News

အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်ကို လုပ်ကြံ

အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်ကို လုပ်ကြံ

ဗိုလ်ချုပ်အုန်းသွင်ကို လုပ်ကြံသ–တ်ဖြ-တ်မှု စစ်ကောင်စီ ရှုတ်ချ

ရုပ်သံကို အောက်ဆုံးတွင် ထည့်ပေးထားပါတယ်။

အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်ကို လုပ်ကြံသ-တ်ဖြ-တ်မှုအပေါ် စစ်ကောင်စီကရှုတ်ချလိုက်ပြီး ဒါဟာစစ်မှုထမ်းဟောင်း တွေကိုရည်ရွယ်ချက်ရှိရှိ လုပ်ကြံသ-တ်ဖြ-တ်နေတာဘဲဖြစ်တယ်လို့

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကVOA ကိုပြောဆိုခဲ့ပါတယ်။

“ဗိုလ်ချုပ်အုန်းသွင်အနေနဲ့လည်း ဘာထောက်တိုင်မှမဟုတ်ပါဘူး၊ တပ်မတော်နဲ့ပတ်သက်လာပြီးတော့ ဝေဘန်စရာရှိရင်လည်း ဝေဘန်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ စစ်မှုထမ်းဟောင်းတွေကို လုပ်ကြံသ-တ်ဖြ-တ်နေတာတွေကိုလည်းတွေ့ရပါမယ်။

ကျနော်ပြောချင်တာက အတိုက်အခံလုပ်ခဲ့တဲ့ ပါတီမှာဘဲဖြစ်ဖြစ်၊ ဘာဘဲဖြစ်ဖြစ်ပေါ့ဗျာ၊ ဗိုလ်ချုပ်ကြီးတင်ဦးကစပြီး၊ ဗိုလ်ချုပ်အောင်ကြီးတို့လည်း စစ်မှုထမ်းဟောင်းတွေဖြစ်ပါတယ်။

သူတို့လုပ်ဆောင်တဲ့ ရည်ရွယ်ချက်သည်၊ သာသနာ့ဝန်ထမ်းတွေ စစ်မှုထမ်းဟောင်းတွေနဲ့ပတ်သက်လာရင် ရည်ရွယ်ချက်တခုနဲ့ လုပ်ကြံသ-တ်ဖြ-တ်နေခြင်းဘဲဖြစ်ပါတယ်။

ဒါတွေဟာသူတို့ပြောတဲ့ ဒီမိုကရေစီလားလို့ဘဲကျနော်တို့ မေးခွန်း ထုတ်ချင်ပါတယ်ခင်ဗျာ”

အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်ဟာ စနေနေ့ နေ့လည် ၃ နာရီလောက်မှာ နေအိမ်မှာပ-စ်သ-တ်ခံခဲ့ရတာဖြစ်ပြီး၊ ပြန်လည် ခုခံဖို့ကြိုးပမ်းတဲ့ သားမက်ဖြစ်သူ ဗိုလ်ကြီးဟောင်း ရဲတေဇလည်း ပ-စ်သ-တ်ခံခဲ့ရပါတယ်။

ဒီပတ်ခတ်မှုနဲ့ပတ်သက်ပြီး “အင်းလျားမြို့ပြပျောက်ကျားအဖွဲ့” Inya Urban Force ကသူတို့လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း မနေ့က ကြေငြာချက်ထုတ် ပြန်ခဲ့တယ်။

လုံခြုံရေးတွေတင်းကြပ်ထားတဲ့ကြားက အဆင့်မြင့်စစ်တပ်အရာရှိဟောင်းကို ပထမဆုံးအကြိမ်ရှင်းလင်းနိုင်ခဲ့ တယ်လို့ဖေါ်ပြထားပါတယ်။

ဦးအုန်းသွင်ဟာ စစ်တပ်ထောက်တိုင်ဖြစ်တာမို့ လှိုင်မြို့နယ် ၁၂ ရပ်ကွက်က အောင်ဓမ္မရိပ်သာလမ်း သူ့နေအိမ်မှာ အခုလို ဝင်ပစ်ခဲ့တာလို့ မြို့ပြ ပြောက်ကျားအဖွဲ့ဝင်တဦးကလည်း ဗွီအိုအေကို ပြောပါတယ်။

ဗိုလ်ချုပ်ဟောင်းအုန်းသွင်ဟာ စစ်အာဏာမသိမ်းခင်တနှစ်ခန့်က အာဏာသိမ်းစရာမလိုဘဲ ၂၀၀၈ ဖွဲ့စည်း ပုံဥပဒေအရ စစ်တပ်ကအာဏာထိန်းလို့ရကြောင်း

စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှုးကြီးစိုးဝင်ထံ စာတမ်းရေး ပို့ခဲ့ကြောင်းနဲ့၊ သူဟာ ဗိုလ်မူးချုပ်ဘဝနဲ့ အငြိမ်းစားယူခဲ့ပြီး

သိရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မော်လဒိုက်နဲ့ တောင်အာဖရိက သံအမတ် တာဝန်ယူခဲ့တယ်လို့ မြို့ပြ ပြောက်ကျားအဖွဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

အောက်ဆုံးတွင် ရုပ်သံကြည့်ရန်

Source – VOA

Zawgyi Version ျဖင့္ဖတ္ရန္

အၿငိမ္းစားဗိုလ္ခ်ဳပ္အုန္းသြင္ကို လုပ္ၾကံ

ဗိုလ္ခ်ဳပ္အုန္းသြင္ကို လုပ္ၾကံသ–တ္ျဖ-တ္မႈ စစ္ေကာင္စီ ႐ႈတ္ခ်

႐ုပ္သံကို ေအာက္ဆုံးတြင္ ထည့္ေပးထားပါတယ္။

အၿငိမ္းစားဗိုလ္ခ်ဳပ္အုန္းသြင္ကို လုပ္ၾကံသ-တ္ျဖ-တ္မႈအေပၚ စစ္ေကာင္စီက႐ႈတ္ခ်လိုက္ၿပီး ဒါဟာစစ္မႈထမ္းေဟာင္း ေတြကိုရည္႐ြယ္ခ်က္႐ွိ႐ွိ လုပ္ၾကံသ-တ္ျဖ-တ္ေနတာဘဲျဖစ္တယ္လို႔

စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကVOA ကိုေျပာဆိုခဲ့ပါတယ္။

“ဗိုလ္ခ်ဳပ္အုန္းသြင္အေနနဲ႔လည္း ဘာေထာက္တိုင္မွမဟုတ္ပါဘူး၊ တပ္မေတာ္နဲ႔ပတ္သက္လာၿပီးေတာ့ ေဝဘန္စရာ႐ွိရင္လည္း ေဝဘန္ေနတာကိုေတြ႕ရမွာျဖစ္ပါတယ္။

အခုေနာက္ပိုင္းမွာ စစ္မႈထမ္းေဟာင္းေတြကို လုပ္ၾကံသ-တ္ျဖ-တ္ေနတာေတြကိုလည္းေတြ႕ရပါမယ္။

က်ေနာ္ေျပာခ်င္တာက အတိုက္အခံလုပ္ခဲ့တဲ့ ပါတီမွာဘဲျဖစ္ျဖစ္၊ ဘာဘဲျဖစ္ျဖစ္ေပါ့ဗ်ာ၊ ဗိုလ္ခ်ဳပ္ႀကီးတင္ဦးကစၿပီး၊ ဗိုလ္ခ်ဳပ္ေအာင္ႀကီးတို႔လည္း စစ္မႈထမ္းေဟာင္းေတြျဖစ္ပါတယ္။

သူတို႔လုပ္ေဆာင္တဲ့ ရည္႐ြယ္ခ်က္သည္၊ သာသနာ့ဝန္ထမ္းေတြ စစ္မႈထမ္းေဟာင္းေတြနဲ႔ပတ္သက္လာရင္ ရည္႐ြယ္ခ်က္တခုနဲ႔ လုပ္ၾကံသ-တ္ျဖ-တ္ေနျခင္းဘဲျဖစ္ပါတယ္။

ဒါေတြဟာသူတို႔ေျပာတဲ့ ဒီမိုကေရစီလားလို႔ဘဲက်ေနာ္တို႔ ေမးခြန္း ထုတ္ခ်င္ပါတယ္ခင္ဗ်ာ”

အၿငိမ္းစားဗိုလ္ခ်ဳပ္အုန္းသြင္ဟာ စေနေန႔ ေန႔လည္ ၃ နာရီေလာက္မွာ ေနအိမ္မွာပ-စ္သ-တ္ခံခဲ့ရတာျဖစ္ၿပီး၊ ျပန္လည္ ခုခံဖို႔ႀကိဳးပမ္းတဲ့ သားမက္ျဖစ္သူ ဗိုလ္ႀကီးေဟာင္း ရဲေတဇလည္း ပ-စ္သ-တ္ခံခဲ့ရပါတယ္။

ဒီပတ္ခတ္မႈနဲ႔ပတ္သက္ၿပီး “အင္းလ်ားၿမိဳ႕ျပေပ်ာက္က်ားအဖြဲ႕” Inya Urban Force ကသူတို႔လုပ္ေဆာင္ခဲ့တာျဖစ္ေၾကာင္း မေန႔က ေၾကျငာခ်က္ထုတ္ ျပန္ခဲ့တယ္။

လုံျခဳံေရးေတြတင္းၾကပ္ထားတဲ့ၾကားက အဆင့္ျမင့္စစ္တပ္အရာ႐ွိေဟာင္းကို ပထမဆုံးအႀကိမ္႐ွင္းလင္းႏိုင္ခဲ့ တယ္လို႔ေဖၚျပထားပါတယ္။

ဦးအုန္းသြင္ဟာ စစ္တပ္ေထာက္တိုင္ျဖစ္တာမို႔ လိႈင္ၿမိဳ႕နယ္ ၁၂ ရပ္ကြက္က ေအာင္ဓမၼရိပ္သာလမ္း သူ႕ေနအိမ္မွာ အခုလို ဝင္ပစ္ခဲ့တာလို႔ ၿမိဳ႕ျပ ေျပာက္က်ားအဖြဲ႕ဝင္တဦးကလည္း ဗြီအိုေအကို ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ေဟာင္းအုန္းသြင္ဟာ စစ္အာဏာမသိမ္းခင္တႏွစ္ခန္႔က အာဏာသိမ္းစရာမလိုဘဲ ၂၀၀၈ ဖြဲ႕စည္း ပုံဥပေဒအရ စစ္တပ္ကအာဏာထိန္းလို႔ရေၾကာင္း

စစ္ေကာင္စီ ဒုေခါင္းေဆာင္ ဒုဗိုလ္ခ်ဳပ္မႈးႀကီးစိုးဝင္ထံ စာတမ္းေရး ပို႔ခဲ့ေၾကာင္းနဲ႔၊ သူဟာ ဗိုလ္မူးခ်ဳပ္ဘဝနဲ႔ အၿငိမ္းစားယူခဲ့ၿပီး

သိရိလကၤာ၊ ဘဂၤလားေဒ့႐ွ္၊ ေမာ္လဒိုက္နဲ႔ ေတာင္အာဖရိက သံအမတ္ တာဝန္ယူခဲ့တယ္လို႔ ၿမိဳ႕ျပ ေျပာက္က်ားအဖြဲ႕ ေၾကညာခ်က္မွာေဖာ္ျပထားပါတယ္။

႐ုပ္သံၾကည့္ရန္

Source – VOA