ပိုက်ဆံချေးပြီး ပြန်မဆပ်ပဲ တိုင်ချင်ရာတိုင်ဆိုတဲ့ လူတွေရှိရင် ဒီပိုစ့်ကိုသာ ပြလိုက်ပါ…
ပိုက်ဆံချေးထားပြီး ပြန်မဆပ်ပဲ တိုင်ချင်တဲ့နေရာ တိုင်ဆိုပြီး ပြောလာရင် ဒီစာဖတ်
မဂ်လာပါပရိတ်သတ်ကြီးရေ
ခင်မင်လို့ပဲ ဖြစ်ဖြစ် တခြားသောအကြောင်းတွေကြောင့်ပဲ ဖြစ်ဖြစ် ပိုက်ဆံ ချေးထားမိတဲ့ သူများအတွက်သိထားသင့်တာလေးတွေ ကိုယ်ချင်းစာလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပိုက်ဆံချေးထားမိလို့ ဆပ်မယ့်သူက မဆပ်နိုင်ဘူး ကြိုက်တဲ့နေရာတိုင် လို့ပြောလာရင် ဒီစာကိုဖတ်ပြီး ရဲရဲတောင်းလို့ရပါပြီ။
မဆပ်နိုင်ဘူး ကြိုက်တဲ့နေရာတိုင် ခင်ဗျားတို့ငွေတိုးချေးစားထားတာ ကျုပ်တို့တိုင်လိုက်ရင်ထောင်ထဲ ၅ နှစ်ရောက်သွားမယ်။
စသည်ဖြင့် ဒီလိုစကားတွေ ခဏခဏကြားနေရပါတယ်။ ဘယ်သူက စလိုက်တယ်တော့မသိပါဘူး။
ဒီစကားလေးက ငွေချေးပြီး ပြန်မဆပ်ချင်သူတွေရဲ့ လက်သုံးစကား လက်နက် ကြီး တစ်ခုလိုဖြစ်လို့နေပပါပြီ။ ဒီတော့ ငွေရှင်ဆိုတာလည်းလည်း အတိုးလေးရလို့ ချေးမိတာ။
အခုပြန်တောင်းတော့ တချိန်က မျက်နှာငယ်လေးနဲ့ ကိုယ့်ဆီက ငွေချေးခဲ့တဲ့ သူက အခုတော့ မျက်နာထားကြီးတင်းပြီး ကိုယ်ကပဲ သူဆီက ပြန်ချေးနေသလိုလို မျိုးတွေနဲ့ ကြုံတွေနေကြပါတယ်။
ဒီလိုတောင်းလို့မရရင် တရားစွဲတောင်းမယ်လို့ စိတ်ထဲက ပြင်ထားပေမယ့် တစ်ဖက်က အတိုးပါတဲ့အတွက် ထောင် ၅ နှစ် ချလို့ရ တယ်လို့ပြောလာတော့
စိတ်ထဲမှာ ချေးထားမိတဲ့ငွေ ကူညီပေးထားတဲ့ငွေလေး ပြန်မရနိုင်တော့ဘူးလား ဆိုပီးသောက အပူတွေပါ ဖြစ်။
အတိုးပါရင် ထောင် ၅ နှစ်ထိ ချလို့ရတယ်ဆိုတာ ဥပဒေ မှာ မရှိဘူးလား တော့ အဲ့ ဥပဒေကတကယ် ရှိပါတယ်။
ဒါပေမယ့် ဒါကို ခုတုံးလုပ်ပီး ငွေချေးသူတွေက ခြိမ်းခြောက်နေတာ တွေ့ရတော့ ကိုယ့်ဆီမှာ ရှိစုမယ့် လစာလေးနဲ့ ငွေလေးနဲ့ ခင်လို့ဖြစ်စေ
အတိုးနည်းနည်းရရင်လည်း မဆိုးပါဘူး ဆိုပီး ထုတ်ချေးမိတဲ့ ငွေရှင်တွေခမျာ ဖွတ်မရ ဓားမဆုံး ဖြစ်မိတာတွေ ကို တွေ့ရလို့ ဒီစာလေးရေးရခြင်းဖြစ်ပါတယ်။
ငွေချေးထားတဲ့ငွေရှင်တွေကိုပြောလိုတာက တစ်ဖက်ငွေချေးသူက ဒီလိုပြောလာရင် လုံးဝစိတ်မပူပါ နဲ့။ မကြောက်ပါနဲ့။
မိမိချေးထားတဲ့ငွေတွေကို ရဲရဲဝံ့ဝံ့သာ ပြန်တောင်းပါ။ ပေးထားတဲ့ငွေ ရဲ့ အတိုးသာ မရရင်နေပါမယ်။ အရင်းကတော့သေချာပေါက် ပြန်ရပါတယ်။
ထောင် ၅နှစ်ချလို့ရတယ်ဆိုတာက မိမိသည် ငွေတိုးချေးစားခွင့် လိုင်စင်မရှိပါပဲလျက် ငွေတိုးချေးစားခြင်းကို လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကိုင်သူကိုသာ ဆိုလိုခြင်းဖြစ်ပြီး
မိတ်ဆွေ ကို ကူညီသည့်အနေဖြင့် တခါတရံ ငွေချေးပေးတဲ့သူတော့ မပါဝင်ပါ။
ဒါကြောင့် ငွေချေးပေးထားတာ ရှိရင်ရဲရဲသာ တောင်းကြပါ မကြောက်ကြပါနဲ့။
အနည်းဆုံးအတိုးမရရင်တောင် အရင်းတော့ ပြန်ရအောင်တောင်းလို့ရတာမို့ စေတနာအပြည့် နဲ့တင်ပေးလိုက်ပါတယ်။
အခုလို ဝင်ရောက် ဖတ်ရူ့ပေးကြတဲ့ ပရိတ်ကြီးလည်း ကျန်းမာပျော်ရွှင်သော နေ့ရက်များကို သက်ဆုံးတိုင် ပိုင်ဆိုင် နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
ခရက်တစ်
Zawgyi Version ျဖင့္ဖတ္ရန္
ပိုက္ဆံေခ်းၿပီး ျပန္မဆပ္ပဲ တိုင္ခ်င္ရာတိုင္ဆိုတဲ့ လူေတြ႐ွိရင္ ဒီပိုစ့္ကိုသာ ျပလိုက္ပါ…
ပိုက္ဆံေခ်းထားၿပီး ျပန္မဆပ္ပဲ တိုင္ခ်င္တဲ့ေနရာ တိုင္ဆိုၿပီး ေျပာလာရင္ ဒီစာဖတ္
မဂ္လာပါပရိတ္သတ္ႀကီးေရ
ခင္မင္လို႔ပဲ ျဖစ္ျဖစ္ တျခားေသာအေၾကာင္းေတြေၾကာင့္ပဲ ျဖစ္ျဖစ္ ပိုက္ဆံ ေခ်းထားမိတဲ့ သူမ်ားအတြက္သိထားသင့္တာေလးေတြ ကိုယ္ခ်င္းစာလို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
ပိုက္ဆံေခ်းထားမိလို႔ ဆပ္မယ့္သူက မဆပ္ႏိုင္ဘူး ႀကိဳက္တဲ့ေနရာတိုင္ လို႔ေျပာလာရင္ ဒီစာကိုဖတ္ၿပီး ရဲရဲေတာင္းလို႔ရပါၿပီ။
မဆပ္ႏိုင္ဘူး ႀကိဳက္တဲ့ေနရာတိုင္ ခင္ဗ်ားတို႔ေငြတိုးေခ်းစားထားတာ က်ဳပ္တို႔တိုင္လိုက္ရင္ေထာင္ထဲ ၅ ႏွစ္ေရာက္သြားမယ္။
စသည္ျဖင့္ ဒီလိုစကားေတြ ခဏခဏၾကားေနရပါတယ္။ ဘယ္သူက စလိုက္တယ္ေတာ့မသိပါဘူး။
ဒီစကားေလးက ေငြေခ်းၿပီး ျပန္မဆပ္ခ်င္သူေတြရဲ႕ လက္သုံးစကား လက္နက္ ႀကီး တစ္ခုလိုျဖစ္လို႔ေနပပါၿပီ။ ဒီေတာ့ ေငြ႐ွင္ဆိုတာလည္းလည္း အတိုးေလးရလို႔ ေခ်းမိတာ။
အခုျပန္ေတာင္းေတာ့ တခ်ိန္က မ်က္ႏွာငယ္ေလးနဲ႔ ကိုယ့္ဆီက ေငြေခ်းခဲ့တဲ့ သူက အခုေတာ့ မ်က္နာထားႀကီးတင္းၿပီး ကိုယ္ကပဲ သူဆီက ျပန္ေခ်းေနသလိုလို မ်ိဳးေတြနဲ႔ ၾကဳံေတြေနၾကပါတယ္။
ဒီလိုေတာင္းလို႔မရရင္ တရားစြဲေတာင္းမယ္လို႔ စိတ္ထဲက ျပင္ထားေပမယ့္ တစ္ဖက္က အတိုးပါတဲ့အတြက္ ေထာင္ ၅ ႏွစ္ ခ်လို႔ရ တယ္လို႔ေျပာလာေတာ့
စိတ္ထဲမွာ ေခ်းထားမိတဲ့ေငြ ကူညီေပးထားတဲ့ေငြေလး ျပန္မရႏိုင္ေတာ့ဘူးလား ဆိုပီးေသာက အပူေတြပါ ျဖစ္။
အတိုးပါရင္ ေထာင္ ၅ ႏွစ္ထိ ခ်လို႔ရတယ္ဆိုတာ ဥပေဒ မွာ မ႐ွိဘူးလား ေတာ့ အဲ့ ဥပေဒကတကယ္ ႐ွိပါတယ္။
ဒါေပမယ့္ ဒါကို ခုတုံးလုပ္ပီး ေငြေခ်းသူေတြက ၿခိမ္းေျခာက္ေနတာ ေတြ႕ရေတာ့ ကိုယ့္ဆီမွာ ႐ွိစုမယ့္ လစာေလးနဲ႔ ေငြေလးနဲ႔ ခင္လို႔ျဖစ္ေစ
အတိုးနည္းနည္းရရင္လည္း မဆိုးပါဘူး ဆိုပီး ထုတ္ေခ်းမိတဲ့ ေငြ႐ွင္ေတြခမ်ာ ဖြတ္မရ ဓားမဆုံး ျဖစ္မိတာေတြ ကို ေတြ႕ရလို႔ ဒီစာေလးေရးရျခင္းျဖစ္ပါတယ္။
ေငြေခ်းထားတဲ့ေငြ႐ွင္ေတြကိုေျပာလိုတာက တစ္ဖက္ေငြေခ်းသူက ဒီလိုေျပာလာရင္ လုံးဝစိတ္မပူပါ နဲ႔။ မေၾကာက္ပါနဲ႔။
မိမိေခ်းထားတဲ့ေငြေတြကို ရဲရဲဝံ့ဝံ့သာ ျပန္ေတာင္းပါ။ ေပးထားတဲ့ေငြ ရဲ႕ အတိုးသာ မရရင္ေနပါမယ္။ အရင္းကေတာ့ေသခ်ာေပါက္ ျပန္ရပါတယ္။
ေထာင္ ၅ႏွစ္ခ်လို႔ရတယ္ဆိုတာက မိမိသည္ ေငြတိုးေခ်းစားခြင့္ လိုင္စင္မ႐ွိပါပဲလ်က္ ေငြတိုးေခ်းစားျခင္းကို လုပ္ငန္းတစ္ခုအေနနဲ႔ လုပ္ကိုင္သူကိုသာ ဆိုလိုျခင္းျဖစ္ၿပီး
မိတ္ေဆြ ကို ကူညီသည့္အေနျဖင့္ တခါတရံ ေငြေခ်းေပးတဲ့သူေတာ့ မပါဝင္ပါ။
ဒါေၾကာင့္ ေငြေခ်းေပးထားတာ ႐ွိရင္ရဲရဲသာ ေတာင္းၾကပါ မေၾကာက္ၾကပါနဲ႔။
အနည္းဆုံးအတိုးမရရင္ေတာင္ အရင္းေတာ့ ျပန္ရေအာင္ေတာင္းလို႔ရတာမို႔ ေစတနာအျပည့္ နဲ႔တင္ေပးလိုက္ပါတယ္။
အခုလို ဝင္ေရာက္ ဖတ္႐ူ႕ေပးၾကတဲ့ ပရိတ္ႀကီးလည္း က်န္းမာေပ်ာ္႐ႊင္ေသာ ေန႔ရက္မ်ားကို သက္ဆုံးတိုင္ ပိုင္ဆိုင္ ႏိုင္ပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
ခရက္တစ္