ကြားသိရသမျှ

ဒီတခါ မျက်ရည်ကျရမယ့် အလှည့်ကတော့ ဝိသမလောဘသား ဈေးကစားသူတွေပဲ ဖြစ်ပါတယ်…

ဒီတခါ မျက်ရည်ကျရမယ့် အလှည့်ကတော့ ဝိသမလောဘသား ဈေးကစားသူတွေပဲ ဖြစ်ပါတယ်…

ဈေးပြန်ကျသွားတဲ့ ကြက်သွန်နီနဲ့ ဝိသမလောဘသားတွေ ဒူးနဲ့ မျက်ရည်သုတ်နေရတဲ့ အဖြစ်

ယခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်က ထုတ်ပြန်တဲ့ စျေးနှုန်းတွေအရ ကြက်သွန်နီစျေးတွေ ပြန်ကျလာခဲ့ပြီး ကုန်အဝင်များလို့ စျေးဆက်ကျနိုင်တယ်လို့ ပွဲရုံပိုင်ရှင်တွေဆီကနေ သိရပါတယ်။

စက်တင်ဘာလ အစပိုင်းက ကြက်သွန်နီ တစ်ပိဿာ လက်လီကို ၄၀၀၀ ကျပ်ကျော်အထိ စျေးမြင့်တက်ခဲ့ပေမယ့် လက်ရှိ တစ်ပိဿာကို ၃၀၀၀ ၀န်းကျင် ပြန်ရောက်လာကာ

စားသုံးသူတွေအနေနဲ့လည်း စျေးနှုန်းကြီးမြင့်လာတဲ့အတွက် အသုံးလျှော့လာမှုကြောင့် အရောင်းအဝယ် အရမ်းနည်းပါးတယ်လို့ ပွဲရုံပိုင်ရှင်တွေဆီက သိရပါတယ်။

 

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ စက်တင်ဘာ ၂၄ ရက်နေ့ထိ စျေးနှုန်းတွေအရ ဆိပ်ဖြူကြက်သွန်နီ တစ်ပိဿာကို ၂၆၀၀ ကနေ ၃၀၀၀ ကျပ်ဝန်းကျင်၊

ပျော်ဘွယ် ကြက်သွန်နီ တစ်ပိဿာကို ၂၃၀၀ ကနေ ၂၈၀၀ ကျပ်ဝန်းကျင်၊ မုံရွာကြက်သွန်နီ တစ်ပိဿာကို ၂၈၀၀ ကနေ ၃၃၀၀ ၀န်းကျင်နဲ့

တောင်သာကြက်သွန်နီ တစ်ပိဿာကို ၂၀၀၀ ကနေ ၂၇၀၀ ကျပ်ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။

အခြေခံရပ်ကွက်စျေးတွေမှာတော့ ကြက်သွန်နီအရွယ်အစားကြီး အလုံးလှရင် တစ်ပိဿာကို ၄၀၀၀ ကျပ်၊ အလုံးအသေးဆိုရင် တစ်ပိဿာကို ၃၅၀၀ ကျပ်ဝန်းကျင်စျေးရှိတယ်လို့ အိမ်ရှင်မတွေဆီက သိရပါတယ်။

စက်တင်ဘာ လအစမှာ ကြက်သွန်နီဈေးတွေဟာ တဟုန်ထိုးတက်လာပြီး ကြက်သွန်နီတဥ ဈေးနှုန်းနဲ့ ကြက်ဥတလုံး ဈေးနှုန်းတို့ တူညီလုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့ပါတယ်။

ထိုသို့ဈေးနှုန်းကြီးမြင့်လာပေမယ့် ကြက်သွန်စိုက်တောင်သူတွေအနေနဲ့ စိုက်ပျိုးစရိတ်ကြီးမြင့်မှုကြောင့် အမြတ်မရဘဲ ဖြစ်နေပြီး ပြည်သူတွေအနေနဲ့လည်း ဈေးကြီးပေးဝယ်စား ခဲ့ရပါတယ်။

ကြားထဲက ဈေးကစားတဲ့ ဝိသမလောဘသားတွေကတော့ အမြတ်အစွန်း အများအပြား ရရှိခဲ့ပါတယ်။

ဒါပေမယ့် တရုတ်ကနေ ကြက်သွန်နီတွေ စတင်ဝင်ရောက်ချိန်မှာ ကြက်သွန်နီဈေး ပြန်ကျခဲ့ပါတယ်။

ဈေးထပ်တက်မယ် ထင်ပြီး လှောင်ထားကြတဲ့ ဝိသမလောဘသား တချို့ကတော့ ပုံမှာ မြင်ရတဲ့အတိုင်း လှောင်ထားတဲ့ ကြက်သွန်နီတွေ အညှောင့်ပေါက်လာပြီ ဖြစ်ပါတယ်။

လောဘတက်ပြီး လှောင်မိလို့ နောက်ဆုံးတော့ ကြက်သွန်မြိတ်ပဲ ခူးစားရမယ့် ဘဝ ရောက်သွားပါပြီ။

လက်ရှိအချိန်မှာ မြန်မာငွေတန်ဖိုး‌လျော့ကျမှုကြောင့် ပြည်သူများ ကျပ်တည်းလျက် ရှိနေတဲ့အချိန်မှာ ဝိသမလောဘသားတွေရဲ့ ဈေးကစားမှုကြောင့် ပိုမိုခက်ခဲလျက်ရှိပါတယ်။

အခြေခံစားသောက်ကုန်တွေအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှာ အရင်နှစ်တွေကထက် ၃ ဆနီးပါး တက်နေတာ ဖြစ်ပါတယ်။

Source – Blacker

Zawgyi Version ျဖင့္ဖတ္ရန္

ဒီတခါ မ်က္ရည္က်ရမယ့္ အလွည့္ကေတာ့ ဝိသမေလာဘသား ေဈးကစားသူေတြပဲ ျဖစ္ပါတယ္…

ေဈးျပန္က်သြားတဲ့ ၾကက္သြန္နီနဲ႔ ဝိသမေလာဘသားေတြ ဒူးနဲ႔ မ်က္ရည္သုတ္ေနရတဲ့ အျဖစ္

ယခုတစ္ပတ္ ရန္ကုန္ဘုရင့္ေနာင္ကုန္စည္ဒိုင္က ထုတ္ျပန္တဲ့ ေစ်းႏႈန္းေတြအရ ၾကက္သြန္နီေစ်းေတြ ျပန္က်လာခဲ့ၿပီး ကုန္အဝင္မ်ားလို႔ ေစ်းဆက္က်ႏိုင္တယ္လို႔ ပြဲ႐ုံပိုင္႐ွင္ေတြဆီကေန သိရပါတယ္။

စက္တင္ဘာလ အစပိုင္းက ၾကက္သြန္နီ တစ္ပိႆာ လက္လီကို ၄၀၀၀ က်ပ္ေက်ာ္အထိ ေစ်းျမင့္တက္ခဲ့ေပမယ့္ လက္႐ွိ တစ္ပိႆာကို ၃၀၀၀ ၀န္းက်င္ ျပန္ေရာက္လာကာ

စားသုံးသူေတြအေနနဲ႔လည္း ေစ်းႏႈန္းႀကီးျမင့္လာတဲ့အတြက္ အသုံးေလွ်ာ့လာမႈေၾကာင့္ အေရာင္းအဝယ္ အရမ္းနည္းပါးတယ္လို႔ ပြဲ႐ုံပိုင္႐ွင္ေတြဆီက သိရပါတယ္။

ရန္ကုန္ဘုရင့္ေနာင္ကုန္စည္ဒိုင္ရဲ႕ စက္တင္ဘာ ၂၄ ရက္ေန႔ထိ ေစ်းႏႈန္းေတြအရ ဆိပ္ျဖဴၾကက္သြန္နီ တစ္ပိႆာကို ၂၆၀၀ ကေန ၃၀၀၀ က်ပ္ဝန္းက်င္၊

ေပ်ာ္ဘြယ္ ၾကက္သြန္နီ တစ္ပိႆာကို ၂၃၀၀ ကေန ၂၈၀၀ က်ပ္ဝန္းက်င္၊ မုံ႐ြာၾကက္သြန္နီ တစ္ပိႆာကို ၂၈၀၀ ကေန ၃၃၀၀ ၀န္းက်င္နဲ႔

ေတာင္သာၾကက္သြန္နီ တစ္ပိႆာကို ၂၀၀၀ ကေန ၂၇၀၀ က်ပ္ဝန္းက်င္မွာ ႐ွိေနတယ္လို႔ သိရပါတယ္။

အေျခခံရပ္ကြက္ေစ်းေတြမွာေတာ့ ၾကက္သြန္နီအ႐ြယ္အစားႀကီး အလုံးလွရင္ တစ္ပိႆာကို ၄၀၀၀ က်ပ္၊ အလုံးအေသးဆိုရင္ တစ္ပိႆာကို ၃၅၀၀ က်ပ္ဝန္းက်င္ေစ်း႐ွိတယ္လို႔ အိမ္႐ွင္မေတြဆီက သိရပါတယ္။

စက္တင္ဘာ လအစမွာ ၾကက္သြန္နီေဈးေတြဟာ တဟုန္ထိုးတက္လာၿပီး ၾကက္သြန္နီတဥ ေဈးႏႈန္းနဲ႔ ၾကက္ဥတလုံး ေဈးႏႈန္းတို႔ တူညီလုနီးပါး အေျခအေနသို႔ ေရာက္႐ွိခဲ့ပါတယ္။

ထိုသို႔ေဈးႏႈန္းႀကီးျမင့္လာေပမယ့္ ၾကက္သြန္စိုက္ေတာင္သူေတြအေနနဲ႔ စိုက္ပ်ိဳးစရိတ္ႀကီးျမင့္မႈေၾကာင့္ အျမတ္မရဘဲ ျဖစ္ေနၿပီး ျပည္သူေတြအေနနဲ႔လည္း ေဈးႀကီးေပးဝယ္စား ခဲ့ရပါတယ္။

ၾကားထဲက ေဈးကစားတဲ့ ဝိသမေလာဘသားေတြကေတာ့ အျမတ္အစြန္း အမ်ားအျပား ရ႐ွိခဲ့ပါတယ္။

ဒါေပမယ့္ တ႐ုတ္ကေန ၾကက္သြန္နီေတြ စတင္ဝင္ေရာက္ခ်ိန္မွာ ၾကက္သြန္နီေဈး ျပန္က်ခဲ့ပါတယ္။

ေဈးထပ္တက္မယ္ ထင္ၿပီး ေလွာင္ထားၾကတဲ့ ဝိသမေလာဘသား တခ်ိဳ႕ကေတာ့ ပုံမွာ ျမင္ရတဲ့အတိုင္း ေလွာင္ထားတဲ့ ၾကက္သြန္နီေတြ အေညႇာင့္ေပါက္လာၿပီ ျဖစ္ပါတယ္။

ေလာဘတက္ၿပီး ေလွာင္မိလို႔ ေနာက္ဆုံးေတာ့ ၾကက္သြန္ၿမိတ္ပဲ ခူးစားရမယ့္ ဘဝ ေရာက္သြားပါၿပီ။

လက္႐ွိအခ်ိန္မွာ ျမန္မာေငြတန္ဖိုး‌ေလ်ာ့က်မႈေၾကာင့္ ျပည္သူမ်ား က်ပ္တည္းလ်က္ ႐ွိေနတဲ့အခ်ိန္မွာ ဝိသမေလာဘသားေတြရဲ႕ ေဈးကစားမႈေၾကာင့္ ပိုမိုခက္ခဲလ်က္႐ွိပါတယ္။

အေျခခံစားေသာက္ကုန္ေတြအေနနဲ႔ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္းမွာ အရင္ႏွစ္ေတြကထက္ ၃ ဆနီးပါး တက္ေနတာ ျဖစ္ပါတယ္။

Source – Blacker