ကြားသိရသမျှ

မွန်နှင့် ကရင်ပြည်နယ်ရှိ တပ်ရင်းများတွင် စစ်ကောင်စီက

မွန်နှင့် ကရင်ပြည်နယ်ရှိ တပ်ရင်းများတွင် စစ်ကောင်စီက

မွန်နှင့် ကရင်ပြည်နယ်ရှိ တပ်ရင်းများ၌ စစ်ကောင်စီက ကလေးအမေများကိုပါ ကင်းစောင့်ခိုင်းနေပြီး

ကလေးထိန်းမည့်သူမရှိ၍ ကင်းရုံသို့ ကလေးပါခေါ်ပြီး ‌ေ-သနတ်ကိုင် ကင်းစောင့်နေရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၆ ရက်

အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ရှိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းမှ တပ်ရင်းများ၌ ကင်းစောင့်မည့်စစ်သားမရှိ၍

စစ်တပ်အရာရှိများက တပ်ရင်းမှ ရဲမေ (စစ်သားမိန်းမ) များကို ‌ေ-သနတ်ပေး၍ ကင်းရုံများ၌ ၂၄ နာရီ အလှည့်ကျ ကင်းစောင့်ခိုင်းနေကြောင်း သတင်းရရှိသည်။

ထိုသို့ ကင်းစောင့်ခိုင်းရာတွင် စစ်ကောင်စီက ကလေးအမေများပါမချန်ဘဲ ကင်းစောင့်ခိုင်းသည့်အတွက် မိခင်များမှာ မိမိကလေးများကိုပါ ကင်းရုံများသို့ခေါ်ဆောင်၍

‌ေ-သနတ်ကိုင် ကင်းစောင့်နေရကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံက သိရသည်။

“နောက်တန်းက တပ်ရင်းတွေမှာက စစ်သားက မရှိတော့ဘူး။ အဲဒါကြောင့် ရဲမေ (စစ်သားမိန်းမ) တွေကိုပါ ကင်းစောင့်ခိုင်းတယ်။ ကလေးအမေတွေပါ မကျန်ဘူး ကင်းစောင့်နေရတယ်။

ကင်းချိန်ကလည်း ၂၄ နာရီ အပြည့် သတ်မှတ်ထားတာ။ အဲဒါကို အလှည့်ကျကင်းစောင့်ပေးနေရတာ။

ကလေးအမေတွေက အိမ်မှာ ကလေးထိမ်းမယ့်လူမရှိတော့ ကင်းရုံကိုပါ ကလေးတွေခေါ်လာပြီး

သေနတ်ကိုင် ကင်းစောင့်နေရတယ်”ဟု ကရင်ပြည်နယ်အတွင်းရှိ တပ်ရင်းတစ်ခုမှ တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်က ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကရင့်အမျိုးသား အစည်းအရုံး – KNU တပ်မဟာ ၆ ထိမ်းချုပ်နယ်မြေများအား စစ်ရေးအရ သိမ်းပိုက်ရန်အတွက်အတွက်

စစ်ကောင်စီ၏အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) နှင့် သထုံမြို့ အခြေစိုက် တပ်မ ၄၄ လက်အောက်မှ တပ်ရင်းများစွာဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်များ၏ထိုးစစ်ဆင်မှုကို KNU လက်အောက်ရှိ KNLA KNDO တပ်များ၊ ကော်ဘရာ၊ ကျားဖြူ၊ Federal Wings အပါအဝင် PDF တပ်များ၊

KNDO မှခွဲထွက်၍ သီးခြားတည်ထောင်ထားသည့် ကော်သူးလေတပ်မတော်တို့က အပြင်းအထန်ခုခံတိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မှု မအောင်မြင်ဘဲ အထိနာလျှက်ရှိသည်။

စစ်ကောင်စီတပ်များမှာ ကရင်ပြည်နယ်ရှိ ရှေ့တန်းစစ်မျက်နှာ၌ အထိနာနေသလို နောက်တန်းတပ်ရင်းများ၌ ကင်းစောင့်မည့် စစ်သားပင်မရှိ၍

ရဲမေ (စစ်သားမိန်းမ) များကိုပါ ကင်းစောင့်ခိုင်းနေပြီး လူကြီးများ ကင်း မစောင့်နိုင်ပါက ကလေးများကို လူစားထိုး၍ ကင်းစောင့်ခိုင်းစေကြောင်း သိရသည်။

“အခုက စစ်သားက ၃ ယောက်နဲ့ မိန်းမတွေက ၅ ယောက်နှုန်း၊ တရက်ကို ၈ ယောက်နှုန်းနဲ့ ကင်းချိန် ၃ နာရီစီ စောင့်ရတယ်။ အားလုံးပေါင်းရင်တော့ ကင်းချိန်က ၂၄ နာရီပေါ့။

တပ်ရင်းက အိမ်ထောင်သည်လိုင်းခန်းက ရှိသမျှ ရဲမေတွေ အကုန်အလှည့်ကျစောင့်နေရတာ။ အမေ၊ မိဘတွေ ကင်းမစောင့်နိုင်ရင် သူတို့ကိုယ်စား ‌ေ-သနတ်ကိုင်နိုင်တဲ့ကလေးတွေ လွှတ်ပေးရတယ်။

တပ်ကလူကြီးတွေကလည်း ကလေးဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် လူရှိရင်ပြီးရော ကင်းစောင့်ခိုင်းနေတာ”ဟု မွန်ပြည်နယ်မှ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Source – ဧရာဝတီတိုင်းမ်

Zawgyi Version ျဖင့္ဖတ္ရန္

မြန္ႏွင့္ ကရင္ျပည္နယ္႐ွိ တပ္ရင္းမ်ားတြင္ စစ္ေကာင္စီက

မြန္ႏွင့္ ကရင္ျပည္နယ္႐ွိ တပ္ရင္းမ်ား၌ စစ္ေကာင္စီက ကေလးအေမမ်ားကိုပါ ကင္းေစာင့္ခိုင္းေနၿပီး

ကေလးထိန္းမည့္သူမ႐ွိ၍ ကင္း႐ုံသို႔ ကေလးပါေခၚၿပီး ‌ေ-သနတ္ကိုင္ ကင္းေစာင့္ေနရ

ဧရာဝတီတိုင္းမ္

စက္တင္ဘာလ ၂၆ ရက္

အေ႐ွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ (ရတခ) လက္ေအာက္႐ွိ မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္အတြင္းမွ တပ္ရင္းမ်ား၌ ကင္းေစာင့္မည့္စစ္သားမ႐ွိ၍

စစ္တပ္အရာ႐ွိမ်ားက တပ္ရင္းမွ ရဲေမ (စစ္သားမိန္းမ) မ်ားကို ‌ေ-သနတ္ေပး၍ ကင္း႐ုံမ်ား၌ ၂၄ နာရီ အလွည့္က် ကင္းေစာင့္ခိုင္းေနေၾကာင္း သတင္းရ႐ွိသည္။

ထိုသို႔ ကင္းေစာင့္ခိုင္းရာတြင္ စစ္ေကာင္စီက ကေလးအေမမ်ားပါမခ်န္ဘဲ ကင္းေစာင့္ခိုင္းသည့္အတြက္ မိခင္မ်ားမွာ မိမိကေလးမ်ားကိုပါ ကင္း႐ုံမ်ားသို႔ေခၚေဆာင္၍

‌ေ-သနတ္ကိုင္ ကင္းေစာင့္ေနရေၾကာင္း တပ္တြင္း သတင္းရင္းျမစ္မ်ားထံက သိရသည္။

“ေနာက္တန္းက တပ္ရင္းေတြမွာက စစ္သားက မ႐ွိေတာ့ဘူး။ အဲဒါေၾကာင့္ ရဲေမ (စစ္သားမိန္းမ) ေတြကိုပါ ကင္းေစာင့္ခိုင္းတယ္။ ကေလးအေမေတြပါ မက်န္ဘူး ကင္းေစာင့္ေနရတယ္။

ကင္းခ်ိန္ကလည္း ၂၄ နာရီ အျပည့္ သတ္မွတ္ထားတာ။ အဲဒါကို အလွည့္က်ကင္းေစာင့္ေပးေနရတာ။

ကေလးအေမေတြက အိမ္မွာ ကေလးထိမ္းမယ့္လူမ႐ွိေတာ့ ကင္း႐ုံကိုပါ ကေလးေတြေခၚလာၿပီး

ေသနတ္ကိုင္ ကင္းေစာင့္ေနရတယ္”ဟု ကရင္ျပည္နယ္အတြင္း႐ွိ တပ္ရင္းတစ္ခုမွ တပ္တြင္းသတင္းရင္းျမစ္က ဧရာဝတီတိုင္းမ္ကို ေျပာသည္။

အာဏာသိမ္း စစ္ေကာင္စီတပ္က ထိုင္း-ျမန္မာနယ္စပ္႐ွိ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္႐ွိ ကရင့္အမ်ိဳးသား အစည္းအ႐ုံး – KNU တပ္မဟာ ၆ ထိမ္းခ်ဳပ္နယ္ေျမမ်ားအား စစ္ေရးအရ သိမ္းပိုက္ရန္အတြက္အတြက္

စစ္ေကာင္စီ၏အေ႐ွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ (ရတခ)၊ ကမ္း႐ိုးတန္းေဒသတိုင္းစစ္ဌာနခ်ဳပ္ (ကရခ) ႏွင့္ သထုံၿမိဳ႕ အေျခစိုက္ တပ္မ ၄၄ လက္ေအာက္မွ တပ္ရင္းမ်ားစြာျဖင့္ ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလမွစ၍ ထိုးစစ္ဆင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါစစ္ေကာင္စီတပ္မ်ား၏ထိုးစစ္ဆင္မႈကို KNU လက္ေအာက္႐ွိ KNLA KNDO တပ္မ်ား၊ ေကာ္ဘရာ၊ က်ားျဖဴ၊ Federal Wings အပါအဝင္ PDF တပ္မ်ား၊

KNDO မွခြဲထြက္၍ သီးျခားတည္ေထာင္ထားသည့္ ေကာ္သူးေလတပ္မေတာ္တို႔က အျပင္းအထန္ခုခံတိုက္ခိုက္ေနသျဖင့္ စစ္ေကာင္စီတပ္မ်ား ထိုးစစ္ဆင္မႈ မေအာင္ျမင္ဘဲ အထိနာလွ်က္႐ွိသည္။

စစ္ေကာင္စီတပ္မ်ားမွာ ကရင္ျပည္နယ္႐ွိ ေ႐ွ႕တန္းစစ္မ်က္ႏွာ၌ အထိနာေနသလို ေနာက္တန္းတပ္ရင္းမ်ား၌ ကင္းေစာင့္မည့္ စစ္သားပင္မ႐ွိ၍

ရဲေမ (စစ္သားမိန္းမ) မ်ားကိုပါ ကင္းေစာင့္ခိုင္းေနၿပီး လူႀကီးမ်ား ကင္း မေစာင့္ႏိုင္ပါက ကေလးမ်ားကို လူစားထိုး၍ ကင္းေစာင့္ခိုင္းေစေၾကာင္း သိရသည္။

“အခုက စစ္သားက ၃ ေယာက္နဲ႔ မိန္းမေတြက ၅ ေယာက္ႏႈန္း၊ တရက္ကို ၈ ေယာက္ႏႈန္းနဲ႔ ကင္းခ်ိန္ ၃ နာရီစီ ေစာင့္ရတယ္။ အားလုံးေပါင္းရင္ေတာ့ ကင္းခ်ိန္က ၂၄ နာရီေပါ့။

တပ္ရင္းက အိမ္ေထာင္သည္လိုင္းခန္းက ႐ွိသမွ် ရဲေမေတြ အကုန္အလွည့္က်ေစာင့္ေနရတာ။ အေမ၊ မိဘေတြ ကင္းမေစာင့္ႏိုင္ရင္ သူတို႔ကိုယ္စား ‌ေ-သနတ္ကိုင္ႏိုင္တဲ့ကေလးေတြ လႊတ္ေပးရတယ္။

တပ္ကလူႀကီးေတြကလည္း ကေလးျဖစ္ျဖစ္၊ ဘာျဖစ္ျဖစ္ လူ႐ွိရင္ၿပီးေရာ ကင္းေစာင့္ခိုင္းေနတာ”ဟု မြန္ျပည္နယ္မွ တပ္တြင္းသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

Source – ဧရာဝတီတိုင္းမ္