News

ပီနံအိတ်ထဲထည့်ပြီး မြို့ပတ်လမ်းလမ်းဘေးတွင်…

ပီနံအိတ်ထဲထည့်ပြီး မြို့ပတ်လမ်းလမ်းဘေးတွင်…

ပီနံအိတ်ထဲထည့်ပြီး လမ်းဘေးတွင်ပစ်ထားသော အမျိုးသမီးတစ်ဦး၏ ရုပ်အလော-င်းတွေ့ရှိ

မုံရွာ – စက်တင်ဘာ ၂၃၊ ၂၀၂၂။

စစ်ကိုင်းတိုင်း မုံရွာမြို့ပတ်လမ်း စက်မှုဇုံအနီး ယနေ့ နံနက် ဆယ်နာရီခန့်က သ-တ်ဖြတ်ခံထားရသည်ဟု ယူဆရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလော-င်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အသက် ၂၀ အရွယ်ခန့် အမျိုးသမီးတစ်ဦးကို ဦးခေါင်းတွင် အပေါက်လေးပေါက်ခန့်တွေ့ရှိခဲ့ရပြီး ပီနံအိတ်တွင်ထည့်ကာ မီးရှို့ထားသည့် အနေအထားဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ ဖုန်းဝင်လာပြီး သွားကြည့်တော့ မိန်းကလေးပေါ့။ လက်ကို နောက်ပြန်ကြိုးတုတ်ထားပြီးတော့ ခေါင်းမှာ အပေါက်တွေနဲ့ tayနတ်နဲ့ ပ-စ်သ-တ်ထားတဲ့ အပေါက်တော့မဟုတ်ဘူး။

ပြီးတော့ ပီနံအိတ်ထဲထည့်ပြီး ဓါတ်ဆီလောင်း မီး-ရှို့ထားပုံရတယ်။ မနေ့ညက မုံရွာမှာ မိုးရွာတယ်။ အဲ့ဒီတော့ မီးကပြန်ငြိမ်းသွားတာ အဲ့လိုထင်တယ်” ဟုပြောသည်။

သ-တ်ဖြတ်ခံထားရသော အမျိုးသမီးသည် မီးရှို့ခံထားရသဖြင့် မျက်နှာမှာ ပျက်စီးနေသဖြင့် မည်သူမည်ဝါဖြစ်ကြောင်းကို အတည်မပြုနိုင်သေးကြောင်း သူကဆက်ပြောသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင်လည်း မုံရွာမြို့ စက်မှုဇုံရပ်ကွက် မြို့ရှောင်လမ်းတွင် ဦးကျော်ခိုင်ဟုခေါ်ဆိုသော အမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

မုံရွာမြို့တွင် မုဒိမ်းမှုနှင့် လူသတ်မှု ၃၄ မှု ကျူးလွန်ခဲ့သော ငြိမ်းချမ်းဦး (ခ) ဂျပန်ကြီးကို ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းတွင်

မုံရွာခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) နှင့် အထူးစုံစမ်းစစ်ဆင်ရေးအဖွဲ့က ဖမ်းဆီးဖေါ်ထုတ်ကာ အရေးယူခဲ့သည်။

ပီနံအိတ်ထဲထည့်ပြီး လမ်းဘေးတွင်ပစ်ထားသော အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

မုံရွာ – စက်တင်ဘာ ၂၃၊ ၂၀၂၂။

ခရက်ဒစ်

Zawgyi Version ဖြင့်ဖတ်ရန်















ခရက်ဒစ်