News

စစ်တပ်နှင့် တိုက်ပွဲပြင်းထန်ချိန် PDF အမျိုးသမီးရဲဘော်များပါ ပါဝင်…

စစ်တပ်နှင့် တိုက်ပွဲပြင်းထန်ချိန် PDF အမျိုးသမီးရဲဘော်များပါ ပါဝင်…

တမူးတွင် ယမန်နေ့ စစ်တပ်နှင့်တိုက်ပွဲပြင်းထန်ချိန် PDF အမျိုးသမီးရဲဘော်များပါ ပါဝင်တို-က်ခိုက်၊ စစ်တပ်အထိနာခဲ့

ရုပ်သံကိုတော့ အောက်ဆုံးမှာ ထည့်ပေးထားပါတယ်။

ရန်ကုန်၊ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ယမန်နေ့ စစ်တပ်နှင့်တိုက်ပွဲပြင်းထန်ချိန် အမျိုးသမီးတော်လှန်ရေး ရဲဘော်များပါ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်တပ်အထိနာခဲ့ကြောင်း တမူးမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းမှ ညနေပိုင်းအထိ ၁ နာရီပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသာစီးဖြင့် စစ်ကောင်စီတပ်များ အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း

အမျိုးသမီး စစ်သည်များကလည်း လက်သံပြောင်စွာ ပါဝင်တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။ “မနေ့ မွန်းလွဲ ၂ နာရီ ၄၀ ကနေ ညနေ ‌၄ နာရီ ၁၅ မိနစ်အထိ တိုက်ပွဲဖြစ်ကြတယ်။

တိုက်ပွဲက ၁နာရီခွဲလောက် ကြာခဲ့တယ်။ PDFတပ်ရင်း-၁နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တမူးအထက်ပိုင်းအောင်ဇေယျရွာက ဆင်းလာတဲ့ စစ်‌ေ-ခွး စစ်ကြောင်း သံချပ်ကာ၁စီး၊ ကား၅စီးနဲ့ အင်အား၆၀ ဝန်းကျင်ကို

တမူးအဝင်ချောက်နက်ကြီးနားမှာ နှစ်ဖက်ညှပ်ပြီးတိုက်ခိုက်ခဲ့ကြတာပါ။ ကျနော်တို့ပစ်တဲ့ ၄၀မမကျည်တွေ အီနာဂါတွေက ခွေးတွေရဲ့ယာဉ်တန်းကြားတွေထဲကျပြီး ကားတွေရပ်ကုန်တယ်။

‌ေ-ခွးတွေ ကစဉ့်ကလျားပြေးလွှားနေတာ။ ကျနော်တို့ရဲဘော်တွေကအပေါ်စီးကနေ တရစပ်ပစ်ကြတော့ ‌ေ-ခွးတွေ မြို့ထဲမဝင်နိုင်ပဲ ပိတ်မိနေကြတယ်၊

ကျနော်တို့ မျက်စိရှေ့မှာတင် ‌ေ-ခွးတွေ တုံးခနဲလဲလဲကျသွားတာတွေကို ကျနော်တို့က အပေါ်စီးကနေ အတိုင်းသားမြင်နေကြရတယ်၊

သူတို့ ပိတ်မိပြီး မထွက်နိုင်ကြတော့ တမူးက စစ်တပ်နဲ့ပျူတွေက ကား၆စီး ဆိုင်ကယ်၁၂စီးနဲ့စစ်ကူလာကြတယ်။

အဲ့ဒီကျမှသူတို့ ကျနော်တို့ဘက်ကို လက်နက်ကြီးတွေ စကလတ် ငါးကြင်းမြှီးတွေနဲ့တရစပ်ပစ်လို့ ကျနော်တို့ခေါင်းမဖော်နိုင်မှ သူတို့ မြို့ထဲကိုဝင်နိုင်သွားတာ၊

ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေအားလုံးဘေးကင်းစွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြပါတယ်” ဟု ဒေသကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ တမူးမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်း ကျန်းနေသည့် စစ်အုပ်စုကို စက်တင်ဘာလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ABSDF ကျောင်းသားတပ်မတော်၊

ကူကီး အမျိုးသားတပ်မတော် – KNA (Burma) နှင့် PDF – CEU တပ်ဖွဲ့တွေ ပူးပေါင်းပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်း ထိခိုက်TAYဆုံးပြီး

ကစဉ့်ကလျှား ဆုတ်ခွာ ထွက်ပြေး သွားကြောင်း PDF – CEU တပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

အောက်ဆုံးတွင် ရုပ်သံကြည့်ရန်

SOURCE (PDF – CEU)

Zawgyi Version ျဖင့္ဖတ္ရန္

စစ္တပ္ႏွင့္ တိုက္ပြဲျပင္းထန္ခ်ိန္ PDF အမ်ိဳးသမီးရဲေဘာ္မ်ားပါ ပါဝင္…

တမူးတြင္ ယမန္ေန႔ စစ္တပ္ႏွင့္တိုက္ပြဲျပင္းထန္ခ်ိန္ PDF အမ်ိဳးသမီးရဲေဘာ္မ်ားပါ ပါဝင္တို-က္ခိုက္၊ စစ္တပ္အထိနာခဲ့

႐ုပ္သံကိုေတာ့ ေအာက္ဆုံးမွာ ထည့္ေပးထားပါတယ္။

ရန္ကုန္၊ စက္တင္ဘာ ၂၅

စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕နယ္တြင္ ယမန္ေန႔ စစ္တပ္ႏွင့္တိုက္ပြဲျပင္းထန္ခ်ိန္ အမ်ိဳးသမီးေတာ္လွန္ေရး ရဲေဘာ္မ်ားပါ ပါဝင္တိုက္ခိုက္ခဲ့ၿပီး စစ္တပ္အထိနာခဲ့ေၾကာင္း တမူးၿမိဳ႕နယ္အေျခစိုက္ ေဒသကာကြယ္ေရးတပ္မ်ားထံမွ သိ႐ွိရသည္။

စက္တင္ဘာလ ၂၄ ရက္ေန႔ မြန္းလြဲပိုင္းမွ ညေနပိုင္းအထိ ၁ နာရီပါး တိုက္ပြဲျဖစ္ပြားခဲ့ၿပီး အသာစီးျဖင့္ စစ္ေကာင္စီတပ္မ်ား အထိနာေအာင္ တိုက္ခိုက္ႏိုင္ခဲ့ေၾကာင္း

အမ်ိဳးသမီး စစ္သည္မ်ားကလည္း လက္သံေျပာင္စြာ ပါဝင္တိုက္ခိုက္ခဲ့ၾကေၾကာင္း သိ႐ွိရသည္။ “မေန႔ မြန္းလြဲ ၂ နာရီ ၄၀ ကေန ညေန ‌၄ နာရီ ၁၅ မိနစ္အထိ တိုက္ပြဲျဖစ္ၾကတယ္။

တိုက္ပြဲက ၁နာရီခြဲေလာက္ ၾကာခဲ့တယ္။ PDFတပ္ရင္း-၁နဲ႔မဟာမိတ္ပူးေပါင္းအဖြဲ႕ေတြက တမူးအထက္ပိုင္းေအာင္ေဇယ်႐ြာက ဆင္းလာတဲ့ စစ္‌ေ-ခြး စစ္ေၾကာင္း သံခ်ပ္ကာ၁စီး၊ ကား၅စီးနဲ႔ အင္အား၆၀ ဝန္းက်င္ကို

တမူးအဝင္ေခ်ာက္နက္ႀကီးနားမွာ ႏွစ္ဖက္ညႇပ္ၿပီးတိုက္ခိုက္ခဲ့ၾကတာပါ။ က်ေနာ္တို႔ပစ္တဲ့ ၄၀မမက်ည္ေတြ အီနာဂါေတြက ေခြးေတြရဲ႕ယာဥ္တန္းၾကားေတြထဲက်ၿပီး ကားေတြရပ္ကုန္တယ္။

‌ေ-ခြးေတြ ကစဥ့္ကလ်ားေျပးလႊားေနတာ။ က်ေနာ္တို႔ရဲေဘာ္ေတြကအေပၚစီးကေန တရစပ္ပစ္ၾကေတာ့ ‌ေ-ခြးေတြ ၿမိဳ႕ထဲမဝင္ႏိုင္ပဲ ပိတ္မိေနၾကတယ္၊

က်ေနာ္တို႔ မ်က္စိေ႐ွ႕မွာတင္ ‌ေ-ခြးေတြ တုံးခနဲလဲလဲက်သြားတာေတြကို က်ေနာ္တို႔က အေပၚစီးကေန အတိုင္းသားျမင္ေနၾကရတယ္၊

သူတို႔ ပိတ္မိၿပီး မထြက္ႏိုင္ၾကေတာ့ တမူးက စစ္တပ္နဲ႔ပ်ဴေတြက ကား၆စီး ဆိုင္ကယ္၁၂စီးနဲ႔စစ္ကူလာၾကတယ္။

အဲ့ဒီက်မွသူတို႔ က်ေနာ္တို႔ဘက္ကို လက္နက္ႀကီးေတြ စကလတ္ ငါးၾကင္းၿမႇီးေတြနဲ႔တရစပ္ပစ္လို႔ က်ေနာ္တို႔ေခါင္းမေဖာ္ႏိုင္မွ သူတို႔ ၿမိဳ႕ထဲကိုဝင္ႏိုင္သြားတာ၊

က်ေနာ္တို႔ ပူးေပါင္းတပ္ဖြဲ႕ဝင္ေတြအားလုံးေဘးကင္းစြာ ျပန္လည္ဆုတ္ခြာလာႏိုင္ခဲ့ၾကပါတယ္” ဟု ေဒသကာကြယ္ေရးတပ္မွ ရဲေဘာ္တစ္ဦးက ေျပာသည္။

စက္တင္ဘာလ ၂၄ ရက္ေန႔ တမူးၿမိဳ႕နယ္ထဲ ႐ြာစဥ္ပတ္ေမႊ လုယက္ေသာင္း က်န္းေနသည့္ စစ္အုပ္စုကို စက္တင္ဘာလ ၂၄ ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ABSDF ေက်ာင္းသားတပ္မေတာ္၊

ကူကီး အမ်ိဳးသားတပ္မေတာ္ – KNA (Burma) ႏွင့္ PDF – CEU တပ္ဖြဲ႕ေတြ ပူးေပါင္းၿပီး ၾကားျဖတ္ တိုက္ခိုက္ခဲ့ရာ စစ္သား ၁၅ ဦးထက္မနည္း ထိခိုက္TAYဆုံးၿပီး

ကစဥ့္ကလွ်ား ဆုတ္ခြာ ထြက္ေျပး သြားေၾကာင္း PDF – CEU တပ္ဖြဲ႕က သတင္း ထုတ္ျပန္သည္။

႐ုပ္သံၾကည့္ရန္

SOURCE (PDF – CEU)