ကြားသိရသမျှ

ဆယ်တန်းအောင် ဘွဲ့ရတဲ့သူတွေထက် ဝင်ငွေပိုကောင်းနေကြသူများ…

ဆယ်တန်းအောင် ဘွဲ့ရတဲ့သူတွေထက် ဝင်ငွေပိုကောင်းနေကြသူများ…

မြန်မာပြည်မှာ ဆယ်တန်းအောင် ဘွဲ့ရတဲ့သူတွေထက် လတ်တလော ဝင်ငွေပိုကောင်းနေကြသူများ

မိမိတို့ လူပျိုပေါက်အရွယ်က ဒဂုံဆိပ်ကမ်းဘက်မှာ တန်ဖိုးနည်းအိမ်ယာတွေပေါ်တော့ အဲ့မှာနေတဲ့သူငယ်ချင်းတစ်ယောက်ဆီ ခဏခဏသွားလည်ဖူးတယ်။

ကြာလာတော့ အဲဒီရပ်ကွက်ထဲကလူတွေနဲ့ မျက်မှန်းတန်းမိလာတာပေါ့။

ဒီကောင့် အိမ်ရှေ့မျက်နှာချင်းဆိုင်က မြေညီထပ်မှာ ကုန်စုံဆိုင်ကြီး။ ကြီးလိုက်တာမှ ဟီးထနေတာပဲ။ ဘာလိုလိုအကုန်ရတယ်။

မနက်မိုးလင်းရင်တော့ အဲဒီအိမ်က အဒေါ်ကြီးတစ်ယောက် ယောဂီဝတ်စုံနဲ့ တဘက်လေး တစ်ထည် ပုခုံးပေါ်တင်ပြီး မြို့ထဲသွားတာ အမြဲတွေ့ရတယ်။

ဘယ်သွားလဲ ဘာသွားလုပ်သလဲ ဘယ်သူမှ မသိကြဘူး။ တစ်ယောက်ယောက်က ကိစ္စတစ်ခုခုရှိလို့ ကုန်စုံဆိုင်မှာ အဒေါ်ကြီးကို လာမေးရင်

အိမ်က သူ့သမီးတွေသမက်တွေက “အမေကြီးအလုပ်သွားတယ်” လို့ပဲ အမြဲပြန်ဖြေသံ ကြားရတတ်တယ်။

တရက်တော့ သူငယ်ချင်း၂ယောက်သား စာအုပ်ဆိုင်တွေ ဝင်မွှေရင်း ရွှေဘုံသာလမ်းထဲက ဖြတ်အပြန် လမ်းဘေးပလက်ဖောင်းပေါ်မှာ ယောဂီတဘက်လေးခင်းပြီး

အလှုခံနေတဲ့ အမျိုးသမီးတစ်ယောက်ကို မြင်ဖူးသလိုလို ထင်လာလို့ အနားမသိမသာကပ်ကြည့်တော့မှ သူမှသူအစစ်။ ကုန်စုံဆိုင်က အဒေါ်ကြီး။

 

ဖြန့်ခင်းထားတဲ့ယောဂီတဘက်ပေါ်မှာ ပက်ဆံတွေမှ ဖွေးဖွေးလှုပ်ပဲ။ သူငယ်ချင်းက လက်ကုပ်ပြီး မိမိကို မသိမလိုနေဖို့ပြောတယ်။

သိပ်အံ့သြမနေနဲ့ သူတို့ရပ်ကွက်မှာ ဒါတွေက သိပ်အထူးအဆန်း မဟုတ်ဘူးတဲ့။

သူတို့တိုက်မျက်စောင်းထိုးမှာနေတဲ့ ဦးဘထူးကို သိလားတဲ့။ အေးသိတယ်လေ တီဗွီပြင်ဆိုင်ဖွင့်တဲ့ ဦးလေးကြီးမလား လို့။ အေး အဲဒါဖောက်ထွင်းဝိဇ္ဇာကြီး တဲ့။

“မင်းကဘယ်လိုသိတာလဲ” လို့မေးတော့။ သူ့ဆိုင်မှာ တီဗွီပြင်တာ မင်းဘယ်နှခါမြင်ဖူးလဲလို့ သူကပြန်မေးတယ်။

အေးတီဗွီပြင်တာတော့ တစ်ခါမှ မတွေ့ဖူးဘူး နေ့လည်နေ့ခင်းဆို ဆိုင်ထဲ သင်ဖြူးဖျာတစ်ချပ်ခင်းပြီး အိပ်နေတာတော့တွေ့တယ်လို့။

တီဗွီပြင်ဆိုင်ဖွင့်ထားပြီး တီဗွီတစ်ခါမှမပြင်ပဲ ချောင်ချောင်လည်လည်စ ားလိုက်သောက်လိုက် ၂လုံး၃လုံးထိုးလိုက်နဲ့ နှပ်နေကတည်းက ဒီလမ်းထဲကလူတွေက မြွေမြွေချင်းခြေမြင်ပြီးသားလို့ ရှင်းပြတယ်။

ထောင်ကလွတ်လာတာလဲသိပ်မကြာသေးဘူး တဲ့။

ဒါမယ့် အဲဒီကုန်စုံဆိုင်က ယောဂီဝတ်အဒေါ်ကြီးတို့ တီဗွီပြင်ဆိုင်က ဖောက်ထွင်းဝိဇ္ဇာဦးဘထူးတို့ရဲ့ ဝင်ငွေလောက်ကို ပတ်စပို့ရုံးက အူးဇင်းငမဲက ရီတယ်တဲ့။

အူးဇင်းငမဲက ဘာတုန်း ပတ်စပို့ရုံးမှာလုပ်တာလား။ မိမိကမေးတယ်။

မဟုတ်ဘူးဟ အူးဇင်းငမဲဆိုတာ အသားမည်းမည်းဂင်တိုတိုနဲ့ ငါတို့နောက်လမ်းမှာနေတဲ့ ဦးလေးကြီး။ မိန်းမနဲ့ကလေး ၅ ယောက်ရှိတယ်။

မနက်မိုးလင်းရင် သူက သင်္ကန်းရုံ သပိတ်တစ်လုံးလွယ် သူ့သား ၂ ယောက်က အင်္ကျီအဖြူလည်ဂတုံးနဲ့ ယောဂီရောင်ပုဆိုးဝတ်ပြီး ပတ်စပို့ရုံးကို ချီတက်ကြတော့တာပဲ။

ကြေးစည်တွေ ဆန်တောင်းတွေလဲ ပါတာပေါ့။

ရန်ကင်းစက်မှု ၁ နားက ပတ်စပို့ရုံးမှာ တန်းစီနေတဲ့ လူတန်းကြီးဆီ ရောက်တာနဲ့ အူးဇင်းငမဲက အရမ်းအိန္ဒြေကြီးတဲ့ စတိုင်နဲ့ စိတ်ပုတီးအလုံးကြီးကြီးလွယ် မျက်လွှာချ သပိတ်ကိုပိုက်ပြီး

လူတန်းကြီးရဲ့ ဘေးကနေတစ်လှမ်းချင်းလျှောက် သူ့သား ၂ ယောက်က အူးဇင်းကြီးက ဘယ်မှာ အဓိဌာန်ဝင်ပြီး ရန်ကုန်ပြန်ကြွလာတာဖြစ်ပါတယ်နော်

နိုင်ငံရပ်ခြားမှာ အလုပ်အကိုင်တွေ အဆင်ပြေအောင် အူးဇင်းကြီး ဆွမ်းကွမ်းဝေယျာဝိစ္စအတွက်စေတနာသဒ္ဒါ ရှိသလောက်လှုကြပါ ဘာညာနဲ့အာရိုက်တော့

ပတ်စပို့လာလျှောက်တဲ့ လူတွေဆိုတာ နိုင်ငံခြားမှာ အလုပ်အကိုင်လေး အဆင်ပြေအောင်ဆိုတဲ့ မျှော်လင့်ချက်ကလေးအစ ပေးထားတော့ လှုလိုက်ကြတာဆိုတာ အတန်ကြီးတွေချည်းပဲ။

လူတွေက အတန်ကြီးတစ်ရွက်လောက်လှုလိုက် အူးဇင်းက ပွစိပွစိဆုပေးလိုက် နဲ့ လူတန်းကြီးလည်းဆုံး၊ တမနက်ကုန်ရင် အိမ်စရိတ်ချန်ပြီးရွှေတစ်မတ်သား ပုံမှန်ဝယ်ပြီးမှ ပြန်ကြသတဲ့။

ခုလို နိုင်ငံရပ်ခြားမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး အိပ်မရတဲ့ညတွေတိုင်း ရွာကဦးဇင်း ငမဲတို့လို လူတွေအကြောင်း တွေးမိရင် နောင်တရချင်သလိုလိုတောင် ဖြစ်မိတယ်။

မြန်မာပြည်ဆိုတာ လူအကြောင်းကောင်းကောင်းသိတဲ့ လူတွေအတွက်တော့ သိပ်ကို ချိုမြိန်ပြီး လုပ်စားလို့ အင်မတန်ကောင်းတဲ့ သကာတွင်းကြီးပဲ။

Source – Oup Kar

Zawgyi Version ျဖင့္ဖတ္ရန္

ဆယ္တန္းေအာင္ ဘြဲ႕ရတဲ့သူေတြထက္ ဝင္ေငြပိုေကာင္းေနၾကသူမ်ား…

ျမန္မာျပည္မွာ ဆယ္တန္းေအာင္ ဘြဲ႕ရတဲ့သူေတြထက္ လတ္တေလာ ဝင္ေငြပိုေကာင္းေနၾကသူမ်ား

မိမိတို႔ လူပ်ိဳေပါက္အ႐ြယ္က ဒဂုံဆိပ္ကမ္းဘက္မွာ တန္ဖိုးနည္းအိမ္ယာေတြေပၚေတာ့ အဲ့မွာေနတဲ့သူငယ္ခ်င္းတစ္ေယာက္ဆီ ခဏခဏသြားလည္ဖူးတယ္။

ၾကာလာေတာ့ အဲဒီရပ္ကြက္ထဲကလူေတြနဲ႔ မ်က္မွန္းတန္းမိလာတာေပါ့။

ဒီေကာင့္ အိမ္ေ႐ွ႕မ်က္ႏွာခ်င္းဆိုင္က ေျမညီထပ္မွာ ကုန္စုံဆိုင္ႀကီး။ ႀကီးလိုက္တာမွ ဟီးထေနတာပဲ။ ဘာလိုလိုအကုန္ရတယ္။

မနက္မိုးလင္းရင္ေတာ့ အဲဒီအိမ္က အေဒၚႀကီးတစ္ေယာက္ ေယာဂီဝတ္စုံနဲ႔ တဘက္ေလး တစ္ထည္ ပုခုံးေပၚတင္ၿပီး ၿမိဳ႕ထဲသြားတာ အၿမဲေတြ႕ရတယ္။

ဘယ္သြားလဲ ဘာသြားလုပ္သလဲ ဘယ္သူမွ မသိၾကဘူး။ တစ္ေယာက္ေယာက္က ကိစၥတစ္ခုခု႐ွိလို႔ ကုန္စုံဆိုင္မွာ အေဒၚႀကီးကို လာေမးရင္

အိမ္က သူ႕သမီးေတြသမက္ေတြက “အေမႀကီးအလုပ္သြားတယ္” လို႔ပဲ အၿမဲျပန္ေျဖသံ ၾကားရတတ္တယ္။

တရက္ေတာ့ သူငယ္ခ်င္း၂ေယာက္သား စာအုပ္ဆိုင္ေတြ ဝင္ေမႊရင္း ေ႐ႊဘုံသာလမ္းထဲက ျဖတ္အျပန္ လမ္းေဘးပလက္ေဖာင္းေပၚမွာ ေယာဂီတဘက္ေလးခင္းၿပီး

အလႈခံေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ကို ျမင္ဖူးသလိုလို ထင္လာလို႔ အနားမသိမသာကပ္ၾကည့္ေတာ့မွ သူမွသူအစစ္။ ကုန္စုံဆိုင္က အေဒၚႀကီး။

ျဖန္႔ခင္းထားတဲ့ေယာဂီတဘက္ေပၚမွာ ပက္ဆံေတြမွ ေဖြးေဖြးလႈပ္ပဲ။ သူငယ္ခ်င္းက လက္ကုပ္ၿပီး မိမိကို မသိမလိုေနဖို႔ေျပာတယ္။

သိပ္အံ့ၾသမေနနဲ႔ သူတို႔ရပ္ကြက္မွာ ဒါေတြက သိပ္အထူးအဆန္း မဟုတ္ဘူးတဲ့။

သူတို႔တိုက္မ်က္ေစာင္းထိုးမွာေနတဲ့ ဦးဘထူးကို သိလားတဲ့။ ေအးသိတယ္ေလ တီဗြီျပင္ဆိုင္ဖြင့္တဲ့ ဦးေလးႀကီးမလား လို႔။ ေအး အဲဒါေဖာက္ထြင္းဝိဇၨာႀကီး တဲ့။

“မင္းကဘယ္လိုသိတာလဲ” လို႔ေမးေတာ့။ သူ႕ဆိုင္မွာ တီဗြီျပင္တာ မင္းဘယ္ႏွခါျမင္ဖူးလဲလို႔ သူကျပန္ေမးတယ္။

ေအးတီဗြီျပင္တာေတာ့ တစ္ခါမွ မေတြ႕ဖူးဘူး ေန႔လည္ေန႔ခင္းဆို ဆိုင္ထဲ သင္ျဖဴးဖ်ာတစ္ခ်ပ္ခင္းၿပီး အိပ္ေနတာေတာ့ေတြ႕တယ္လို႔။

တီဗြီျပင္ဆိုင္ဖြင့္ထားၿပီး တီဗြီတစ္ခါမွမျပင္ပဲ ေခ်ာင္ေခ်ာင္လည္လည္စ ားလိုက္ေသာက္လိုက္ ၂လုံး၃လုံးထိုးလိုက္နဲ႔ ႏွပ္ေနကတည္းက ဒီလမ္းထဲကလူေတြက ေႁမြေႁမြခ်င္းေျချမင္ၿပီးသားလို႔ ႐ွင္းျပတယ္။

ေထာင္ကလြတ္လာတာလဲသိပ္မၾကာေသးဘူး တဲ့။

ဒါမယ့္ အဲဒီကုန္စုံဆိုင္က ေယာဂီဝတ္အေဒၚႀကီးတို႔ တီဗြီျပင္ဆိုင္က ေဖာက္ထြင္းဝိဇၨာဦးဘထူးတို႔ရဲ႕ ဝင္ေငြေလာက္ကို ပတ္စပို႔႐ုံးက အူးဇင္းငမဲက ရီတယ္တဲ့။

အူးဇင္းငမဲက ဘာတုန္း ပတ္စပို႔႐ုံးမွာလုပ္တာလား။ မိမိကေမးတယ္။

မဟုတ္ဘူးဟ အူးဇင္းငမဲဆိုတာ အသားမည္းမည္းဂင္တိုတိုနဲ႔ ငါတို႔ေနာက္လမ္းမွာေနတဲ့ ဦးေလးႀကီး။ မိန္းမနဲ႔ကေလး ၅ ေယာက္႐ွိတယ္။

မနက္မိုးလင္းရင္ သူက သကၤန္း႐ုံ သပိတ္တစ္လုံးလြယ္ သူ႕သား ၂ ေယာက္က အက်ႌအျဖဴလည္ဂတုံးနဲ႔ ေယာဂီေရာင္ပုဆိုးဝတ္ၿပီး ပတ္စပို႔႐ုံးကို ခ်ီတက္ၾကေတာ့တာပဲ။

ေၾကးစည္ေတြ ဆန္ေတာင္းေတြလဲ ပါတာေပါ့။

ရန္ကင္းစက္မႈ ၁ နားက ပတ္စပို႔႐ုံးမွာ တန္းစီေနတဲ့ လူတန္းႀကီးဆီ ေရာက္တာနဲ႔ အူးဇင္းငမဲက အရမ္းအိေႁႏၵႀကီးတဲ့ စတိုင္နဲ႔ စိတ္ပုတီးအလုံးႀကီးႀကီးလြယ္ မ်က္လႊာခ် သပိတ္ကိုပိုက္ၿပီး

လူတန္းႀကီးရဲ႕ ေဘးကေနတစ္လွမ္းခ်င္းေလွ်ာက္ သူ႕သား ၂ ေယာက္က အူးဇင္းႀကီးက ဘယ္မွာ အဓိဌာန္ဝင္ၿပီး ရန္ကုန္ျပန္ႂကြလာတာျဖစ္ပါတယ္ေနာ္

ႏိုင္ငံရပ္ျခားမွာ အလုပ္အကိုင္ေတြ အဆင္ေျပေအာင္ အူးဇင္းႀကီး ဆြမ္းကြမ္းေဝယ်ာဝိစၥအတြက္ေစတနာသဒၵါ ႐ွိသေလာက္လႈၾကပါ ဘာညာနဲ႔အာ႐ိုက္ေတာ့

ပတ္စပို႔လာေလွ်ာက္တဲ့ လူေတြဆိုတာ ႏိုင္ငံျခားမွာ အလုပ္အကိုင္ေလး အဆင္ေျပေအာင္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကေလးအစ ေပးထားေတာ့ လႈလိုက္ၾကတာဆိုတာ အတန္ႀကီးေတြခ်ည္းပဲ။

လူေတြက အတန္ႀကီးတစ္႐ြက္ေလာက္လႈလိုက္ အူးဇင္းက ပြစိပြစိဆုေပးလိုက္ နဲ႔ လူတန္းႀကီးလည္းဆုံး၊ တမနက္ကုန္ရင္ အိမ္စရိတ္ခ်န္ၿပီးေ႐ႊတစ္မတ္သား ပုံမွန္ဝယ္ၿပီးမွ ျပန္ၾကသတဲ့။

ခုလို ႏိုင္ငံရပ္ျခားမွာ ပင္ပင္ပန္းပန္း အလုပ္လုပ္ၿပီး အိပ္မရတဲ့ညေတြတိုင္း ႐ြာကဦးဇင္း ငမဲတို႔လို လူေတြအေၾကာင္း ေတြးမိရင္ ေနာင္တရခ်င္သလိုလိုေတာင္ ျဖစ္မိတယ္။

ျမန္မာျပည္ဆိုတာ လူအေၾကာင္းေကာင္းေကာင္းသိတဲ့ လူေတြအတြက္ေတာ့ သိပ္ကို ခ်ိဳၿမိန္ၿပီး လုပ္စားလို႔ အင္မတန္ေကာင္းတဲ့ သကာတြင္းႀကီးပဲ။

Source – Oup Kar