အရပ်သား ကုန်ကား ဟန်ဆောင်ထားသည့် စစ်ယာဉ်တန်းကို မိုင်းအလုံး ၄၀ ဖြင့် တို-က်ခိုက်
စစ်ကိုင်း-မုံရွာလမ်းတွင် အရပ်သား ကုန်ကား ဟန်ဆောင်ထားသည့် စစ်ယာဉ်တန်းကို မိုင်းအလုံး ၄၀ ဖြင့် တိုက်ခိုက်
ရုပ်သံကိုတော့ အောက်ဆုံးမှာ ထည့်ပေးထားပါတယ်။
ရန်ကုန်၊ စက်တင်ဘာ ၂၅
စစ်ကိုင်း-မုံရွာလမ်းတွင် အရပ်သား ကုန်ကား ဟန်ဆောင်ထားသည့် စစ်ယာဉ်တန်းကို မိုင်းအလုံး ၄၀ ဖြင့် တိုက်ခိုက်ကြောင်း ဒေသခံပြည်သူကာကွယ်ရေးအဖွဲခေါင်းဆောင်က ပြောဆိုသည်။
စစ်တင်ဘာ၂၅ရက်နေ့ နံနက် ၁၁နာရီကျော်အချိန် ၊ စစ်ကိုင်းမြို့တပ်ရင်း ၃၃မှ အရပ်သားကုန်တင်ကား ဟန်ဆောင်ထားသော စစ်ကားတန်း မုံရွာမြို့ဘက်ကိုထွက်လာသဖြင့်
မိုင်းအလုံး၄၀ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသ ပြည်သူ့ကာကွယ်ရေးတပ်က ပြောသည်။
” ဒီကောင်တွေ စစ်ကိုင်းတပ်ရင်း ၃၃ ကနေ အရပ်သားကုန်ကားဟန်ဆောင်ပြီး မိုးကာတွေ အုပ်ပြီး မုံရွာဘက်ထွက်လာမယ်ဆိုတာကို
တပ်တွင်းဖရဲသီးက ကြိုတင်သတင်းပေးတာတွေ လုပ်လာလို့ အခုလိုတိုက်ခိုက်နိုင်ခဲ့တာ။
ပထမ မိုးကာအုပ် ကား ၅ စီးစတင်ထွက်ခွာလာပြီး ထီးဆောင်းနဲ့ ကံပြားရွာအကြားမှာ ပဒေသာမိုင်း ၁၅လုံး နဲ့ နေရာ နှစ်နေရာ ကနေထောင်ပြီးတိုက်ခိုက်နိုင်ခဲ့တယ်။
နောက်တစ်နေရာမှာတော့ ဒီကောင်တွေ ၅စီး အဖွဲ့လိုက်မသွားတော့ဘဲ ညောင်ပင်ဝန်းရွာကနေ ၃စီးအရင်ခွဲလွှတ်တယ်။
အဲဒီ ၃ စီးကိုလည်း နဘဲကြူးရွာနဲ့ပျော့ရွာအကြားမှာ ပဒေသာမိုင်း၁၀လုံးနဲ့ တိုက်ခိုက် နိုင်ခဲ့တယ်ဗျ။ အကျအဆုံးကတော့အတိကျမသိရသေးဘူး။
ကျွန်တော်တို့တစ်တွေတော့ ၄၀ မမ တွေနဲ့နောက်ကလိုက်ပစ်လို အသက်လုပြေးခဲ့ရတယ်။အထိခိုက်တော့မရှိခဲဘူး” ဟု စစ်ကိုင်း Zero Power တာဝန်ရှိသူခေါင်းဆောင်ကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းZero powerအဖွဲ့၊မြင်ခြံ zeroပြောက်ကြားတပ်ဖွဲ့နှင့် နွေဦးရဲဘော် စစ်ကိုင်းအဖွဲ့တို့က ပူးတွဲတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
အောက်ဆုံးတွင် ရုပ်သံကြည့်ရန်
Source – Zero Power
Zawgyi Version ျဖင့္ဖတ္ရန္
အရပ္သား ကုန္ကား ဟန္ေဆာင္ထားသည့္ စစ္ယာဥ္တန္းကို မိုင္းအလုံး ၄၀ ျဖင့္ တို-က္ခိုက္
စစ္ကိုင္း-မုံ႐ြာလမ္းတြင္ အရပ္သား ကုန္ကား ဟန္ေဆာင္ထားသည့္ စစ္ယာဥ္တန္းကို မိုင္းအလုံး ၄၀ ျဖင့္ တိုက္ခိုက္
႐ုပ္သံကိုေတာ့ ေအာက္ဆုံးမွာ ထည့္ေပးထားပါတယ္။
ရန္ကုန္၊ စက္တင္ဘာ ၂၅
စစ္ကိုင္း-မုံ႐ြာလမ္းတြင္ အရပ္သား ကုန္ကား ဟန္ေဆာင္ထားသည့္ စစ္ယာဥ္တန္းကို မိုင္းအလုံး ၄၀ ျဖင့္ တိုက္ခိုက္ေၾကာင္း ေဒသခံျပည္သူကာကြယ္ေရးအဖြဲေခါင္းေဆာင္က ေျပာဆိုသည္။
စစ္တင္ဘာ၂၅ရက္ေန႔ နံနက္ ၁၁နာရီေက်ာ္အခ်ိန္ ၊ စစ္ကိုင္းၿမိဳ႕တပ္ရင္း ၃၃မွ အရပ္သားကုန္တင္ကား ဟန္ေဆာင္ထားေသာ စစ္ကားတန္း မုံ႐ြာၿမိဳ႕ဘက္ကိုထြက္လာသျဖင့္
မိုင္းအလုံး၄၀ျဖင့္ တိုက္ခိုက္ခဲ့ေၾကာင္း ေဒသ ျပည္သူ႕ကာကြယ္ေရးတပ္က ေျပာသည္။
” ဒီေကာင္ေတြ စစ္ကိုင္းတပ္ရင္း ၃၃ ကေန အရပ္သားကုန္ကားဟန္ေဆာင္ၿပီး မိုးကာေတြ အုပ္ၿပီး မုံ႐ြာဘက္ထြက္လာမယ္ဆိုတာကို
တပ္တြင္းဖရဲသီးက ႀကိဳတင္သတင္းေပးတာေတြ လုပ္လာလို႔ အခုလိုတိုက္ခိုက္ႏိုင္ခဲ့တာ။
ပထမ မိုးကာအုပ္ ကား ၅ စီးစတင္ထြက္ခြာလာၿပီး ထီးေဆာင္းနဲ႔ ကံျပား႐ြာအၾကားမွာ ပေဒသာမိုင္း ၁၅လုံး နဲ႔ ေနရာ ႏွစ္ေနရာ ကေနေထာင္ၿပီးတိုက္ခိုက္ႏိုင္ခဲ့တယ္။
ေနာက္တစ္ေနရာမွာေတာ့ ဒီေကာင္ေတြ ၅စီး အဖြဲ႕လိုက္မသြားေတာ့ဘဲ ေညာင္ပင္ဝန္း႐ြာကေန ၃စီးအရင္ခြဲလႊတ္တယ္။
အဲဒီ ၃ စီးကိုလည္း နဘဲၾကဴး႐ြာနဲ႔ေပ်ာ့႐ြာအၾကားမွာ ပေဒသာမိုင္း၁၀လုံးနဲ႔ တိုက္ခိုက္ ႏိုင္ခဲ့တယ္ဗ်။ အက်အဆုံးကေတာ့အတိက်မသိရေသးဘူး။
ကြၽန္ေတာ္တို႔တစ္ေတြေတာ့ ၄၀ မမ ေတြနဲ႔ေနာက္ကလိုက္ပစ္လို အသက္လုေျပးခဲ့ရတယ္။အထိခိုက္ေတာ့မ႐ွိခဲဘူး” ဟု စစ္ကိုင္း Zero Power တာဝန္႐ွိသူေခါင္းေဆာင္ကေျပာသည္။
အဆိုပါတိုက္ခိုက္မႈကို စစ္ကိုင္းZero powerအဖြဲ႕၊ျမင္ျခံ zeroေျပာက္ၾကားတပ္ဖြဲ႕ႏွင့္ ေႏြဦးရဲေဘာ္ စစ္ကိုင္းအဖြဲ႕တို႔က ပူးတြဲတိုက္ခိုက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိ႐ွိရသည္။
႐ုပ္သံၾကည့္ရန္
Source – Zero Power