ကလေးငယ်ကို ခိုင်နှင်းဝေ ပြန်ပေးလိုက်ရတဲ့ နောက်ကွယ်က အကြောင်းအရင်း…
တက္ကစီပေါ်ကနေ စွန့်ပစ်ခံခဲ့ရတဲ့ မွေးကင်းစသမီးငယ်လေးကို ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေက ယနေ့စက်တင်ဘာလ ၂၃ ရက်နေ့မှာ
တရားရုံးကနေ တဆင့် လူကြီးစုံရာရှေ့မှောက်၌ ကတိကဝတ်ပြုပြီး ကလေးမိဘထံ ပြန်လည်အပ်နှံလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ကလေးစွန့်ပစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ မိခင်ရင်း ဖြစ်သူက ပြန်တောင်းတဲ့အပေါ် ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေက တရားရုံးမှာ ဖြေရှင်းမယ်လို့ မီဒီယာတွေကို အတိအလင်း ပြောကြားခဲ့ပြီးပါတယ်။
ယနေ့မှာတော့ ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ရှေ့မှောက်မှာ ခံဝန်နဲ့ သမီးလေးကို ပြန်ပေးခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ကလေးမိခင်က နှစ်ဖက်မိဘများနဲ့ အဆင်မပြေခြင်း၊ နိုင်ငံခြားရောက်နေတဲ့ အမျိုးသားဆီ လိုက်သွားချင်စိတ်နဲ့ ရုတ်တရက် ပြုလုပ်မိ သွားခြင်း၊
စိတ်ရောဂါ မရှိတာ သေချာခြင်းတို့ကြောင့် ခံဝန်ကတိအများအပြားနဲ့ အတူ ပြန်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ခိုင်နှင်းဝေကတော့ ကလေးမိသားစုတွေအနေနဲ့ ကလေးအပေါ် မည်ကဲ့သို့ တာဝန်ယူနိုင်မလဲဆိုတဲ့ အချက်တွေကို မေးမြန်းပြီး လက်ခံနိုင်တာကြောင့် ကလေးကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
လူမှုကွန်ရက်ပေါ်မှာတော့ ကလေးက မိခင်ရင်းထံပြန်ရောက်သွားလို့ စိတ်ချသွားပြီလို့ ပြောကြတဲ့သူတွေ ရှိသလို
ကလေးမိသားစုဖက်က ခံဝန်ကို ချိုးဖောက်ပြီး နောက်တခါ စွန့်ပစ်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အငြင်းအခုံတွေ ဖြစ်ပေါ်နေပါတယ်။
အကောင်းဆုံးကတော့ ကိုယ့်ဝမ်းနဲ့ လွယ်ပြီး မွေးထားတဲ့ ကလေးကို ကိုယ်တိုင် ထိန်းကျောင်း စောင့်ရှောက်နိုင်ဖို့ ကြိုးစားတာပါပဲ။
မတတ်သာလွန်းတဲ့ အခြေအနေကျမှသာ မိဘမဲ့ ဂေဟာကို ပို့သင့်ပါတယ်။
ကမ္ဘာကြီးပေါ်မှာ မွေးဖွားလာတဲ့ ကလေးတိုင်း မိခင်မေတ္တာ အပြည့်အဝ ရရှိနိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။
Source – Blacker
Zawgyi Version ျဖင့္ဖတ္ရန္
ကေလးငယ္ကို ခိုင္ႏွင္းေဝ ျပန္ေပးလိုက္ရတဲ့ ေနာက္ကြယ္က အေၾကာင္းအရင္း…
တကၠစီေပၚကေန စြန္႔ပစ္ခံခဲ့ရတဲ့ ေမြးကင္းစသမီးငယ္ေလးကို ပရဟိတ မင္းသမီးႀကီး ခိုင္ႏွင္းေဝက ယေန႔စက္တင္ဘာလ ၂၃ ရက္ေန႔မွာ
တရား႐ုံးကေန တဆင့္ လူႀကီးစုံရာေ႐ွ႕ေမွာက္၌ ကတိကဝတ္ျပဳၿပီး ကေလးမိဘထံ ျပန္လည္အပ္ႏွံလိုက္ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။
ကေလးစြန္႔ပစ္ခဲ့တဲ့ ကိစၥနဲ႔ ပတ္သက္လို႔ မိခင္ရင္း ျဖစ္သူက ျပန္ေတာင္းတဲ့အေပၚ ပရဟိတမင္းသမီးႀကီး ခိုင္ႏွင္းေဝက တရား႐ုံးမွာ ေျဖ႐ွင္းမယ္လို႔ မီဒီယာေတြကို အတိအလင္း ေျပာၾကားခဲ့ၿပီးပါတယ္။
ယေန႔မွာေတာ့ ပရဟိတမင္းသမီးႀကီး ခိုင္ႏွင္းေဝက သက္ဆိုင္ရာ အဖြဲ႕အစည္းေတြရဲ႕ ေ႐ွ႕ေမွာက္မွာ ခံဝန္နဲ႔ သမီးေလးကို ျပန္ေပးခဲ့ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။
ကေလးမိခင္က ႏွစ္ဖက္မိဘမ်ားနဲ႔ အဆင္မေျပျခင္း၊ ႏိုင္ငံျခားေရာက္ေနတဲ့ အမ်ိဳးသားဆီ လိုက္သြားခ်င္စိတ္နဲ႔ ႐ုတ္တရက္ ျပဳလုပ္မိ သြားျခင္း၊
စိတ္ေရာဂါ မ႐ွိတာ ေသခ်ာျခင္းတို႔ေၾကာင့္ ခံဝန္ကတိအမ်ားအျပားနဲ႔ အတူ ျပန္ေပးခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။
ခိုင္ႏွင္းေဝကေတာ့ ကေလးမိသားစုေတြအေနနဲ႔ ကေလးအေပၚ မည္ကဲ့သို႔ တာဝန္ယူႏိုင္မလဲဆိုတဲ့ အခ်က္ေတြကို ေမးျမန္းၿပီး လက္ခံႏိုင္တာေၾကာင့္ ကေလးကို ျပန္လည္ေပးအပ္ခဲ့တယ္လို႔ သိရပါတယ္။
လူမႈကြန္ရက္ေပၚမွာေတာ့ ကေလးက မိခင္ရင္းထံျပန္ေရာက္သြားလို႔ စိတ္ခ်သြားၿပီလို႔ ေျပာၾကတဲ့သူေတြ ႐ွိသလို
ကေလးမိသားစုဖက္က ခံဝန္ကို ခ်ိဳးေဖာက္ၿပီး ေနာက္တခါ စြန္႔ပစ္ရင္ ဘယ္လိုလုပ္မလဲဆိုတဲ့ အျငင္းအခုံေတြ ျဖစ္ေပၚေနပါတယ္။
အေကာင္းဆုံးကေတာ့ ကိုယ့္ဝမ္းနဲ႔ လြယ္ၿပီး ေမြးထားတဲ့ ကေလးကို ကိုယ္တိုင္ ထိန္းေက်ာင္း ေစာင့္ေ႐ွာက္ႏိုင္ဖို႔ ႀကိဳးစားတာပါပဲ။
မတတ္သာလြန္းတဲ့ အေျခအေနက်မွသာ မိဘမဲ့ ေဂဟာကို ပို႔သင့္ပါတယ္။
ကမ႓ာႀကီးေပၚမွာ ေမြးဖြားလာတဲ့ ကေလးတိုင္း မိခင္ေမတၱာ အျပည့္အဝ ရ႐ွိႏိုင္ၾကပါေစလို႔ ဆုေတာင္း ေပးလိုက္ပါတယ္ ခင္ဗ်ာ။
Source – Blacker