News

အရာတော်နယ် ပျူစောထီး စခန်းကို

အရာတော်နယ် ပျူစောထီး စခန်းကို

အရာတော်နယ် သလဲဘာရွာ ပျူစခန်းကို စီးနင်းတိုက်ခိုက်၊ စကစ တပ်သားနဲ့ ပျူ (၁၁)ယောက် tay ဟုဆို၊

ရုပ်သံကိုတော့ အောက်ဆုံးမှာထည့်ပေးထားပါတယ်။

MFP

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာရွာ ပျူစခန်းကို မနေ့က ညနေပိုင်း အရာတော်နှင့် ဝက်လက်နယ် ဒေသကာကွယ်ရေး တပ်ပေါင်းစုတွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ

စကစနဲ့ ပျူ (၁၁)ယောက် သေပြီး ကိုးယောက် ဆေးရုံ ရောက်သွားတယ်လို့ အရာတော် လျှပ်စီး မိုးကြိုး မုန်တိုင်း တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၂၂)ရက် ညနေ(၃)နာရီကျော်က စကစနဲ့ ပျူ အင်အား (၃၀)လောက် အထိုင်ချနေတဲ့ သလဲဘာကျေးရွာ ပျူစခန်းကို

အရာတော်မြို့နယ် တော်လှန်ရေး တပ်ပေါင်းစုနှင့် ဝက်လက်မြို့နယ် တော်လှန်ရေး တပ်ပေါင်းစုတို့ ပူးပေါင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ

ပျူစောထီး ခုနှစ်ယောက်နဲ့ စကစ လေးယောက် တိုက်ပွဲနေရာမှာ အတုံးအရုံး လဲကျ tay ဆုံးပြီး ကိုးယောက် ဆေးရုံ ရောက်သွားတယ်လို့ ဆိုပါတယ်။

“ထိုတိုက်ပွဲတွင် လျှပ်စီးမိုးကြိုးမုန်တိုင်း တပ်ဖွဲ့မှ စနိုက်ပါ ပ-စ်ခတ်မှုကြောင့် ပျူ/စခ ခုနှစ်ဦး နေရာတွင်လဲကျမှုကို စနိုက်ပါ မှန်ပြောင်းမှတဆင့် မျက်မြင်ရှင်းလင်းစွာ မြင်တွေ့ခဲ့ရကြောင်းနှင့်

မိမိတို့ ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါကြောင်း မိဘပြည်သူများထံသို့ အသိပေး တင်ပြအပ်ပါသည်” လို့ လျှပ်စီးမိုးကြိုး မုန်တိုင်းတပ်ဖွဲ့က ဖော်ပြပါတယ်။

သလဲဘာနှင့် ငွေတွင်း အပါအဝင် အရာတော်မြို့နယ် အရှေ့ခြမ်း၊ ဝက်လက်နယ်အစပ်က ကျေးရွာ ငါးရွာကို စစ်အုပ်စုက စီးနင်းထားပြီး

ဒေသခံတွေကို အကြမ်းဖက်နည်း သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးကာ ပျူတွေအဖြစ် လက်သပ်မွေးထားပြီး ဒေသတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်း လုယက် dar ပြတိုက်ရာမှာ

အဲ့ဒီ ပျူတွေကို ပြန်လည် အသုံးချတာ၊ ခိုးရာပါ ပစ္စည်းတွေ ခွဲဝေပေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ(၁၅)ရက်ကလည်း ဒေသခံပြည်သူတွေကို လူသားဒိုင်းကာအဖြစ် အသုံးချပြီး အရာတော်မြို့နယ်၊ စခတ(၁၀) တပ်ရင်းက စစ်အုပ်စုနှင့် ဒေသခံ ပျူတွေ အခိုင်အမာ တပ်စွဲထားတဲ့

အရာတော်နယ် ငွေတွင်းကျေးရွာ ပျူစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ

စကစနဲ့ ပျူ အနည်းဆုံး ၉၁၀)ယောက် သေပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က သတင်း ထုတ်ပြန်ထားပါတယ်။

အောက်ဆုံးတွင် ရုပ်သံကြည့်ရန်

Source – MFP ၊ စက်တင်ဘာ – ၂၃

Zawgyi Version ျဖင့္ဖတ္ရန္

အရာေတာ္နယ္ ပ်ဴေစာထီး စခန္းကို

အရာေတာ္နယ္ သလဲဘာ႐ြာ ပ်ဴစခန္းကို စီးနင္းတိုက္ခိုက္၊ စကစ တပ္သားနဲ႔ ပ်ဴ (၁၁)ေယာက္ tay ဟုဆို၊

႐ုပ္သံကိုေတာ့ ေအာက္ဆုံးမွာထည့္ေပးထားပါတယ္။

MFP

စစ္ကိုင္းတိုင္း အရာေတာ္ၿမိဳ႕နယ္ သလဲဘာ႐ြာ ပ်ဴစခန္းကို မေန႔က ညေနပိုင္း အရာေတာ္ႏွင့္ ဝက္လက္နယ္ ေဒသကာကြယ္ေရး တပ္ေပါင္းစုေတြက စီးနင္းဝင္ေရာက္ တိုက္ခိုက္ခဲ့ရာ

စကစနဲ႔ ပ်ဴ (၁၁)ေယာက္ ေသၿပီး ကိုးေယာက္ ေဆး႐ုံ ေရာက္သြားတယ္လို႔ အရာေတာ္ လွ်ပ္စီး မိုးႀကိဳး မုန္တိုင္း တပ္ဖြဲ႕က သတင္း ထုတ္ျပန္ပါတယ္။

စက္တင္ဘာ(၂၂)ရက္ ညေန(၃)နာရီေက်ာ္က စကစနဲ႔ ပ်ဴ အင္အား (၃၀)ေလာက္ အထိုင္ခ်ေနတဲ့ သလဲဘာေက်း႐ြာ ပ်ဴစခန္းကို

အရာေတာ္ၿမိဳ႕နယ္ ေတာ္လွန္ေရး တပ္ေပါင္းစုႏွင့္ ဝက္လက္ၿမိဳ႕နယ္ ေတာ္လွန္ေရး တပ္ေပါင္းစုတို႔ ပူးေပါင္းၿပီး ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ရာ

ပ်ဴေစာထီး ခုႏွစ္ေယာက္နဲ႔ စကစ ေလးေယာက္ တိုက္ပြဲေနရာမွာ အတုံးအ႐ုံး လဲက် tay ဆုံးၿပီး ကိုးေယာက္ ေဆး႐ုံ ေရာက္သြားတယ္လို႔ ဆိုပါတယ္။

“ထိုတိုက္ပြဲတြင္ လွ်ပ္စီးမိုးႀကိဳးမုန္တိုင္း တပ္ဖြဲ႕မွ စႏိုက္ပါ ပ-စ္ခတ္မႈေၾကာင့္ ပ်ဴ/စခ ခုႏွစ္ဦး ေနရာတြင္လဲက်မႈကို စႏိုက္ပါ မွန္ေျပာင္းမွတဆင့္ မ်က္ျမင္႐ွင္းလင္းစြာ ျမင္ေတြ႕ခဲ့ရေၾကာင္းႏွင့္

မိမိတို႔ ျပည္သူ႕ရဲေဘာ္မ်ား အထိအခိုက္မ႐ွိ ေကာင္းမြန္စြာ ျပန္လည္ဆုတ္ခြာႏိုင္ခဲ့ပါေၾကာင္း မိဘျပည္သူမ်ားထံသို႔ အသိေပး တင္ျပအပ္ပါသည္” လို႔ လွ်ပ္စီးမိုးႀကိဳး မုန္တိုင္းတပ္ဖြဲ႕က ေဖာ္ျပပါတယ္။

သလဲဘာႏွင့္ ေငြတြင္း အပါအဝင္ အရာေတာ္ၿမိဳ႕နယ္ အေ႐ွ႕ျခမ္း၊ ဝက္လက္နယ္အစပ္က ေက်း႐ြာ ငါး႐ြာကို စစ္အုပ္စုက စီးနင္းထားၿပီး

ေဒသခံေတြကို အၾကမ္းဖက္နည္း သင္တန္းေပး၊ လက္နက္တပ္ဆင္ေပးကာ ပ်ဴေတြအျဖစ္ လက္သပ္ေမြးထားၿပီး ေဒသတြင္း ႐ြာစဥ္ပတ္ေမႊ ေသာင္းက်န္း လုယက္ dar ျပတိုက္ရာမွာ

အဲ့ဒီ ပ်ဴေတြကို ျပန္လည္ အသုံးခ်တာ၊ ခိုးရာပါ ပစၥည္းေတြ ခြဲေဝေပးတာေတြ လုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

စက္တင္ဘာ(၁၅)ရက္ကလည္း ေဒသခံျပည္သူေတြကို လူသားဒိုင္းကာအျဖစ္ အသုံးခ်ၿပီး အရာေတာ္ၿမိဳ႕နယ္၊ စခတ(၁၀) တပ္ရင္းက စစ္အုပ္စုႏွင့္ ေဒသခံ ပ်ဴေတြ အခိုင္အမာ တပ္စြဲထားတဲ့

အရာေတာ္နယ္ ေငြတြင္းေက်း႐ြာ ပ်ဴစခန္းကို ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြက စီးနင္းဝင္ေရာက္ တိုက္ခိုက္ခဲ့ရာ

စကစနဲ႔ ပ်ဴ အနည္းဆုံး ၉၁၀)ေယာက္ ေသၿပီး စခန္းကို မီး႐ိႈ႕ဖ်က္ဆီးခဲ့တယ္လို႔ အရာေတာ္ၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕ – ပကဖ က သတင္း ထုတ္ျပန္ထားပါတယ္။

႐ုပ္သံၾကည့္ရန္

Source – MFP ၊ စက္တင္ဘာ – ၂၃