News

ကမ္ဘောဇ ဘဏ်ခွဲတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလော-င်

ကမ္ဘောဇ ဘဏ်ခွဲတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလော-င်

ကမ္ဘောဇဘဏ်ခွဲ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွါး

မန္တလေး၊ စက်တင်ဘာ ၂၆

လူငယ့်ခေတ်

မန္တလေးမြို့၊ ၆၆ နှင့် ၆၇ လမ်းကြား၊ သိပ္ပံလမ်းပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲ၌ ယနေ့ မနက် ၁၀ နာရီခန့်က ဗုံးဖြင့် ပ-စ်ခံရပြီး

အဆိုပါ ဗုံးမှာ ဘဏ်နောက်ကျောဘက်တွင် ရှိနေသည့် မီးစက်ပေါ်သို့ ကျရောက်ကာ ပေါက်ကွဲပြီး မီးလော-င်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

“အသံ တော်တော်ကျယ်တယ်။ တစ်ရပ်ကွက်လုံးကို တုန်ခါသွားတာပဲ။ မီးခိုးတွေ ထွက်လာတယ်။ စစ်တပ်ကတော့ ချက်ချင်း ရောက်လာတယ် “ဟု မြို့ခံတစ်ဦးကပြောသည်။

ထို့အပြင် အဆိုပါဘဏ်သို့ မီးသတ်ကားများပါ ရောက်ရှိလာပြီး မီးလောင်ကျွမ်းခဲ့သည့် မီးစက်ကို မီးငြှိမ်းသ-တ်ခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးမှုများ၊ လူထိခိုက်ဒဏ်ရာရမှု စသည့် အခြေအနေများအပါအဝင် ယင်းပေါက်ကွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်မှန်း မသိရသေးပေ။

အဆိုပါဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များသည် မန္တလေးမြို့တွင်းနေရာများကို နေရာတိုးမြှင့် စစ်ဆေးမှုများပြုလုပ်နေပြီး

နေရာအချို့၌ ပိုက်ဆံအိတ်များကိုပါ စစ်ဆေးနေကြောင်း မြို့ခံများကဆိုသည်။

မန္တလေးမြို့တွင် ၂၀၂၁ အောက်တိုဘာလ အတွင်းကလည်း ကမ္ဘောဇဘဏ်ခွဲ ၅ ခုထက် မနည်း ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပြီး

ထိုစဉ်ကလည်း ယခု ပေါက်ကွဲမှု ဖြစ်ပွါးသည့် သိပ္ပံလမ်းဘဏ်ခွဲမှာ တခုအပါအဝင် ဖြစ်သည်။

ဓာတ်ပုံ – ၆၆ လမ်း သိပ္ပံလမ်းပေါ်ရှိ KBZ ဘဏ်ခွဲကို Google Maps မှတွေ့ရစဉ်

မန္တလေး၊ စက်တင်ဘာ ၂၆

Source – လူငယ့်ခေတ်

Zawgyi Version ျဖင့္ဖတ္ရန္

ကေမ႓ာဇ ဘဏ္ခြဲတစ္ခုမွာ ေပါက္ကြဲမႈျဖစ္ပြားၿပီး မီးေလာ-င္

ကေမ႓ာဇဘဏ္ခြဲ၌ ဗုံးေပါက္ကြဲမႈျဖစ္ပြါး

မႏၲေလး၊ စက္တင္ဘာ ၂၆

လူငယ့္ေခတ္

မႏၲေလးၿမိဳ႕၊ ၆၆ ႏွင့္ ၆၇ လမ္းၾကား၊ သိပၸံလမ္းေပၚ႐ွိ ကေမ႓ာဇဘဏ္ခြဲ၌ ယေန႔ မနက္ ၁၀ နာရီခန္႔က ဗုံးျဖင့္ ပ-စ္ခံရၿပီး

အဆိုပါ ဗုံးမွာ ဘဏ္ေနာက္ေက်ာဘက္တြင္ ႐ွိေနသည့္ မီးစက္ေပၚသို႔ က်ေရာက္ကာ ေပါက္ကြဲၿပီး မီးေလာ-င္မႈျဖစ္ပြားခဲ့ေၾကာင္း ၿမိဳ႕ခံမ်ားထံမွ သိရသည္။

“အသံ ေတာ္ေတာ္က်ယ္တယ္။ တစ္ရပ္ကြက္လုံးကို တုန္ခါသြားတာပဲ။ မီးခိုးေတြ ထြက္လာတယ္။ စစ္တပ္ကေတာ့ ခ်က္ခ်င္း ေရာက္လာတယ္ “ဟု ၿမိဳ႕ခံတစ္ဦးကေျပာသည္။

ထို႔အျပင္ အဆိုပါဘဏ္သို႔ မီးသတ္ကားမ်ားပါ ေရာက္႐ွိလာၿပီး မီးေလာင္ကြၽမ္းခဲ့သည့္ မီးစက္ကို မီးၿငႇိမ္းသ-တ္ခဲ့ေၾကာင္း သိရသည္။

ထိုျဖစ္စဥ္ေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ား၊ လူထိခိုက္ဒဏ္ရာရမႈ စသည့္ အေျခအေနမ်ားအပါအဝင္ ယင္းေပါက္ကြဲမႈကို မည္သည့္အဖြဲ႕က လုပ္ေဆာင္မွန္း မသိရေသးေပ။

အဆိုပါဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္မ်ားသည္ မႏၲေလးၿမိဳ႕တြင္းေနရာမ်ားကို ေနရာတိုးျမႇင့္ စစ္ေဆးမႈမ်ားျပဳလုပ္ေနၿပီး

ေနရာအခ်ိဳ႕၌ ပိုက္ဆံအိတ္မ်ားကိုပါ စစ္ေဆးေနေၾကာင္း ၿမိဳ႕ခံမ်ားကဆိုသည္။

မႏၲေလးၿမိဳ႕တြင္ ၂၀၂၁ ေအာက္တိုဘာလ အတြင္းကလည္း ကေမ႓ာဇဘဏ္ခြဲ ၅ ခုထက္ မနည္း ေဖာက္ခြဲတိုက္ခိုက္ခံခဲ့ရၿပီး

ထိုစဥ္ကလည္း ယခု ေပါက္ကြဲမႈ ျဖစ္ပြါးသည့္ သိပၸံလမ္းဘဏ္ခြဲမွာ တခုအပါအဝင္ ျဖစ္သည္။

ဓာတ္ပုံ – ၆၆ လမ္း သိပၸံလမ္းေပၚ႐ွိ KBZ ဘဏ္ခြဲကို Google Maps မွေတြ႕ရစဥ္

မႏၲေလး၊ စက္တင္ဘာ ၂၆

Source – လူငယ့္ေခတ္