YGN က UG တွေတော့ ပွဲပြန် က နေပီနော်…
သမိုင်းလမ်းဆုံရှိ (၂) ထပ်ဘန်ကာ ကင်းစခန်း နေ့လည်က တိုက်ခိုက်ခံလိုက်ရပါတယ်။
RNA_စက်တင်ဘာ (၂၃)၊ ၂၀၂၂ ခုနှစ်။
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံရှိ စစ်ကောင်စီတပ် (၂)ထပ်ဘန်ကာကင်း စခန်းကို မြို့ပြတော်လှန်ရေးအင်အားစုတို့က အဝေးထိန်းမိုင်းနှင့်
ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်က ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေသည့်
စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် (၂) ဦး ထိခိုက်ခဲ့ကြောင်း သိရသည်။
သမိုင်းလမ်းဆုံး (၂) ထပ်ဘန်ကာကင်းစခန်းကို Freeland Attack Force (FLA) နှင့်
Emerald Grils Army (EGA) အဖွဲ့တို့ပူးပေါင်း ဆောင်ရွက်တိုက်ခိုက်ခဲ့ကြောင်း၊
စစ်ကောင်စီဘက်က ထိခိုက်မှုအသေးစိတ်အခြေအနေကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
RNA_စက်တင်ဘာ (၂၃)၊ ၂၀၂၂ ခုနှစ်။
Zawgyi Version ဖြင့်ဖတ်ရန်