ကြားသိရသမျှ

အောက်တိုဘာ(၁)ရက် အောင်ဘာလေ ထီဖွင့်ပွဲမှစပြီး ချီးမြှင့်မည့် ဆုမဲအသစ်…

အောက်တိုဘာ(၁)ရက် အောင်ဘာလေ ထီဖွင့်ပွဲမှစပြီး ချီးမြှင့်မည့် ဆုမဲအသစ်…

အောက်တိုဘာ ၁ ရက် အောင်ဘာလေ ထီဖွင့်ပွဲမှ စပြီး ဆုမဲအသစ် အနေဖြင့် အက္ခရာနှင့် ရှေ့ဂဏန်း (၁) လုံးတူရုံဖြင့် တစ်သောင်းကျပ်ဆု ချီးမြှင့်မည်။

လာမည့် အောက်တိုဘာ လ ၁ ရက်တွင်ဖွင့်လှစ်မည့် (၄၃) ကြိမ်မြောက် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲတွင် ဝေဝေဆာဆာ ပဒေသာ ဆုမဲအသစ် အနေဖြင့်

အက္ခရာနှင့် ရှေ့ဂဏန်း (၁) လုံးတူရုံဖြင့် တစ်သောင်းကျပ် ဆုမဲများကို စတင်၍ ချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အောင် ဘာလေ သိန်းဆုဌာနခွဲ ထံမှ သိရသည်။

“လာမယ့် ၁ ရက် ၁၀ လ ၂၀၂၂ မှာ ကျင်းပပြုလုပ်မယ့် ၄၃ ကြိမ်မြောက် အောင်ဘာလေ သိန်း‌ဆု ဖွင့်ပွဲမှာ ထီချစ်သူ မိဘ ပြည်သူများ အနေနဲ့ ထီကံစမ်းတဲ့ အခါမှာ ဆုကြီးတွေနဲ့ လွဲခဲ့ရင်တောင်မှ

အနည်းဆုံး ထီ လက်မှ တ် ၁၁ စောင်ပါ၀င်တဲ့ ထီစာအုပ် တစ်အုပ်နဲ့ ညီမျှတဲ့ ကျပ် တစ်သောင်း ဆုကို ပြန်လည် ချီးမြှင့် ပေးတာဖြစ်ပါတယ်။

အခြေခံ လူတန်းစားအတွက် ထီဆုငွေ တစ်သောင်းဟာ စား၀တ်နေရေး အတွက်ပဲ ဖြစ်ဖြစ် ထိုက်သင့်တဲ့ ပမာဏ အထိတော့ ရရှိမှာဖြစ်ပါတယ်” ဟု ပြည်တွင်း အခွန်များ ဦးစီးဌာန၊

အောင်ဘာလေသိန်းဆု ဌာနခွဲ၏ ညွှန်ကြားရေးမှူး ဦးညီညီလှိုင် ကပြောသည်။

ထီထိုးသူများ အနေဖြင့် ငါးစောင်တွဲထီ ထိုးမည်ဆိုလျင် အက္ခရာ နှင့် ရှေ့ဂဏန်း တစ်လုံး တူပါက ကျပ်ငါးသောင်း ရရှိမည်ဖြစ်ပြီး ၁၀ စောင်တွဲ ထီထိုးမည် ဆိုလျင် ကျပ်တစ်သိန်း အထိ ရရှိနိုင်မည် ဖြစ်သည်ဟု သိရသည်။

ယခုလက်ရှိအချိန်တွင် အောင်ဘာလေ ထီဆု၏ အထူးဆုကြီး အနေဖြင့်ကျ ပ်သိန်း ၅၀၀၀ ၊ ကျပ်သိန်း ၁၀၀၀ ၊ ကျပ်သိန်း ၅၀၀ ဆုတစ်ဆုခြင်း အနေဖြင့်

ကျပ်သိန်း ၁၀၀၊ ကျပ်သိ န်း ၅၀၊ ကျပ်သိန်း ၂၀၊ ကျပ်သိန်း ၁၀၊ ဝေဝေ ဆာဆာ ပဒေသာဆု အနေဖြင့် သုံးသိန်း၊ နှစ်သိန်း၊ တစ်သိန်း၊ ငါးသောင်း ဆုများကို ချီးမြှင့်လျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက် အောင်ဘာလေ ထီဖွင့်ပွဲတွင် ထီလက်မှတ် ရောင်းချရ ငွေမှာ ကျပ်သန်း ၃၀၀၀ ကျော်ရှိခဲ့ပြီး ၇၀ ရာခိုင်နှုန်းကို ထီဆု ငွေအဖြစ် ချီးမြှင့်ခဲ့သည်ဟု သိရသည်။

Source – Celeland

Zawgyi Version ျဖင့္ဖတ္ရန္

ေအာက္တိုဘာ(၁)ရက္ ေအာင္ဘာေလ ထီဖြင့္ပြဲမွစၿပီး ခ်ီးျမႇင့္မည့္ ဆုမဲအသစ္…

ေအာက္တိုဘာ ၁ ရက္ ေအာင္ဘာေလ ထီဖြင့္ပြဲမွ စၿပီး ဆုမဲအသစ္ အေနျဖင့္ အကၡရာႏွင့္ ေ႐ွ႕ဂဏန္း (၁) လုံးတူ႐ုံျဖင့္ တစ္ေသာင္းက်ပ္ဆု ခ်ီးျမႇင့္မည္။

လာမည့္ ေအာက္တိုဘာ လ ၁ ရက္တြင္ဖြင့္လွစ္မည့္ (၄၃) ႀကိမ္ေျမာက္ ေအာင္ဘာေလ သိန္းဆု ဖြင့္ပြဲတြင္ ေဝေဝဆာဆာ ပေဒသာ ဆုမဲအသစ္ အေနျဖင့္

အကၡရာႏွင့္ ေ႐ွ႕ဂဏန္း (၁) လုံးတူ႐ုံျဖင့္ တစ္ေသာင္းက်ပ္ ဆုမဲမ်ားကို စတင္၍ ခ်ီးျမႇင့္ ေပးသြားမည္ ျဖစ္ေၾကာင္း ျပည္တြင္း အခြန္မ်ား ဦးစီးဌာန၊ ေအာင္ ဘာေလ သိန္းဆုဌာနခြဲ ထံမွ သိရသည္။

“လာမယ့္ ၁ ရက္ ၁၀ လ ၂၀၂၂ မွာ က်င္းပျပဳလုပ္မယ့္ ၄၃ ႀကိမ္ေျမာက္ ေအာင္ဘာေလ သိန္း‌ဆု ဖြင့္ပြဲမွာ ထီခ်စ္သူ မိဘ ျပည္သူမ်ား အေနနဲ႔ ထီကံစမ္းတဲ့ အခါမွာ ဆုႀကီးေတြနဲ႔ လြဲခဲ့ရင္ေတာင္မွ

အနည္းဆုံး ထီ လက္မွ တ္ ၁၁ ေစာင္ပါ၀င္တဲ့ ထီစာအုပ္ တစ္အုပ္နဲ႔ ညီမွ်တဲ့ က်ပ္ တစ္ေသာင္း ဆုကို ျပန္လည္ ခ်ီးျမႇင့္ ေပးတာျဖစ္ပါတယ္။

အေျခခံ လူတန္းစားအတြက္ ထီဆုေငြ တစ္ေသာင္းဟာ စား၀တ္ေနေရး အတြက္ပဲ ျဖစ္ျဖစ္ ထိုက္သင့္တဲ့ ပမာဏ အထိေတာ့ ရ႐ွိမွာျဖစ္ပါတယ္” ဟု ျပည္တြင္း အခြန္မ်ား ဦးစီးဌာန၊

ေအာင္ဘာေလသိန္းဆု ဌာနခြဲ၏ ၫႊန္ၾကားေရးမႉး ဦးညီညီလိႈင္ ကေျပာသည္။

ထီထိုးသူမ်ား အေနျဖင့္ ငါးေစာင္တြဲထီ ထိုးမည္ဆိုလ်င္ အကၡရာ ႏွင့္ ေ႐ွ႕ဂဏန္း တစ္လုံး တူပါက က်ပ္ငါးေသာင္း ရ႐ွိမည္ျဖစ္ၿပီး ၁၀ ေစာင္တြဲ ထီထိုးမည္ ဆိုလ်င္ က်ပ္တစ္သိန္း အထိ ရ႐ွိႏိုင္မည္ ျဖစ္သည္ဟု သိရသည္။

ယခုလက္႐ွိအခ်ိန္တြင္ ေအာင္ဘာေလ ထီဆု၏ အထူးဆုႀကီး အေနျဖင့္က် ပ္သိန္း ၅၀၀၀ ၊ က်ပ္သိန္း ၁၀၀၀ ၊ က်ပ္သိန္း ၅၀၀ ဆုတစ္ဆုျခင္း အေနျဖင့္

က်ပ္သိန္း ၁၀၀၊ က်ပ္သိ န္း ၅၀၊ က်ပ္သိန္း ၂၀၊ က်ပ္သိန္း ၁၀၊ ေဝေဝ ဆာဆာ ပေဒသာဆု အေနျဖင့္ သုံးသိန္း၊ ႏွစ္သိန္း၊ တစ္သိန္း၊ ငါးေသာင္း ဆုမ်ားကို ခ်ီးျမႇင့္လ်က္႐ွိသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၁ ရက္ ေအာင္ဘာေလ ထီဖြင့္ပြဲတြင္ ထီလက္မွတ္ ေရာင္းခ်ရ ေငြမွာ က်ပ္သန္း ၃၀၀၀ ေက်ာ္႐ွိခဲ့ၿပီး ၇၀ ရာခိုင္ႏႈန္းကို ထီဆု ေငြအျဖစ္ ခ်ီးျမႇင့္ခဲ့သည္ဟု သိရသည္။

Source – Celeland