ဒီလို အိပ်မက်မျိုးတွေမက်ရင် သတိသာ ထားပေတော့…
သင်…ဒီ အိပ်မက်တွေ မက်ဖူးရင် ဒါတွေ ဖြစ်ခဲ့ပြီးပါပြီ။
(၁) အိပ်မက်ထဲမှာ သွားကျိုးတယ်လို့ မက်ဖူးကြမှာပါ။
ဒါဆို… သတိထားစောင့်ကြည့်သင့်ပါတယ်။ ဒီလို အိပ်မက်မက်ခြင်းက ကောင်းတဲ့နိမိတ်လက္ခဏာတွေ မဟုတ်ပါဘူး။
ဒါဟာ… သင့်အမျိုးထဲက၊ သင့်သူငယ်ချင်းက သစ္စာဖောက်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
သူတို့ကြောင့်လဲ ငွေကြေး အရှုပ်အရှင်းတွေ ရှင်းရ တတ်တာဖြစ်ပြီးတော့…သင့်ကို လူယုံတစ်ယောက် က နောက်ကျောက ဓားနဲ့ထိုးတယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါလိမ့်မယ်။
(၂) အိပ်မက်ထဲမှာ နောက်ကျနေတတ်ပါတယ်
သင်ဟာ ရုံးကို၊ ကျောင်းကို၊ စာမေးပွဲခန်းကို နောက်ကျတာမျိုး မက်ဖူးပါလိမ့်မယ်။ ဒီအချိန်မှာ…သင့်ရဲ့ နှလုံးခုန်လဲ မြန်နေပါလိမ့်မယ်။
ဒီလို အခြေအနေမျိုး ကြုံရင်… သင်ဟာ အပြင်မှာ၊ လုပ်ငန်းခွင်မှာ ဖြစ်ဖြစ်…သင့်ကျောင်းမှာ ဖြစ်ဖြစ်…သင့်ကို တိုက်ခိုက်ချင်သူရှိနေပါပြီ။
ဒီလိုမှ မဟုတ်ရင်…သင်ရင်းနှီးထားတာ အရှုံးပေါ်တတ်ပါတယ်။
(၃) အိပ်မက်ထဲမှာ ပြုတ်ကျရင် အပြင်မှာ လန့်နိုးတတ်ပါတယ်။
များသောအားဖြင့်…ရေဓါတ် ကုန်ခမ်းခြင်း၊ အကြောအားနည်းခြင်းတွေကြောင့် ဖြစ်တတ်တာဖြစ်ပြီး တစုံတရာကို လှမ်းကိုင်ဖို့ မမှီအောင် ပြုတ်ကျသွားသလိုပါပဲ။
အပြင်မှာလည်း သင့်ကို ချောက်ချချင်သူ များနေတာဖြစ်ပြီးတော့ သင့်ရဲ့ တက်လမ်းကို ပိတ်ပင်နိုင်ကြပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဘာလုပ်လုပ် အဆင်မပြေမှုမျိုး ကြုံရတတ်တာတွေ့ပါလိမ့်မယ်။
(၄) အိပ်မက်ထဲမှာ အကောင်းဆုံး အိပ်မက်ကတော့…လေပေါ်ပျံသန်းခြင်းပါပဲ။
လေပေါ်မှာ လေဟုန်စီးရသလို ခံစားရတာ အရမ်း ကောင်းပါတယ်။
ဒီလို အိပ်မက်မက်ရင်… လက်တွေ့ဘဝမှာ အရမ်းကောင်းပါတယ်။ သင့်မှာ အခက်အခဲ ရှိရင် အကုန်ပြေလည်တတ်ပြီး… နာမည်ကြီးတာ၊ အောင်မြင်မှုရတာမျိုး ကြုံရတတ်ပါတယ်။
(၅) အိပ်မက်ထဲမှာ စိတ်ဖိစီးမှု အကောင်းဆုံးအိပ်မက်ကတော့ စာမေးပွဲဖြေရတာပါပဲ။
သင်ဟာ ဆယ်တန်းပြီးသည့်တိုင် ပြန်ဖြေနေရတာဖြစ်ပြီး ဘယ်လိုမှ ငြင်းပယ်မရတဲ့ အခြေအနေတွေ ဖြစ်တတ်ပါတယ်။
ဒီလိုဖြစ်ရင်… ကောင်းတဲ့အချက်ကတော့ အပြင်မှာ ကောင်းမွန်တဲ့ အလုပ်ကိုင်သစ်တစ်ခုတွေ့ခြင်း၊ ရာထူးတိုးခြင်းမျိုးတွေ ဖြစ်တတ်ပါတယ်။
သင့်ကို လာရောက် အပ်နှံတွေလည်း ရတတ်ပါတယ်။
(၆) အိပ်မက်ထဲမှာ တစ်ခါတလေ အော်မရတာ ကြုံဖူးမှာပါ။
ဒီအခြေအနေမှာ သင်ဟာ အခက်အခဲ ကြုံနေပါတယ်။ သင်အော်ပေမယ့် သူခိုးဆိုတဲ့ အသံတောင် မထွက်လာပါဘူး။
ဒါဟာ သင့်ကို ဒေါသထွက်စေပါတယ်။ ဒီလို အိပ်မက်မက်ရင်… မိသားစုပြဿနာ တက်နိုင်ပါတယ်။
သင့်ရဲ့ အကြီးတွေရဲ့ ပြဿနာဖြစ်ပြီး သင်ဟာ မကူညီနိုင်တဲ့ အနေအထားမျိုး ကြုံရတတ်တာဖြစ်ပါတယ်။
(၇) အိပ်မက် မက်တဲ့အခါ ဆိုးတဲ့တချက် ရှိပါသေးတယ်။ အဲ့ဒါကတော့…ပြေးလို့မရတာ ဖြစ်ပါတယ်။
သင့်နောက်ကို လူသတ်သမားက လိုက်လာတာဖြစ်ဖြစ်၊ သရဲက လိုက်တာဖြစ်ဖြစ်… သင်ပြေးပေမယ့် နှေးလွန်းနေပါလိမ့်မယ်။
ဒါဆို သင့်မှာ ရှောင်လို့ မရတဲ့ ပြဿနာတွေ တက်တက်ပြီးတော့… ပြေးလို့ မလွတ်တဲ့ အခြေအနေဖြစ်တတ်ပါတယ်။
ဒီဖော်ပြခဲ့တဲ့ အိပ်မက်တွေက… လူတိုင်း မက်ဖူးပြီး ဒီလိုမက်တိုင်း သတိထားကြည့်ရင် ဒီလိုအဖြစ် ကြုံရတတ်တာတွေ့ရပါလိမ့်မယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။
Zawgyi Version ျဖင့္ဖတ္ရန္
ဒီလို အိပ္မက္မ်ိဳးေတြမက္ရင္ သတိသာ ထားေပေတာ့…
သင္…ဒီ အိပ္မက္ေတြ မက္ဖူးရင္ ဒါေတြ ျဖစ္ခဲ့ၿပီးပါၿပီ။
(၁) အိပ္မက္ထဲမွာ သြားက်ိဳးတယ္လို႔ မက္ဖူးၾကမွာပါ။
ဒါဆို… သတိထားေစာင့္ၾကည့္သင့္ပါတယ္။ ဒီလို အိပ္မက္မက္ျခင္းက ေကာင္းတဲ့နိမိတ္လကၡဏာေတြ မဟုတ္ပါဘူး။
ဒါဟာ… သင့္အမ်ိဳးထဲက၊ သင့္သူငယ္ခ်င္းက သစၥာေဖာက္တဲ့ အဓိပၸာယ္ျဖစ္ပါတယ္။
သူတို႔ေၾကာင့္လဲ ေငြေၾကး အ႐ႈပ္အ႐ွင္းေတြ ႐ွင္းရ တတ္တာျဖစ္ၿပီးေတာ့…သင့္ကို လူယုံတစ္ေယာက္ က ေနာက္ေက်ာက ဓားနဲ႔ထိုးတယ္ ဆိုတဲ့ အဓိပၸာယ္ ျဖစ္ပါလိမ့္မယ္။
(၂) အိပ္မက္ထဲမွာ ေနာက္က်ေနတတ္ပါတယ္
သင္ဟာ ႐ုံးကို၊ ေက်ာင္းကို၊ စာေမးပြဲခန္းကို ေနာက္က်တာမ်ိဳး မက္ဖူးပါလိမ့္မယ္။ ဒီအခ်ိန္မွာ…သင့္ရဲ႕ ႏွလုံးခုန္လဲ ျမန္ေနပါလိမ့္မယ္။
ဒီလို အေျခအေနမ်ိဳး ၾကဳံရင္… သင္ဟာ အျပင္မွာ၊ လုပ္ငန္းခြင္မွာ ျဖစ္ျဖစ္…သင့္ေက်ာင္းမွာ ျဖစ္ျဖစ္…သင့္ကို တိုက္ခိုက္ခ်င္သူ႐ွိေနပါၿပီ။
ဒီလိုမွ မဟုတ္ရင္…သင္ရင္းႏွီးထားတာ အ႐ႈံးေပၚတတ္ပါတယ္။
(၃) အိပ္မက္ထဲမွာ ျပဳတ္က်ရင္ အျပင္မွာ လန္႔ႏိုးတတ္ပါတယ္။
မ်ားေသာအားျဖင့္…ေရဓါတ္ ကုန္ခမ္းျခင္း၊ အေၾကာအားနည္းျခင္းေတြေၾကာင့္ ျဖစ္တတ္တာျဖစ္ၿပီး တစုံတရာကို လွမ္းကိုင္ဖို႔ မမွီေအာင္ ျပဳတ္က်သြားသလိုပါပဲ။
အျပင္မွာလည္း သင့္ကို ေခ်ာက္ခ်ခ်င္သူ မ်ားေနတာျဖစ္ၿပီးေတာ့ သင့္ရဲ႕ တက္လမ္းကို ပိတ္ပင္ႏိုင္ၾကပါတယ္။ ဒီလို အေျခအေနမ်ိဳးမွာ ဘာလုပ္လုပ္ အဆင္မေျပမႈမ်ိဳး ၾကဳံရတတ္တာေတြ႕ပါလိမ့္မယ္။
(၄) အိပ္မက္ထဲမွာ အေကာင္းဆုံး အိပ္မက္ကေတာ့…ေလေပၚပ်ံသန္းျခင္းပါပဲ။
ေလေပၚမွာ ေလဟုန္စီးရသလို ခံစားရတာ အရမ္း ေကာင္းပါတယ္။
ဒီလို အိပ္မက္မက္ရင္… လက္ေတြ႕ဘဝမွာ အရမ္းေကာင္းပါတယ္။ သင့္မွာ အခက္အခဲ ႐ွိရင္ အကုန္ေျပလည္တတ္ၿပီး… နာမည္ႀကီးတာ၊ ေအာင္ျမင္မႈရတာမ်ိဳး ၾကဳံရတတ္ပါတယ္။
(၅) အိပ္မက္ထဲမွာ စိတ္ဖိစီးမႈ အေကာင္းဆုံးအိပ္မက္ကေတာ့ စာေမးပြဲေျဖရတာပါပဲ။
သင္ဟာ ဆယ္တန္းၿပီးသည့္တိုင္ ျပန္ေျဖေနရတာျဖစ္ၿပီး ဘယ္လိုမွ ျငင္းပယ္မရတဲ့ အေျခအေနေတြ ျဖစ္တတ္ပါတယ္။
ဒီလိုျဖစ္ရင္… ေကာင္းတဲ့အခ်က္ကေတာ့ အျပင္မွာ ေကာင္းမြန္တဲ့ အလုပ္ကိုင္သစ္တစ္ခုေတြ႕ျခင္း၊ ရာထူးတိုးျခင္းမ်ိဳးေတြ ျဖစ္တတ္ပါတယ္။
သင့္ကို လာေရာက္ အပ္ႏွံေတြလည္း ရတတ္ပါတယ္။
(၆) အိပ္မက္ထဲမွာ တစ္ခါတေလ ေအာ္မရတာ ၾကဳံဖူးမွာပါ။
ဒီအေျခအေနမွာ သင္ဟာ အခက္အခဲ ၾကဳံေနပါတယ္။ သင္ေအာ္ေပမယ့္ သူခိုးဆိုတဲ့ အသံေတာင္ မထြက္လာပါဘူး။
ဒါဟာ သင့္ကို ေဒါသထြက္ေစပါတယ္။ ဒီလို အိပ္မက္မက္ရင္… မိသားစုျပႆနာ တက္ႏိုင္ပါတယ္။
သင့္ရဲ႕ အႀကီးေတြရဲ႕ ျပႆနာျဖစ္ၿပီး သင္ဟာ မကူညီႏိုင္တဲ့ အေနအထားမ်ိဳး ၾကဳံရတတ္တာျဖစ္ပါတယ္။
(၇) အိပ္မက္ မက္တဲ့အခါ ဆိုးတဲ့တခ်က္ ႐ွိပါေသးတယ္။ အဲ့ဒါကေတာ့…ေျပးလို႔မရတာ ျဖစ္ပါတယ္။
သင့္ေနာက္ကို လူသတ္သမားက လိုက္လာတာျဖစ္ျဖစ္၊ သရဲက လိုက္တာျဖစ္ျဖစ္… သင္ေျပးေပမယ့္ ေႏွးလြန္းေနပါလိမ့္မယ္။
ဒါဆို သင့္မွာ ေ႐ွာင္လို႔ မရတဲ့ ျပႆနာေတြ တက္တက္ၿပီးေတာ့… ေျပးလို႔ မလြတ္တဲ့ အေျခအေနျဖစ္တတ္ပါတယ္။
ဒီေဖာ္ျပခဲ့တဲ့ အိပ္မက္ေတြက… လူတိုင္း မက္ဖူးၿပီး ဒီလိုမက္တိုင္း သတိထားၾကည့္ရင္ ဒီလိုအျဖစ္ ၾကဳံရတတ္တာေတြ႕ရပါလိမ့္မယ္။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။