သဇင်ဦးနဲ့ အောင်မင်း ပွဲပိုကြ-မ်းလာပြီ…သဇင်ဦး ပြောပါပြီ
သတင်းဌာနတစ်ခုရဲ့ အယ်ဒီတာကြီးဆိုတဲ့ ပုဂ္ဂိုလ် က far စကားပြောလာလို့ ပြန်ရှင်းပါမယ်နော်။
၁။ခင်များမီဒီယာမှာ သတင်းတင်ဆက်သူလိုနေလို့ အလုပ်လာဆိုပြီး ဦးဟန်ငြိမ်းဦးကို ကားခရှင်းပေးမယ်ဆိုပြီး
ကျောက်ဆည်အထိ လာခေါ်ခိုင်း၊ လူရောက်လာတော့ ကားခ မေ့ချင်ယောင်တာရယ်။
၂။ သတင်းတင်ဆက်ဖို့ ကုတ်အကျီ နဲ့ ဝတ်စုံတွေပိုက်ဆံစိုက်ဝယ်ထားပါ
လကုန်ရင် ပြန်ပေးမယ်ဆိုပြီး တစ်ပြားမှ ပြန်မပေးတဲ့ အကျီဝတ်စုံပြည့်၅သောင်းခွဲ ဖိုးနဲ့ ကုတ်အကျီ ၃ ထည်ဖိုး အကြွေးဘယ်အချိန်ဆပ်မလဲ သိချင်ပါတယ်။
(အစကတည်းက မပေးနိုင်ရင်ဝယ်ပေးမယ်လို့မပြောပါနဲ့)
၃။ အသက် ၆၀ ခန့် ခပ်ဝဝ ပုဂ္ဂိုလ် ဆိုတာခင်များမိတ်ဆွေ ပုံနှိပ်တိုက်ပိုင်ရှင် ခင်များကိုယ်တိုင် ရုံးခန်းမှာမိတ်ဆက်ပေးပြီးစားသောက်စရာတွေ ခင်များရှေ့မှာပဲသူ့ဘာသာဝယ်ပေးခဲ့တာပါ။
၄။ ခင်များဆီ အလုပ်လာလုပ်တာသည်ပါတီကိုမရောက်သေးပါ။
ပါတီမှ အလုပ်ခန့်ပေးတဲ့တရားဝင်ခန့် အပ်လွှာမပေးအပ်သေးလို့ ဆိုတဲ့အဖြေက လွှဲ၍ ကျွန်မ တခြားမပြောခဲ့ပါ။ ဓမ္မဘက်တော်သားအင်ကြင်းမြေ သားဖ နှစ်ဦး သက်သေရှိပါတယ်။
၅။ သတင်းစာရှင်းလင်းပွဲ လာတော့ ကားပေါ်မှာ အမျိုးသား ၄ ယောက်နဲ့ ကျွန်မကဘယ်လိုလုပ် ညအိပ်ညနေ ခရီးသွားရမလဲ…?
ဒါကြောင့် ခင်များမိတ်ဆက်ပေးတဲ့အန်ကယ်နဲ့ လမ်းကြုံလိုက်တာဖြစ်တယ်။၎င်းအန်ကယ်မှာ အသွားသာလမ်းကြုံပြီးအပြန်လမ်းမကြုံတော့လို့ ဦးကျော်စွာ ကားနဲ့ ပြန်လာခဲ့ပါတယ်။
၆။ သတင်းစာရှင်းလင်းပွဲ ကို အနောက်တိုင်းဝတ်စုံခင်များဝတ်ခိုင်းလို့ ၁ လက်မ ဒေါက်ဖိနပ်အမဲ စီးတာပါ။မြန်မာဝတ်စုံဆို ပုံတော်ဖိနပ်၊ ကတ္ထီပါဖိနပ် စီးမှာပါ။
၇။ ဟိုတယ်မှာအတူတည်းဖို့ကိစ္စ လုံးဝ မဖြစ်နိုင်လို့ပါတီဌာနချုပ်ကို အကူညီတောင်းပြီးတည်းခိုခဲ့တာပါ။
၈။ ၎င်း ခရီးစဉ် အစ၊ အလယ်၊ အဆုံး နေစရိတ်စားစရိတ် လမ်းစရိတ် တပြားတစ်ချပ်မှ မပေးခဲ့ပါ။
၉။ ပြီးတော့ ရုံးပေါက်ဝရှေ့ လက်လုပ်ဗုံးအကြိမ်ကြိမ်လာပစ်တဲ့ အတွက် လုံခြုံးရေးစိတ်မချရ၍ အလုပ်ထွက်မည်ဟုသာ အကြောင်းပြ အလုပ်ထွက်ခဲ့ပါသည်။
၁၀။ အလုပ်မှ ထွက်လာပြီး ဟိုတယ်ခေါ်လို့အလုပ်ထွက်သည်ဟု တစ်ကြိမ်တစ်ခါမျှ မပြောခဲ့ပါအထက်ဖော်ပြပါ အခက်ခဲ များကြောင့်အလုပ်ထွက်ရကြောင်းသာပြောပါသည်။
အကယ်၍ ကျွန်မပြောသော စကားများမှားယွင်းတယ်ထင်ပါက ကျောက်ဆည်မြို့မဟာရွှေသိမ်တော် ဘုရား တောက်ဘက်မုခ်တွင်ကန်တော့ပွဲပေး၍
“မမှန်တာပြောသော သူ နေရာတွင် ပွဲချင်းပြီးသွေ-းအန်ပါစေ”ဟု ကြိမ်ဆိုရဲလျှင် ကျွန်မထံ ဆက်သွယ်လိုက်ပါ။ ဖုန်းနံပါတ်များ မပြောင်းလဲသေးပါ။
သဇင်ဦး
Zawgyi Version ဖြင့်ဖတ်ရန်
သဇင်ဦး