Astrology
သိထားသင့်သော အမျိုးသမီးများတွင် ထင်ရှားစွာအကျိုးပေးတတ်သော မှဲ့(၁၀)မျိုး
သိထားသင့်သော အမျိုးသမီးများတွင် ထင်ရှားစွာအကျိုးပေးတတ်သော မှဲ့(၁၀)မျိုး
အမျိုးသမီးများတွင် ထင်ရှားစွာ အကျိုးပေးတတ်သော မှဲ့(၁၀)မျိုး…
၁။ နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်းတစ်လုံးတည်းရှိလျှင်
ဂုဏ်ဓနနှင့်ကျော်စောသော လင်ယောက်ျားကိုရတတ်သည် အိမ်ထောင်ဆက်များတတ်သည် သားယောက်ျားများထွန်းကားသည့် မိခင်ဖြစ်ပါလိမ့်မည်။
၂။ ညာဘက်နားထင်မျက်ခုံး၏ အနီးအနားပတ်ဝန်းကျင်တွင်မှဲ့ရှိလျှင်
ငယ်ရွယ်စဉ်ကဆင်းရဲ၍ ကြီးသော်ချမ်းသာတတ်ပါသည် အိုဇာတာကံကောင်းမည် မိမိသြဇာကိုနာခံမည့် လင်ယောက်ျားအားရတတ်သည်
အလုပ်အကိုင်မှန်သမျှကိုဦးစီးဦးဆောင် ပြုလုပ်တတ်သည် သားယောက်ျားမွေးပြီး အကျိုးပေးတတ်သည်
၃။ အထက်နှုတ်ခမ်း(သို့) အောက်နှုတ်ခမ်းအနီးတဝိုက်တွင်မှဲ့ရှိလျှင်
မိမိကိုချစ်မြတ်နိုးသော ယောက်ျားများ ပေါများတတ်သည် ယောက်ျားများ၏ နှစ်နှစ်ကာကာချစ်မြတ်နိုးခြင်းကိုခံရမည်
မိမိကိုယ်တိုင်လည်းအချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ်ကြီးတတ်သည် အစားအသောက်ကောင်းများကို အထူးကြိုက်နှစ်သက်သူဖြစ်သည်
၄။ ဘယ်ဘက်ပါးပြင်မို့တွင်မှဲ့ရှိလျှင်
စိတ်နု၍အညှာလွယ်တတ်ပါသည် တဖက်သားပြောလာသည့် စကားကိုမစဉ်းစားဘဲ အယုံလွယ်တတ်ပါသည်
ယောက်ျားများ၏စိတ်ဝင်စားခြင်း အရေးပေခြင်းကို ခံရတတ်သည်
၅။ ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင်
လူချစ်လူခင်များတတ်သည် စန်းအလွန်ပွင့်တတ်သည် လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည်
အလုပ်အကိုင်အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည် ကံကောင်းသူ ဖြစ်တတ်ပါသည်
၆။ လည်ပင်းတွင်မှဲ့ရှိလျှင်
ချမ်းသာကြွယ်ဝတတ်ပါသည်
၇။ဘယ်ညာလက်မောင်း(သို့)ဘယ်လက်ဖျံညာလက်ဖျံတွင်မှဲ့ရှိလျှင်
ပင်ပင်ပန်းပန်းလုပ်ကိုင်စားသောက်ခြင်း မပြုရဘဲ အေးအေးချမ်းချမ်းနှင့် နေထိုင်ရတတ်ပါသည်
၈။ ညာဘက်သားမြတ်(သို့)ဘယ်ဘက်သားမြတ်ပေါ်တွင် မှဲ့တလုံးထက်ပိုပြီးများစွာရှိလျှင်
ငယ်စဉ်ကမိဘတို့၏စွန့်ပစ်ခြင်းကိုခံရတတ်သည်ပစ္စည်းချမ်သာသော်လည်းစိတ်မချမ်းသာ ဖြစ်ရတတ်သည်
လောဘရမ္မက်ကြီးတတ်သည် မုဆိုးမဖြစ်တတ်ပါသည် ကံဆိုးတတ်ပါသည်
၉။ ရင်၏အလယ်ဗဟိုတည့်တည့်တွင်မှဲ့ရှိလျှင်
ပစ္စည်းဥစ္စာ ပြည့်စုံတတ်ပါသည် မိမိအပေါ်အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောက်ျားကိုရတတ်သည်
သားကောင်းသမီးကောင်း ထွန်းကားတတ်သည်
၁၀။ မှဲ့စလွယ်ပါရှိလျှင်
ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝလာတတ်သည်
ကတော်မယားဖြစ်တတ်ပါသည် လူသိများပြီး ထင်ရှားကျော်ကြားသော လင်ယောကျာ်းကို ရတတ်ပါသည်
မည်မျှဆိုးသွမ်းသော ယောက်ျား ဖြစ်စေကာမူ မိမိ၏သြဇာကိုနာခံမည့် လင်ယောကျာ်းနှင့် ပေါင်းဖက်နိုင်ပေတော့သတည်း …။ ။
ခရက်တစ်
Zawgyi Version ဖြင့်ဖတ်ရန်
၁၀။ မှဲ့စလွယ်ပါရှိလျှင်
ခရက်တစ်