မြောင်မြို့နယ် နဘက်ကျေးရွာအနီးရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခု
မြောင်မြို့နယ်၊ နဘက်ကျေးရွာအနီးရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခု စီးနင်းခံရ၊ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး PDF တစ်ဦး ကျဆုံးကာ စခန်း ဖျက်ဆီးခံရ
ရန်ကုန်၊ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဘက်ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ကိုင်းခရိုင် တပ်ရင်း ၆၊ တပ်ခွဲ ၃၊ ဗိုလ်နေတိုးပြောက်ကျားအထူးတပ်ဖွဲ့ အထိုင်စခန်းကို
စက်တင်ဘာလ ၂၂ ရက် ယမန်နေ့ နံနက် ၅ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက်စီးနင်းတို-က်ခိုက်ခဲ့ပြီး စခန်းမှာ ဖျက်ဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။
စစ်ကြောင်းနှစ်ကြောင်းဖြင့် စီးနင်းဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား အပြန်အလှန်ပ-စ်ခတ်မှု ဖြစ်ပွားပြီး
ဗိုလ်နေတိုးအဖွဲ့၏ မဟာမိတ် ဗိုလ်တော်ထွန်းအဖွဲ့ (MBTT) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဗိုလ်နေတိုးပြောက်ကျားတပ်ဖွဲ့ထံမှ သိရှိရသည်။
“မြောက်ဘက်ကနေ ၄၀ လောက်၊ တောင်ဘက်ကနေ ၇၀ လောက်နဲ့ ဝင်လာတာ၊ စခန်းမှာက ရဲဘော် ၅၀ လောက်ရှိတယ်။ အပြန်အလှန် ပ-စ်ခတ်မှု ၃ မိနစ်လောက် ဖြစ်တယ်။
စခန်းက ဖျက်ဆီးခံရတယ်၊ ပိုက်ဆံတွေနဲ့ မိုင်းထုတ်လုပ်တဲ့ ပစ္စည်းတွေ၊ လက်လုပ် သေနတ် ၃ လက် ပါသွားတယ်” ဟု ဗိုလ်နေတိုးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
စခန်းစီးနင်းခံရမှုကြောင့် ကာကွယ်ရေးရဲဘော်များ ဆုတ်ခွာခဲ့ရပြီး စခန်းရှိ အဆောင်များ၊ မိုင်းထုတ်လုပ်ရေး ဆက်စပ်ပစ္စည်းများ၊
ငွေသား သိန်း ၂၀ ကျပ် စုစုပေါင်း ကာလတန်ဖိုး သိန်း ၁၅၀ ကျော်ခန့် ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်အာဏာရှင်ကို ဆက်လက်တိုက်ခိုက်ရန် လက်နက်၊ ရိက္ခာများ အရေးပေါ်လိုအပ်နေပြီး ပြည်သူများ ပါဝင်ကူညီပေးကြရန် ဗိုလ်နေတိုးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်တောင်းဆိုထားသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃
ခရက်တစ်
Zawgyi Version ျဖင့္ဖတ္ရန္
ေျမာင္ၿမိဳ႕နယ္ နဘက္ေက်း႐ြာအနီး႐ွိ ေဒသကာကြယ္ေရးတပ္ဖြဲ႕စခန္းတစ္ခု
ေျမာင္ၿမိဳ႕နယ္၊ နဘက္ေက်း႐ြာအနီး႐ွိ ေဒသကာကြယ္ေရးတပ္ဖြဲ႕စခန္းတစ္ခု စီးနင္းခံရ၊ အျပန္အလွန္ ပစ္ခတ္မႈျဖစ္ၿပီး PDF တစ္ဦး က်ဆုံးကာ စခန္း ဖ်က္ဆီးခံရ
ရန္ကုန္၊ စက္တင္ဘာ ၂၃
စစ္ကိုင္းတိုင္း၊ ေျမာင္ၿမိဳ႕နယ္၊ နဘက္ေက်း႐ြာအနီး႐ွိ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ စစ္ကိုင္းခ႐ိုင္ တပ္ရင္း ၆၊ တပ္ခြဲ ၃၊ ဗိုလ္ေနတိုးေျပာက္က်ားအထူးတပ္ဖြဲ႕ အထိုင္စခန္းကို
စက္တင္ဘာလ ၂၂ ရက္ ယမန္ေန႔ နံနက္ ၅ နာရီခန္႔တြင္ အၾကမ္းဖက္စစ္တပ္က စစ္ေၾကာင္း ၂ ေၾကာင္းျဖင့္ ဝင္ေရာက္စီးနင္းတို-က္ခိုက္ခဲ့ၿပီး စခန္းမွာ ဖ်က္ဆီးခံလိုက္ရေၾကာင္း သတင္းရ႐ွိသည္။
စစ္ေၾကာင္းႏွစ္ေၾကာင္းျဖင့္ စီးနင္းဝင္ေရာက္လာေသာ အၾကမ္းဖက္စစ္တပ္ႏွင့္ ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားၾကား အျပန္အလွန္ပ-စ္ခတ္မႈ ျဖစ္ပြားၿပီး
ဗိုလ္ေနတိုးအဖြဲ႕၏ မဟာမိတ္ ဗိုလ္ေတာ္ထြန္းအဖြဲ႕ (MBTT) မွ ရဲေဘာ္တစ္ဦး က်ဆုံးခဲ့ေၾကာင္း ဗိုလ္ေနတိုးေျပာက္က်ားတပ္ဖြဲ႕ထံမွ သိ႐ွိရသည္။
“ေျမာက္ဘက္ကေန ၄၀ ေလာက္၊ ေတာင္ဘက္ကေန ၇၀ ေလာက္နဲ႔ ဝင္လာတာ၊ စခန္းမွာက ရဲေဘာ္ ၅၀ ေလာက္႐ွိတယ္။ အျပန္အလွန္ ပ-စ္ခတ္မႈ ၃ မိနစ္ေလာက္ ျဖစ္တယ္။
စခန္းက ဖ်က္ဆီးခံရတယ္၊ ပိုက္ဆံေတြနဲ႔ မိုင္းထုတ္လုပ္တဲ့ ပစၥည္းေတြ၊ လက္လုပ္ ေသနတ္ ၃ လက္ ပါသြားတယ္” ဟု ဗိုလ္ေနတိုးေျပာက္က်ားတပ္ဖြဲ႕ တာဝန္ခံက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။
စခန္းစီးနင္းခံရမႈေၾကာင့္ ကာကြယ္ေရးရဲေဘာ္မ်ား ဆုတ္ခြာခဲ့ရၿပီး စခန္း႐ွိ အေဆာင္မ်ား၊ မိုင္းထုတ္လုပ္ေရး ဆက္စပ္ပစၥည္းမ်ား၊
ေငြသား သိန္း ၂၀ က်ပ္ စုစုေပါင္း ကာလတန္ဖိုး သိန္း ၁၅၀ ေက်ာ္ခန္႔ ဆုံး႐ႈံးခဲ့ရေၾကာင္း သိ႐ွိရသည္။
လက္႐ွိတြင္ စစ္အာဏာ႐ွင္ကို ဆက္လက္တိုက္ခိုက္ရန္ လက္နက္၊ ရိကၡာမ်ား အေရးေပၚလိုအပ္ေနၿပီး ျပည္သူမ်ား ပါဝင္ကူညီေပးၾကရန္ ဗိုလ္ေနတိုးေျပာက္က်ားတပ္ဖြဲ႕က သတင္းထုတ္ျပန္ေတာင္းဆိုထားသည္။
ရန္ကုန္၊ စက္တင္ဘာ ၂၃
ခရက္တစ္