Knowledge

လက်ထပ်ဖို့ လုံးဝ မရွေးချယ်သင့်တဲ့ မိန်းမ(၁၀)မျိုး…

လက်ထပ်ဖို့ လုံးဝ မရွေးချယ်သင့်တဲ့ မိန်းမ(၁၀)မျိုး…

အများအားဖြင့် လက်ထပ်ဖို့ မရွေးသင့်တဲ့ ယောက်ျားတွေအကြောင်းပဲ ပြောလေ့ရှိတာကြောင့်

ဒီတစ်ခါမှာတော့ လက်ထပ်ဖို့ မစဉ်းစားသင့်တဲ့ မိန်းမတွေအကြောင်းကို ဖော်ပြပေးပါမယ်။ အားလုံး ပြီးပြည့်စုံတဲ့သူဆိုတာတော့ မရှိပါဘူး။

သို့သော်လည်း မိမိရဲ့ ဇနီးမယားအဖြစ် ရွေးချယ်တော့မယ်ဆိုရင်တော့ အောက်မှာပြထားတဲ့ မိန်းမ ၁၀မျိုးကိုတော့ အထပ်ထပ်အခါခါ စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချသင့်ပါတယ်။

“လက်ထပ်ဖို့ လုံးဝ မရွေးချယ်သင့်တဲ့ မိန်းမ ၁၀ မျိုး ”

၁။ ဒေါသကြီးတဲ့မိန်းမ

အမြဲတမ်းလိုလို စိတ်တို၊ဒေါသထွက်နေတဲ့ မိန်းမကို မြင်ဖူးပါလိမ့်မယ် ။ ဒီလိုမိန်းမမျိုးကို ဇနီးအဖြစ် ရွေးချယ်မိမယ်ဆိုရင်တော့ ပူလောင်နေရမှာ အမှန်ပါပဲ။

၂။ အတ္တကြီးတဲ့မိန်းမ

အတ္တကြီးတဲ့မိန်းမတစ်ယောက်ကို ရွေးချယ်မိမယ်ဆိုရင်တော့ နားလည်မျှဝေပေးခံချင်တဲ့ စိတ်လေး လုံးဝမရှိမှ ဖြစ်ပါမယ်။

သူတို့ဟာ သူတို့ရဲ့ ပျော်ရွှင်မှု၊သာယာမှုကိုသာ ပထမဦးစားပေး ရွေးချယ်လုပ်ဆောင်တတ်ပါတယ် ။ ဒီလိုမိန်းမမျိုးကို ယူမယ်ဆိုရင်လည်း စိတ်ညစ်ရမှာပါပဲ။

၃။ ဥစ္စာပစ္စည်းမက်သောမိန်းမ

မိန်းကလေးအတော်များများကတော့ ဥစ္စာငွေကြေးကို နှစ်သက်လေ့ရှိပါတယ်။ဒါဟာ သဘာဝကျသလို အမှားတစ်ခုလည်း မဟုတ်ပါဘူး။

သို့သော် မိသားစု ၊ ခင်ပွန်း ၊ သစ္စာတရား ၊ ဆင်ခြင်တုံတရားတို့ကို ကျော်လွန်ကာ ဥစ္စာပစ္စည်းကို ခင်တွယ်နေတတ်တဲ့ မိန်းမကတော့ ဇနီးကောင်းတစ်ယောက် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။

၄။ ယောက်ျားတွေနှင့် ပလူးပလဲ နေတတ်သောမိန်းမ

သွက်သွက်လက်လက်ရှိတာနဲ့ စပ်စလူးထတာ ၊ ဂဏှာမငြိမ်ဖြစ်တာ မတူပါဘူးနော်။

အထူးသဖြင့် ဒီလိုမိန်းကလေးတွေဟာ ယောက်ျားတွေနဲ့ပလူးပလဲ နေရတာကို ပျော်ရွှင် နှစ်သက်နေတတ်ကြပါတယ်။

ဒီလိုအကျင့်စရိုက်ရှိတဲ့ မိန်းကလေးမျိုးကို ရွေးချယ်မိရင်တော့ လက်ထပ်ပြီးတဲ့အခါမှာလည်း ပြဿနာတွေ များစွာ ကြုံရနိုင်ပါတယ် ။

၅။ ပါတီကြိုက်သောမိန်းမ

သရုပ်ပျက်အဝတ်အစားတွေဝတ်ပြီး ပါတီမှန်သမျှ အကုန်တက်တဲ့ မိန်းကလေးမျိုးကို သင့်အနေနဲ့ တသက်တာ ဇနီးမယားအဖြစ် ရွေးချယ်နိုင်ပါသလား။

ဒီလို party girl တွေဟာ အပျော်အပါး အလွန်မက်တတ်တဲ့ မိန်းကလေးတွေ ဖြစ်ပါတယ် ။

၆။ စဉ်းစားဆင်ခြင်ဉာဏ်မရှိသောမိန်းမ တုံးအသော မိန်းမ

သင်ဟာ ဒီလိုမိန်းကလေးကို ရွေးချယ်မိပြီး ဘယ်လောက်ပဲ သူ့အပေါ်နားလည်မှု ပေးနိုင်သည်ဆိုဆို သားသမီးရလာတဲ့အခါမှာတော့ သင့်ရဲ့သားသမီးတွေကို ကောင်းစွာ သွန်သင်ဆိုဆုံးမမှု ပေးနိင်မှာ မဟုတ်ပါဘူး။

ကိုယ်လက်ထပ်မယ့် မိန်းကလေးဟာ အမေကောင်းတစ်ယောက် ဖြစ်နိုင်၊မဖြစ်နိုင်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ် ။

၇။ လူစိတ်ဝင်စားမှုကိုခံချင်သောမိန်းမ

မိန်းကလေးအချို့ဟာ လူတွေရဲ့ စိတ်ဝင်စားမှုကို ခံယူချင်ကြပါတယ်။ဒါဟာ ပုံမှန်ပါပဲ။

ဒါပေမဲ့လည်း အတိုင်းထက်အလွန် ကျော်ကြားချင်တာ ၊ စိတ်ဝင်စားခံချင်တာမျိုးကတော့ အမျိုးသားတွေအတွက် နားလည်ရခက်လာစေနိုင်သလို အမြင်မကြည် စိတ်ပျက်မှုတွေ ဖြစ်လာနိုင်ပါတယ် ။

၈။ အတင်းအဖျင်းပြောလွန်းသောမိန်းမ

အမျိုးသားတွေဟာ အတင်းအဖျင်းပြောလွန်းတဲ့ မိန်းမတွေကို မနှစ်သက်ကြပါဘူး ။ တော်ရုံအားဖြင့် အမျိုသားရော အမျိုးသမီးပါ သူတစ်ပါးအကြောင်းကို ရံဖန်ရံခါ ပြောလေ့ရှိကြပါတယ်။

ဒီလိုမဟုတ်ဘဲ တွေ့သမျှလူနဲ့ သူတစ်ပါးရဲ့ အကြောင်းကို အပုပ်ချ၊ အတင်းအဖျင်းပြောရင်းနဲ့ အချိန်ကုန်နေတတ်တဲ့ မိန်းမတွေကတော့ အလွန်ကို စိတ်ပျက်ဖွယ် ကောင်းလွန်ပါတယ်။

၉။ ကတိမပေးတတ်သောမိန်းမ

ဒီလိုမိန်းမတွေဟာ ကိစ္စတစ်ခုခု

(ဥပမာ – အလုပ် ၊ ကျောင်း၊ သူငယ်ချင်း ၊ ချစ်သူ ၊ စသဖြင့်) မှာ ကတိပေးဖို့ ခဲယဉ်းတတ်ပါတယ်။

ဘာလို့လဲဆိုတော့ သူတို့ဟာ ကိစ္စရပ်တစ်ခုအပေါ် စိတ်ဝင်စားမှုဟာ ကျလွယ်ပြီး အခြားတစ်နေရာသို့ ကူးလွယ်၊ ပြောင်းလွယ်တတ်တာကြောင့် ဖြစ်ပါတယ်။

ဒီလို စိတ်ဓါတ်မခိုင်မာတဲ့ မိန်းကလေးနဲ့ အိမ်ထောင်ပြုမိရင်စိတ်အနှောင့်အယှက်တွေ များစွာ တွေ့လာနိုင်ပါတယ်။

၁၀။ မိုက်ရိုင်းသောမိန်းမ

သူကေတာ့ အဆိုးဆုံးပါပဲ။ တော်ရုံအားဖြင့်တော့ လက်မထပ်ခင်မှာ မသိကြပါဘူး။

ဒါ့ကြောင့် လက်မထပ်ခင်မှာ ထိုမိန်းကလေးရဲ့ မိသားစုအပေါ် ၊ သူငယ်ချင်းအပေါ် ၊ ပတ်ဝန်းကျင်အပေါ် ပြောဆိုဆက်ဆံပုံတွေကို လေ့လာထားဖို့ လိုပါတယ်။

အနေအထိုင် အပြောအဆို လေးစားသမှုရှိတဲ့ မိန်းကလေးမျိုးမှသာ မိမိအပေါ်လည်း လေးစားမှု ရှိမှာဖြစ်ပါတယ်။

Credit ~ မူရင်းရေးသားသူ

Zawgyi Version ျဖင့္ဖတ္ရန္

လက္ထပ္ဖို႔ လုံးဝ မေ႐ြးခ်ယ္သင့္တဲ့ မိန္းမ(၁၀)မ်ိဳး…

အမ်ားအားျဖင့္ လက္ထပ္ဖို႔ မေ႐ြးသင့္တဲ့ ေယာက်္ားေတြအေၾကာင္းပဲ ေျပာေလ့႐ွိတာေၾကာင့္

ဒီတစ္ခါမွာေတာ့ လက္ထပ္ဖို႔ မစဥ္းစားသင့္တဲ့ မိန္းမေတြအေၾကာင္းကို ေဖာ္ျပေပးပါမယ္။ အားလုံး ၿပီးျပည့္စုံတဲ့သူဆိုတာေတာ့ မ႐ွိပါဘူး။

သို႔ေသာ္လည္း မိမိရဲ႕ ဇနီးမယားအျဖစ္ ေ႐ြးခ်ယ္ေတာ့မယ္ဆိုရင္ေတာ့ ေအာက္မွာျပထားတဲ့ မိန္းမ ၁၀မ်ိဳးကိုေတာ့ အထပ္ထပ္အခါခါ စဥ္းစားၿပီးမွ ဆုံးျဖတ္ခ်က္ခ်သင့္ပါတယ္။

“လက္ထပ္ဖို႔ လုံးဝ မေ႐ြးခ်ယ္သင့္တဲ့ မိန္းမ ၁၀ မ်ိဳး ”

၁။ ေဒါသႀကီးတဲ့မိန္းမ

အၿမဲတမ္းလိုလို စိတ္တို၊ေဒါသထြက္ေနတဲ့ မိန္းမကို ျမင္ဖူးပါလိမ့္မယ္ ။ ဒီလိုမိန္းမမ်ိဳးကို ဇနီးအျဖစ္ ေ႐ြးခ်ယ္မိမယ္ဆိုရင္ေတာ့ ပူေလာင္ေနရမွာ အမွန္ပါပဲ။

၂။ အတၱႀကီးတဲ့မိန္းမ

အတၱႀကီးတဲ့မိန္းမတစ္ေယာက္ကို ေ႐ြးခ်ယ္မိမယ္ဆိုရင္ေတာ့ နားလည္မွ်ေဝေပးခံခ်င္တဲ့ စိတ္ေလး လုံးဝမ႐ွိမွ ျဖစ္ပါမယ္။

သူတို႔ဟာ သူတို႔ရဲ႕ ေပ်ာ္႐ႊင္မႈ၊သာယာမႈကိုသာ ပထမဦးစားေပး ေ႐ြးခ်ယ္လုပ္ေဆာင္တတ္ပါတယ္ ။ ဒီလိုမိန္းမမ်ိဳးကို ယူမယ္ဆိုရင္လည္း စိတ္ညစ္ရမွာပါပဲ။

၃။ ဥစၥာပစၥည္းမက္ေသာမိန္းမ

မိန္းကေလးအေတာ္မ်ားမ်ားကေတာ့ ဥစၥာေငြေၾကးကို ႏွစ္သက္ေလ့႐ွိပါတယ္။ဒါဟာ သဘာဝက်သလို အမွားတစ္ခုလည္း မဟုတ္ပါဘူး။

သို႔ေသာ္ မိသားစု ၊ ခင္ပြန္း ၊ သစၥာတရား ၊ ဆင္ျခင္တုံတရားတို႔ကို ေက်ာ္လြန္ကာ ဥစၥာပစၥည္းကို ခင္တြယ္ေနတတ္တဲ့ မိန္းမကေတာ့ ဇနီးေကာင္းတစ္ေယာက္ ျဖစ္ႏိုင္မွာ မဟုတ္ပါဘူး။

၄။ ေယာက်္ားေတြႏွင့္ ပလူးပလဲ ေနတတ္ေသာမိန္းမ

သြက္သြက္လက္လက္႐ွိတာနဲ႔ စပ္စလူးထတာ ၊ ဂဏွာမၿငိမ္ျဖစ္တာ မတူပါဘူးေနာ္။

အထူးသျဖင့္ ဒီလိုမိန္းကေလးေတြဟာ ေယာက်္ားေတြနဲ႔ပလူးပလဲ ေနရတာကို ေပ်ာ္႐ႊင္ ႏွစ္သက္ေနတတ္ၾကပါတယ္။

ဒီလိုအက်င့္စ႐ိုက္႐ွိတဲ့ မိန္းကေလးမ်ိဳးကို ေ႐ြးခ်ယ္မိရင္ေတာ့ လက္ထပ္ၿပီးတဲ့အခါမွာလည္း ျပႆနာေတြ မ်ားစြာ ၾကဳံရႏိုင္ပါတယ္ ။

၅။ ပါတီႀကိဳက္ေသာမိန္းမ

သ႐ုပ္ပ်က္အဝတ္အစားေတြဝတ္ၿပီး ပါတီမွန္သမွ် အကုန္တက္တဲ့ မိန္းကေလးမ်ိဳးကို သင့္အေနနဲ႔ တသက္တာ ဇနီးမယားအျဖစ္ ေ႐ြးခ်ယ္ႏိုင္ပါသလား။

ဒီလို party girl ေတြဟာ အေပ်ာ္အပါး အလြန္မက္တတ္တဲ့ မိန္းကေလးေတြ ျဖစ္ပါတယ္ ။

၆။ စဥ္းစားဆင္ျခင္ဉာဏ္မ႐ွိေသာမိန္းမ တုံးအေသာ မိန္းမ

သင္ဟာ ဒီလိုမိန္းကေလးကို ေ႐ြးခ်ယ္မိၿပီး ဘယ္ေလာက္ပဲ သူ႕အေပၚနားလည္မႈ ေပးႏိုင္သည္ဆိုဆို သားသမီးရလာတဲ့အခါမွာေတာ့ သင့္ရဲ႕သားသမီးေတြကို ေကာင္းစြာ သြန္သင္ဆိုဆုံးမမႈ ေပးနိင္မွာ မဟုတ္ပါဘူး။

ကိုယ္လက္ထပ္မယ့္ မိန္းကေလးဟာ အေမေကာင္းတစ္ေယာက္ ျဖစ္ႏိုင္၊မျဖစ္ႏိုင္ဆိုတာကိုလည္း ထည့္သြင္းစဥ္းစားသင့္ပါတယ္ ။

၇။ လူစိတ္ဝင္စားမႈကိုခံခ်င္ေသာမိန္းမ

မိန္းကေလးအခ်ိဳ႕ဟာ လူေတြရဲ႕ စိတ္ဝင္စားမႈကို ခံယူခ်င္ၾကပါတယ္။ဒါဟာ ပုံမွန္ပါပဲ။

ဒါေပမဲ့လည္း အတိုင္းထက္အလြန္ ေက်ာ္ၾကားခ်င္တာ ၊ စိတ္ဝင္စားခံခ်င္တာမ်ိဳးကေတာ့ အမ်ိဳးသားေတြအတြက္ နားလည္ရခက္လာေစႏိုင္သလို အျမင္မၾကည္ စိတ္ပ်က္မႈေတြ ျဖစ္လာႏိုင္ပါတယ္ ။

၈။ အတင္းအဖ်င္းေျပာလြန္းေသာမိန္းမ

အမ်ိဳးသားေတြဟာ အတင္းအဖ်င္းေျပာလြန္းတဲ့ မိန္းမေတြကို မႏွစ္သက္ၾကပါဘူး ။ ေတာ္႐ုံအားျဖင့္ အမ်ိဳသားေရာ အမ်ိဳးသမီးပါ သူတစ္ပါးအေၾကာင္းကို ရံဖန္ရံခါ ေျပာေလ့႐ွိၾကပါတယ္။

ဒီလိုမဟုတ္ဘဲ ေတြ႕သမွ်လူနဲ႔ သူတစ္ပါးရဲ႕ အေၾကာင္းကို အပုပ္ခ်၊ အတင္းအဖ်င္းေျပာရင္းနဲ႔ အခ်ိန္ကုန္ေနတတ္တဲ့ မိန္းမေတြကေတာ့ အလြန္ကို စိတ္ပ်က္ဖြယ္ ေကာင္းလြန္ပါတယ္။

၉။ ကတိမေပးတတ္ေသာမိန္းမ

ဒီလိုမိန္းမေတြဟာ ကိစၥတစ္ခုခု

(ဥပမာ – အလုပ္ ၊ ေက်ာင္း၊ သူငယ္ခ်င္း ၊ ခ်စ္သူ ၊ စသျဖင့္) မွာ ကတိေပးဖို႔ ခဲယဥ္းတတ္ပါတယ္။

ဘာလို႔လဲဆိုေတာ့ သူတို႔ဟာ ကိစၥရပ္တစ္ခုအေပၚ စိတ္ဝင္စားမႈဟာ က်လြယ္ၿပီး အျခားတစ္ေနရာသို႔ ကူးလြယ္၊ ေျပာင္းလြယ္တတ္တာေၾကာင့္ ျဖစ္ပါတယ္။

ဒီလို စိတ္ဓါတ္မခိုင္မာတဲ့ မိန္းကေလးနဲ႔ အိမ္ေထာင္ျပဳမိရင္စိတ္အေႏွာင့္အယွက္ေတြ မ်ားစြာ ေတြ႕လာႏိုင္ပါတယ္။

၁၀။ မိုက္႐ိုင္းေသာမိန္းမ

သူေကတာ့ အဆိုးဆုံးပါပဲ။ ေတာ္႐ုံအားျဖင့္ေတာ့ လက္မထပ္ခင္မွာ မသိၾကပါဘူး။

ဒါ့ေၾကာင့္ လက္မထပ္ခင္မွာ ထိုမိန္းကေလးရဲ႕ မိသားစုအေပၚ ၊ သူငယ္ခ်င္းအေပၚ ၊ ပတ္ဝန္းက်င္အေပၚ ေျပာဆိုဆက္ဆံပုံေတြကို ေလ့လာထားဖို႔ လိုပါတယ္။

အေနအထိုင္ အေျပာအဆို ေလးစားသမႈ႐ွိတဲ့ မိန္းကေလးမ်ိဳးမွသာ မိမိအေပၚလည္း ေလးစားမႈ ႐ွိမွာျဖစ္ပါတယ္။

Credit ~ မူရင္းေရးသားသူ