News

ဝက်လက် ဧရာဝတီမြစ်ထဲ စစ်အုပ်စုကို တိုက်ခိုက်တဲ့ (ရုပ်သံ)

ဝက်လက် ဧရာဝတီမြစ်ထဲ စစ်အုပ်စုကို တိုက်ခိုက်တဲ့ (ရုပ်သံ)

ဝက်လက် ဧရာဝတီမြစ်ထဲ စစ်အုပ်စုကို တိုက်ခိုက်ရာ ရေယာဉ်တစ်စီး နစ်မြုပ်၊ တစ်ပွင့်ဗိုလ် အေးဝင်းထွန်း အပါအဝင် စကစ ငါးယောက် tay ဆုံး

ရုပ်သံကိုတော့ အောက်ဆုံးမှာ ထည့်ပေးထားပါတယ်။

MFP ၊ စက်တင်ဘာ – ၂၆

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရှိမ္မကားရွာအနီး ဧရာဝတီမြစ်အတွင်း ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတဲ့ စစ်အုပ်စုကို မိုင်းဖောက်ခွဲ တို-က်ခိုက်ခဲ့ရာ

ရေယာဉ်တစ်စီး နစ်မြုပ်ပြီး တစ်ပွင့်ဗိုလ် အေးဝင်းထွန်း အပါအဝင် စကစ ငါးယောက် tay တယ်လို့ တောကြီးမြွေပွေး တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ၉၂၆)ရက် မနက်ပိုင်းက ဝက်လက်နယ်၊ ရှိမ်းမကားစခန်းထဲက ထွက်လာပြီး ဧရာဝတီမြစ်အတွင်း သွားလာနေတဲ့ ပြည်သူတွေကို လက်နက်ပြ၊ မိုက်ကြေးခွဲ၊

အတင်းအဓမ္မ ငွေကြေးတောင်းယူနေတဲ့ စစ်အုပ်စုကို တောကြီးမြွေပွေးတပ်ဖွဲ့ နှင့် ရွေဘိုခရိုင် အမှတ်(၁၇)တပ်ရင်း – (ဒေါင်းစစ်သည်) တပ်ဖွဲ့တို့ ပူပေါင်းပြီး တို-က်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ရာ အေးဝင်းထွန်း (တစ်ပွင့်ဗိုလ်) ၊ ကျော်ဝင်းထွန်း ၊ စည်သူမောင် အပါအဝင် ရဲနှင့်စစ်ခွေး စုစုပေါင်း ငါးကောင် tay ဆုံးပြီး

ခြေပြတ်၊ လက်ပြတ်နှင့် အပြင်းထန်ဒဏ်ရာ ရသူများရှိ” လို့ တောကြီးမြွေပွေး (ခေါင်းဆောင်) ဗိုလ်တီ က ဆိုပါတယ်။

ရှိမ္မကားရွာထဲက စစ်အုပ်စုက ဧရာဝတီမြစ်အတွင်း သွားလာနေတဲ့ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးတောင်းတာတွေ အမြဲ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်ဆုံးတွင် ရုပ်သံကြည့်ရန်

Source – MFP

Zawgyi Version ဖြင့်ဖတ်ရန်




MFP ၊ စက်တင်ဘာ – ၂၆








ရုပ်သံကြည့်ရန်

Source – MFP