News

အသက်(၁၈)နှစ်ခန့်သာရှိသေးတဲ့ မိန်းကလေးတစ်ဦး…

အသက်(၁၈)နှစ်ခန့်သာရှိသေးတဲ့ မိန်းကလေးတစ်ဦး…

အသက် ၁၈နှစ်ခန့်သာရှိသေးတဲ့ မိန်းကလေးတစ်ဦး ပင်လယ်ထဲခုန်ချမှု ဖြစ်ပွား

စစ်တွေကမ်းခြေ ပွိုင့်ထိပ်မှ အမျိုးသမီးငယ်တစ်ဦး ပင်လယ်ထဲ ခုန်ချ

Top Phoenix၊ စက်တင်ဘာ ၂၆/၂၀၂၂

ရခိုင်ပြည်၊ စစ်တွေမြို့၊ စစ်တွေပွိုင့်ထိပ်ကမ်းခြေမှ အမျိုးသမီးငယ် တစ်ဦး ယနေ့ စက်တင်ဘာ ၂၆ရက်နေ့ နံနက်ပိုင်းက ခုန်ချမှုဖြစ်ပွားခဲ့သည်။

“အသက် ၁၈နှစ်ခန့်အရွယ် အမျိုးသမီးငယ် တစ်ဦးက ပင်လယ်ထဲသို့ ခုန်ချသွားတာ၊ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး။

ကမ်းခြေမှာ ထီးတစ်ချောင်းနဲ့ ဖိနပ်တစ်ရံ ကျန်ရစ်ခဲ့တယ်။ ထီးပေါ်မှာ ဆုမြတ်ဟု အမည်ရေးထိုးထားကြောင်း”ဖြူစင်မေတ္တာလူမှုကယ်ဆယ်ရေး ဖောင်ဒေးရှင်းမှ ရေးသားဖော်ချက်အရ သိရသည်။

အဆိုပါ ပင်လယ်ထဲသို့ ခုန်ချသွားသည့် အမျိုးသမီးငယ်အား လူမှုကယ်ဆယ်ရေးအသင်းများနှင့် သက်ဆိုင်ရာမှ ရှာဖွေမှုပြုလုပ်နေကြောင်း သိရသည်။

Source- Top Phoenix

ဓါတ်ပုံ_ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

Zawgyi Version ဖြင့်ဖတ်ရန်









Source- Top Phoenix
