ကြားသိရသမျှ

ကမ္ဘာ့စီးပွားပျက်ကပ်လာတော့မယ့် ခုနှစ် နှင့် မြန်မာပြည်မှာ ဖြစ်လာနိုင်တဲ့ အခြေအနေ…

ကမ္ဘာ့စီးပွားပျက်ကပ်လာတော့မယ့် ခုနှစ် နှင့် မြန်မာပြည်မှာ ဖြစ်လာနိုင်တဲ့ အခြေအနေ…

ကမ္ဘာ့စီးပွားရေးပညာရှင် နျူရီရယ် ရူဘီနီ (Nouriel Roubini) က ဟောကိန်းထုတ်တယ်။ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြုံမယ်၊ အတော်ဆိုးဆိုးကြုံမယ်၊

၂၀၀၈ ခုနှစ်ထက် ပိုဆိုးမယ်၊ အတော်ရှည်ကြာမယ်၊ မလှမပ ဖြစ်မယ်တဲ့။

သူပြောရင်မှန်တယ်၊ ၂၀၀၇-၈ တုန်းကလည်း သာသာယာယာအချိန် ကတည်းက သူကစပြောတယ်၊ စီးပွားပျက်ကပ် လာတော့မယ်တဲ့၊ ပြောတဲ့အတိုင်းဖြစ်တယ်။

သူဟောတာ နံကြားထောက်တာမဟုတ်ပါဘူး၊ တကမ္ဘာလုံးရဲ့ အခြေအနေတွေ ငွေပေးငွေယူတွေ ဝယ်လိုအား ရောင်ရလိုအား စစ်ပွဲအခြေအနေတွေကြည့်ဟောတာ။

၂၀၂၃ ဇန်နဝါရီက စပြီး လုပ်ငန်းရှင်တွေ ရင်ခုံကြရပြီ။ အခုကောကောင်းလို့လားဆိုတော့ မကောင်းဘူး၊ ဒါပေမယ့် လက်ရှိအခြေအနေဟာ မုန်တိုင်း မဝင်ခင်ကာလတဲ့။

လက်ခံခံ မခံခံ အရှိတရားကတော့ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေး နိုင်ငံရေး သမားစဉ်မှာ ဦးဆောင်နိုင်ငံပဲ၊ သူ နှာချေလိုက်ယုံနဲ့ တကမ္ဘာလုံး တုတ်ကွေးကွေးကြတယ်။

အခု သူ နှာစ ချေပါပြီ။ လက်ရှိ အမေရိကန်စတော့ချ်တွေ စျေးပြုတ်ကျနေတယ်။ အိန္ဒိယ တရုတ် ဥရောပ အကုန် တုတ်ကွေးလိုက်ကွေးကြတယ်။ သူတို့စတော့ချ်တွေ အကုန်ပြုတ်ကျတယ်။

တရုတ်နိုင်ငံဟာ ဒီနှစ်ကုန်မှာ အလုပ်လက်မဲ့ ၂၀% အထိတိုးလာမယ်။ ကုန်ထုတ်နိုင်ငံဆိုတော့ စီးပွားကျလို့ သူ့ကုန်တွေ ဝယ်သူမရှိရင် သူလည်း လှိမ့်ဆင်းမှာပဲ။

အိန္ဒိယ လည်း ရုရှ ကို စစ်ကိုရပ်ဖို့ပြောတယ်၊ အဲ့ဒီစစ် ရှိနေရင် ကမ္ဘာ့စီးပွားရေးက ပိုအထိနာမှာမို့လို့။

ဒီ စီးပွားပျက်ကပ် ဟာ ကျွန်တော်တို့ကိုလည်း လာဆောင့်မှာပဲ။ ၂၀၂၃ ကို ဉာဏ် နဲ့ ဖြတ်မှရမယ်။

Kyaw Swa Win

Zawgyi Version ျဖင့္ဖတ္ရန္

ကမ႓ာ့စီးပြားပ်က္ကပ္လာေတာ့မယ့္ ခုႏွစ္ ႏွင့္ ျမန္မာျပည္မွာ ျဖစ္လာႏိုင္တဲ့ အေျခအေန…

ကမ႓ာ့စီးပြားေရးပညာ႐ွင္ ႏ်ဴရီရယ္ ႐ူဘီနီ (Nouriel Roubini) က ေဟာကိန္းထုတ္တယ္။ ၂၀၂၃ ခုႏွစ္မွာ ကမ႓ာ့စီးပြားေရး ပ်က္ကပ္ၾကဳံမယ္၊ အေတာ္ဆိုးဆိုးၾကဳံမယ္၊

၂၀၀၈ ခုႏွစ္ထက္ ပိုဆိုးမယ္၊ အေတာ္႐ွည္ၾကာမယ္၊ မလွမပ ျဖစ္မယ္တဲ့။

သူေျပာရင္မွန္တယ္၊ ၂၀၀၇-၈ တုန္းကလည္း သာသာယာယာအခ်ိန္ ကတည္းက သူကစေျပာတယ္၊ စီးပြားပ်က္ကပ္ လာေတာ့မယ္တဲ့၊ ေျပာတဲ့အတိုင္းျဖစ္တယ္။

သူေဟာတာ နံၾကားေထာက္တာမဟုတ္ပါဘူး၊ တကမ႓ာလုံးရဲ႕ အေျခအေနေတြ ေငြေပးေငြယူေတြ ဝယ္လိုအား ေရာင္ရလိုအား စစ္ပြဲအေျခအေနေတြၾကည့္ေဟာတာ။

၂၀၂၃ ဇန္နဝါရီက စၿပီး လုပ္ငန္း႐ွင္ေတြ ရင္ခုံၾကရၿပီ။ အခုေကာေကာင္းလို႔လားဆိုေတာ့ မေကာင္းဘူး၊ ဒါေပမယ့္ လက္႐ွိအေျခအေနဟာ မုန္တိုင္း မဝင္ခင္ကာလတဲ့။

လက္ခံခံ မခံခံ အ႐ွိတရားကေတာ့ အေမရိကန္ႏိုင္ငံဟာ ကမ႓ာ့စီးပြားေရး ႏိုင္ငံေရး သမားစဥ္မွာ ဦးေဆာင္ႏိုင္ငံပဲ၊ သူ ႏွာေခ်လိုက္ယုံနဲ႔ တကမ႓ာလုံး တုတ္ေကြးေကြးၾကတယ္။

အခု သူ ႏွာစ ေခ်ပါၿပီ။ လက္႐ွိ အေမရိကန္စေတာ့ခ်္ေတြ ေစ်းျပဳတ္က်ေနတယ္။ အိႏၵိယ တ႐ုတ္ ဥေရာပ အကုန္ တုတ္ေကြးလိုက္ေကြးၾကတယ္။ သူတို႔စေတာ့ခ်္ေတြ အကုန္ျပဳတ္က်တယ္။

တ႐ုတ္ႏိုင္ငံဟာ ဒီႏွစ္ကုန္မွာ အလုပ္လက္မဲ့ ၂၀% အထိတိုးလာမယ္။ ကုန္ထုတ္ႏိုင္ငံဆိုေတာ့ စီးပြားက်လို႔ သူ႕ကုန္ေတြ ဝယ္သူမ႐ွိရင္ သူလည္း လွိမ့္ဆင္းမွာပဲ။

အိႏၵိယ လည္း ႐ု႐ွ ကို စစ္ကိုရပ္ဖို႔ေျပာတယ္၊ အဲ့ဒီစစ္ ႐ွိေနရင္ ကမ႓ာ့စီးပြားေရးက ပိုအထိနာမွာမို႔လို႔။

ဒီ စီးပြားပ်က္ကပ္ ဟာ ကြၽန္ေတာ္တို႔ကိုလည္း လာေဆာင့္မွာပဲ။ ၂၀၂၃ ကို ဉာဏ္ နဲ႔ ျဖတ္မွရမယ္။

Kyaw Swa Win