင္ဗ်ာ။
KBZ Bank/KBZ pay လက္မခံေတာ့ပါလို႔ စာတန္း ခ်ိတ္ရေတာ့မွာလားဗ်ာ။ အဆုံးသတ္မွာေတာ့ ကြၽန္ေတာ္တို႔လို လုပ္ငန္းေသးေလးေတြ ရပ္နားလိုက္ရေတာ့မလားဗ်ာ။
အားလုံးပဲ လုပ္ငန္းကိုင္ငန္းမ်ား အဆင္ေျပလြယ္ကူေခ်ာေမြ႕ပါေစဗ်ာ…။
Edited – အခုေတာ့ ၁၉ ရက္ေန႔က ေၾကျငာခ်က္ကို စာထုတ္ၿပီး ပယ္ဖ်က္တယ္လို႔ ေျပာပါတယ္။