Knowledge
တစ်သက်လုံး ထီ တစ်ခါမှ မပေါက်ဖူးလို့ ထီပေါက်ချင်သူများအတွက်…
တစ်သက်လုံး ထီ တစ်ခါမှ မပေါက်ဖူးလို့ ထီပေါက်ချင်သူများအတွက်…
ထီပေါက်ချင်သူများအတွက်ဖြစ်ပါတယ်။
တစ်သက်လုံးထီတစ်ခါမှမပေါက်ဖူးဘူးလို့ ပြောနေသူတွေ၊ထီတော့ ပေါက်ဖူးချင်တယ်လို့ ပြောနေသူတွေ၊
ထိုးသာထိုးနေရတယ် ပေါက်လည်းမပေါက်ဘူး လို့ ပြောနေသူတွေအတွက်ထီထိုးနည်းလေးတစ်ခု အကြံပေးချင်ပါတယ်။
လက်ရှိအောင်ဘာလေထီဆုမဲ စနစ်မှာဝေဝေဆာဆာပဒေသာဆုမဲ စနစ်ပါရှိနေတဲ့အတွက် မပေါက်မရှိထီထိုးနည်းရှိပါတယ်။
ဝေဝေဆာဆာပဒေသာစနစ်အရအက္ခရာနဲ့ရှေ့ဂဏန်းနှစ်လုံးတူရင် ငါးသောင်းဆု ပေါက်တဲ့အတွက် ထီထိုးမယ်ဆိုရင်
ရှေ့ဂဏန်းကို ၁၀, ၁၁ , ၁၂…..ကနေ ၉၉…..ထိပါတဲ့( အရင်က မင်္ဂလာစုံတွဲခေါ်တဲ့မင်္ဂလာစုံတွဲထီ) မင်္ဂလာစုံတွဲအတွဲ( ၉၀ ) ဝယ်ထိုးရင် မပေါက်မရှိပါဘဲ။
ထီလက်ကားဆိုင်တွေမှာ သွားဝယ်ရင်မင်္ဂလာစုံတွဲတစ်တွဲ( အစောင်လေးဆယ် )ကို ရှစ်ထောင်နဲ့ရနိုင်ပါတယ်။
အတွဲ ၉၀ဆိုတော့ ၇၂၀ဝ၀ဝကျပ်တော့ ရင်းရမှာပေါ့။
လက်ရှိဆုမဲစနစ်အရ အဲ့ဒီ့အတွဲ ၉၀ ထဲက ငါးသောင်းဆု သုံးဆုကျိန်းသေပေါက်ပါမယ်
။ကိုယ့်ကံထူးရင် ထူးသလိုထီဆုကြီးတွေလည်း ပေါက်နိုင်ပါတယ်။
ဒါကြောင့် ထီထိုးရင်ပေါက်ချင်သူများ၊တစ်သက်မှာတစ်ခါတော့ ထီပေါက်ချင်သူများ ကျနော်ပြောခဲ့တဲ့နည်းအတိုင်း ထီထိုးကြပါလို့ အကြံပေးအပ်ပါတယ်။
၇၂၀ဝ၀ဝကျပ် ရင်းပြီး အနည်းဆုံးတစ်သိန်းခွဲပြန်ရမယ်၊ကံကောင်းရင် ဆုကြီးပေါက်မယ်ဆိုတော့ ရင်းသင့်တယ်ထင်ပါတယ်။
ထီဆိုင်တွေမှာ အဲ့လိုမျိုးတွေတွဲပြီးရောင်းကြတယ်လို့လည်း သိရပါတယ်။
သူတို့ဆိုင်တွေရဲ့အခေါ်တွေကတော့အမျိုးမျိုးပါပဲ။ တစ်ချို့က အင်တာနက်ထီ တဲ့။ တစ်ချို့က ကွန်ပျူတာထီ တဲ့။ တစ်ချို့က ပေါ်ပြူလာထီ တဲ့။ တစ်ချို့က ပေါက်မလွဲထီ တဲ့။
ကဲ…. မပေါက်မရှိ ထီထိုးနည်းတော့ ပေးလိုက်ပါပြီ။ အရင်းအနှီး မပြည့်စုံကြရင်လည်း စုပေါင်းစပ်ပေါင်းလေးတော့ ထိုးကြည့်ကြပေါ့လေ။
ထီဆုကြီး ကံထူးသူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်း……
T T Aung Aung
Zawgyi Version ဖြင့်ဖတ်ရန်
T T Aung Aung