မင်္ဂလာဒုံယာဉ်တိုက်မှုမှာ စစ်တပ် ကားအချင်းချင်းဖြစ်ပြီး…
စစ်သား ၃ ဦး tay ဆုံးပြီး ၆ ဦးဒဏ်ရာရှိစေခဲ့သည့် မင်္ဂလာဒုံယာဉ်တိုက်မှုမှာ စစ်တပ် ကားအချင်းချင်း ခေါင်းချင်းဆိုင်တိုက်ခြင်းဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီး မြတ်ဇော်လင်းပါ tay ဆုံး
ရန်ကုန်၊ စက်တင်ဘာ ၂၆
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဗဟိုနိုင်ငံရေးအကျော် ကျိုက်ကလဲ့အနား ယ မန်နေ့ညပိုင်း ကားတိုက်မှုတွင် စစ်သား ၃ ဦး tay ဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ရာ
တိုက်သော ကားနှစ်စီးလုံးသည် စစ်တပ်မှဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီး မြတ်ဇော်လင်းလည်း tay ဆုံးသွားကြောင်း သိရှိရသည်။
အဆိုပါယာဉ်တိုက်မှုသည် Hiject ကားနှင့် အိမ်စီးကား တိုက်မိခြင်းဖြစ်ပြီး Hiject ကားသည် အမှတ် ၁ စစ်ဖက်ရေးရာလုံခြုံရေး အတတ်သင်ကျောင်းမှ ဖြစ်ပြီး
အိမ်စီးကားမှာ ဒုတိယဗိုလ်မှူးကြီး မြတ်ဇော်လင်း၏ ကားဖြစ်ကြောင်း သိရှိရသည်။
ဒုတိယဗိုလ်မှူးကြီး မြတ်ဇော်လင်းမှာ အသက် ၄၆ နှစ်ရှိပြီး တေဇ ၂၅ ကျောင်းဆင်းဖြစ်ပြီး အငြိမ်းစားယူထားပြီးဖြစ်ကြောင်း၊
၎င်းသည် အင်းစိန်မြို့နယ်၊ ရွာမရှေ့ရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် နေထိုင်ခြင်းဖြစ်ကြောင်း၊ ကွယ်လွန်ချိန်တွင် ဇနီး နန်းစန္ဒာအောင်၊ သားမောင်ဥက္ကာပြည့်စုံ၊ သမီး မြတ်သဒ္ဒါလင်းတို့ ကျန်ရစ်ခဲ့ကြောင်း၊
အလောင်းကို စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် သဂြိုလ်ဖြစ်ကြောင်း သိရှိရသည်။
Hiject ယာဉ်မောင်းမှာ ဒုအရာခံဗိုလ် သိန်းသန်းမင်းဖြစ်ကာ အမှတ် ၁ စစ်ဖက်ရေးရာလုံခြုံရေး အတတ်သင်ကျောင်း ရေကြည်အိုင်ဖြစ်ကြောင်း သိရှိရသည်။
ကားပေါ်မှ ရရှိသော စာရွက်စာတမ်းများနှင့်ယာဉ်မောင်းလိုင်စင်အရ ကားမောင်းသူသည် ဒုအရာခံဗိုလ် သိန်းသန်းမင်းသည် တစတ ၁ ၊ အမှတ် ၃ ဂိတ်၊ အမှတ် ၁ စစ်ဖက်ရေးရာလုံခြုံရေး အတတ်သင်ကျောင်း ရေကြည်အိုင် ဟု သိရှိရကြောင်း၊
ကျောင်းလုံခြုံရေးအတွက် စကားပြောစက်ကိုလည်း စက်တင်ဘာလ ၂ ရက်နေ့တွင် အမှတ် ၁ ယာဉ်သိုလှောင်ရေးတပ်ရင်းထံမှ ထုတ်ယူခဲ့သော ပြေစာကိုလည်း တွေ့ရှိရ ကြောင်း ဒေသခံတချို့ထံမှ သိရှိသည်။
စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် Hiject ကားနှင့် အိမ်စီးကားတစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြပြီး ယင်းယာဉ်တိုက်မှုတွင် စစ် သား ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိကြောင်း၊
ဒဏ်ရာရရှိသူများမှာလည်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရှိရသည်။
မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေး မြန်းရာ မင်္ဂလာဒုံ ယာဉ်တိုက်မှုတွင် ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း ၊
သို့ရာတွင် သေဆုံးသူနှင့်ဒဏ်ရာရရှိသူများသည် တပ်နှင့်ရဲတပ်ဖွဲ့ဝင်များဖြစ်သည်ကိုမူ မှတ်ချက်မပေးဘဲ မင်္ဂလာဒုံရဲတပ်ဖွဲ့ကိုသာ ဆက်သွယ်မေးမြန်းရန် ပြောဆိုသည်။
မင်္ဂလာဒုံမှ ပရဟိတအသင်းတစ်ခုကမူ tay ဆုံးသူ ၃ ဦးသည် စစ်သား များဖြစ် ကြောင်း အတည်ပြုပြီး ဒဏ်ရာရရှိသူများနှင့်ပတ်သက်၍ စိစစ်ဆဲဖြစ် သည်ဟုဆိုသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၆
Zawgyi Version ျဖင့္ဖတ္ရန္
မဂၤလာဒုံယာဥ္တိုက္မႈမွာ စစ္တပ္ ကားအခ်င္းခ်င္းျဖစ္ၿပီး…
စစ္သား ၃ ဦး tay ဆုံးၿပီး ၆ ဦးဒဏ္ရာ႐ွိေစခဲ့သည့္ မဂၤလာဒုံယာဥ္တိုက္မႈမွာ စစ္တပ္ ကားအခ်င္းခ်င္း ေခါင္းခ်င္းဆိုင္တိုက္ျခင္းျဖစ္ၿပီး ဒုတိယဗိုလ္မႉးႀကီး ျမတ္ေဇာ္လင္းပါ tay ဆုံး
ရန္ကုန္၊ စက္တင္ဘာ ၂၆
ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္၊ ဗဟိုႏိုင္ငံေရးအေက်ာ္ က်ိဳက္ကလဲ့အနား ယ မန္ေန႔ညပိုင္း ကားတိုက္မႈတြင္ စစ္သား ၃ ဦး tay ဆုံးၿပီး ၆ ဦးဒဏ္ရာရ႐ွိခဲ့ရာ
တိုက္ေသာ ကားႏွစ္စီးလုံးသည္ စစ္တပ္မွျဖစ္ၿပီး ဒုတိယဗိုလ္မႉးႀကီး ျမတ္ေဇာ္လင္းလည္း tay ဆုံးသြားေၾကာင္း သိ႐ွိရသည္။
အဆိုပါယာဥ္တိုက္မႈသည္ Hiject ကားႏွင့္ အိမ္စီးကား တိုက္မိျခင္းျဖစ္ၿပီး Hiject ကားသည္ အမွတ္ ၁ စစ္ဖက္ေရးရာလုံျခဳံေရး အတတ္သင္ေက်ာင္းမွ ျဖစ္ၿပီး
အိမ္စီးကားမွာ ဒုတိယဗိုလ္မႉးႀကီး ျမတ္ေဇာ္လင္း၏ ကားျဖစ္ေၾကာင္း သိ႐ွိရသည္။
ဒုတိယဗိုလ္မႉးႀကီး ျမတ္ေဇာ္လင္းမွာ အသက္ ၄၆ ႏွစ္႐ွိၿပီး ေတဇ ၂၅ ေက်ာင္းဆင္းျဖစ္ၿပီး အၿငိမ္းစားယူထားၿပီးျဖစ္ေၾကာင္း၊
၎သည္ အင္းစိန္ၿမိဳ႕နယ္၊ ႐ြာမေ႐ွ႕ရပ္ကြက္၊ သီရိမဂၤလာလမ္းတြင္ ေနထိုင္ျခင္းျဖစ္ေၾကာင္း၊ ကြယ္လြန္ခ်ိန္တြင္ ဇနီး နန္းစႏၵာေအာင္၊ သားေမာင္ဥကၠာျပည့္စုံ၊ သမီး ျမတ္သဒၵါလင္းတို႔ က်န္ရစ္ခဲ့ေၾကာင္း၊
အေလာင္းကို စက္တင္ဘာလ ၂၇ ရက္ေန႔ မြန္းလြဲ ၃ နာရီတြင္ သၿဂိဳလ္ျဖစ္ေၾကာင္း သိ႐ွိရသည္။
Hiject ယာဥ္ေမာင္းမွာ ဒုအရာခံဗိုလ္ သိန္းသန္းမင္းျဖစ္ကာ အမွတ္ ၁ စစ္ဖက္ေရးရာလုံျခဳံေရး အတတ္သင္ေက်ာင္း ေရၾကည္အိုင္ျဖစ္ေၾကာင္း သိ႐ွိရသည္။
ကားေပၚမွ ရ႐ွိေသာ စာ႐ြက္စာတမ္းမ်ားႏွင့္ယာဥ္ေမာင္းလိုင္စင္အရ ကားေမာင္းသူသည္ ဒုအရာခံဗိုလ္ သိန္းသန္းမင္းသည္ တစတ ၁ ၊ အမွတ္ ၃ ဂိတ္၊ အမွတ္ ၁ စစ္ဖက္ေရးရာလုံျခဳံေရး အတတ္သင္ေက်ာင္း ေရၾကည္အိုင္ ဟု သိ႐ွိရေၾကာင္း၊
ေက်ာင္းလုံျခဳံေရးအတြက္ စကားေျပာစက္ကိုလည္း စက္တင္ဘာလ ၂ ရက္ေန႔တြင္ အမွတ္ ၁ ယာဥ္သိုေလွာင္ေရးတပ္ရင္းထံမွ ထုတ္ယူခဲ့ေသာ ေျပစာကိုလည္း ေတြ႕႐ွိရ ေၾကာင္း ေဒသခံတခ်ိဳ႕ထံမွ သိ႐ွိသည္။
စက္တင္ဘာလ ၂၅ ရက္ေန႔ ည ၁၀ နာရီဝန္းက်င္အခ်ိန္ Hiject ကားႏွင့္ အိမ္စီးကားတစ္စီးတို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိခဲ့ၾကၿပီး ယင္းယာဥ္တိုက္မႈတြင္ စစ္ သား ၃ ဦးေသဆုံးကာ ၆ ဦးဒဏ္ရာရ႐ွိေၾကာင္း၊
ဒဏ္ရာရ႐ွိသူမ်ားမွာလည္း စစ္ေကာင္စီလက္ေအာက္ခံ တပ္ဖြဲ႕ဝင္မ်ားျဖစ္ေၾကာင္း သိ႐ွိရသည္။
မရမ္းကုန္းၿမိဳ႕နယ္႐ွိ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ထံ ရန္ကုန္ေခတ္သစ္သတင္းဌာနက ဆက္သြယ္ေမး ျမန္းရာ မဂၤလာဒုံ ယာဥ္တိုက္မႈတြင္ ၃ ဦးေသဆုံးၿပီး ၆ ဦးဒဏ္ရာရ႐ွိေၾကာင္း ၊
သို႔ရာတြင္ ေသဆုံးသူႏွင့္ဒဏ္ရာရ႐ွိသူမ်ားသည္ တပ္ႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ားျဖစ္သည္ကိုမူ မွတ္ခ်က္မေပးဘဲ မဂၤလာဒုံရဲတပ္ဖြဲ႕ကိုသာ ဆက္သြယ္ေမးျမန္းရန္ ေျပာဆိုသည္။
မဂၤလာဒုံမွ ပရဟိတအသင္းတစ္ခုကမူ tay ဆုံးသူ ၃ ဦးသည္ စစ္သား မ်ားျဖစ္ ေၾကာင္း အတည္ျပဳၿပီး ဒဏ္ရာရ႐ွိသူမ်ားႏွင့္ပတ္သက္၍ စိစစ္ဆဲျဖစ္ သည္ဟုဆိုသည္။
ရန္ကုန္၊ စက္တင္ဘာ ၂၆