ကြားသိရသမျှ

အစီရင်ခံစာနှင့်ကြေးနန်းများ ပေါက်ကြားမှု ထိန်းမနိုင်တော့…

အစီရင်ခံစာနှင့်ကြေးနန်းများ ပေါက်ကြားမှု ထိန်းမနိုင်တော့…

အစီရင်ခံစာနှင့်ကြေးနန်းများ ပေါက်ကြားမှု ထိန်းမနိုင်တော့၍ စစ်သား tay ဆုံး ထိခိုက်ဒဏ်ရာရမှု ထည့်သွင်း မဖော်ပြတော့ရန် စစ်တပ်က ညွှန်ကြားချက်ထုတ်

ရန်ကုန်၊ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းတွင် ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်သားများ ထိခိုက် tay ဆုံးမှု၊ ဒဏ်ရာရရှိမှုများကို အစီရင်ခံစာ၊ ကြေးနန်းများတွင် ထည့်သွင်းဖော်ပြခြင်းမပြုရန်

စစ်ကိုင်းတိုင်းစစ်ကောင်စီ၊ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ညွှန်ကြားချက် ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၆ ရက်နေ့ ထုတ်ပြန်သော ညွှန်ကြားချက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနယ်မြေ အတွင်း အထက်ဌာနများသို့ ပေးပို့သည့် အစီရင်ခံစာများ၊

ကြေးနန်းများတွင် အရေးကြီးပုဂ္ဂိုလ်သွားလာလှုပ်ရှားမှု၊ တိုင်းမှူး၏ လှုပ်ရှားသွားလာမှု ၊ စစ်တပ်နှင့် PDF အဖွဲတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ဖြစ်စဉ်များတွင်

စစ်တပ်မှ ထိခိုက်/ဒဏ်ရာရမှုများကို ထည့်သွင်းဖော်ပြ နေကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ထည့်သွင်းဖော်ပြခြင်းမပြုရန် အကြောင်းကြားအပ်ကြောင်း ဖော်ပြထားသည်။

“ဒီလို ညွှန်ကြားတာက အစီရင်ခံစာနဲ့ ကြေးနန်းတွေက ပေါက်ကြားမှု ထိန်းမရတော့လို့ ထင်ပါတယ်။

တကယ်တော့ ကြေးနန်းဆိုတာက တကယ့်ကို အကြောင်းအရာ အသေးစိတ်ကို ဖော်ပြရတာမျိုး။

အစီရင်ခံစာဆိုတာလည်း အလားတူပဲ။ အခု သေဆုံးထိခိုက် မဖော်ပြခိုင်းဘူးဆိုတာက

ဒီကြေးနန်းတွေ၊ အစီရင်ခံစာတွေ ပေါက်ကြားမှု ထိန်း မနိုင်တော့လို့ ကောက်ချက်ချလို့ရပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ တပ်သတင်းရင်းမြစ်က ပြောသည်။

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ နေ့စဉ် ဆယ်ချီ၍ tay ဆုံးလျက်ရှိပြီး စစ်ကောင်စီတပ်များက ကျေးရွာများကို မီးရှို့ခြင်း၊

ပြည်သူများကို ဖမ်းဆီး သ-တ်ဖြတ်ခြင်းများ အရှိန်မြှင့်လုပ်ဆောင်လျက် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

Credit

Zawgyi Version ဖျင့္ဖတ္ရန္

အစီရင္ခံစာႏွင့္ေၾကးနန္းမ်ား ေပါက္ၾကားမႈ ထိန္းမႏိုင္ေတာ့…

အစီရင္ခံစာႏွင့္ေၾကးနန္းမ်ား ေပါက္ၾကားမႈ ထိန္းမႏိုင္ေတာ့၍ စစ္သား tay ဆုံး ထိခိုက္ဒဏ္ရာရမႈ ထည့္သြင္း မေဖာ္ျပေတာ့ရန္ စစ္တပ္က ၫႊန္ၾကားခ်က္ထုတ္

ရန္ကုန္၊ စက္တင္ဘာ ၂၇

စစ္ကိုင္းတိုင္းတြင္ ျဖစ္ပြားေသာ တိုက္ပြဲမ်ားတြင္ စစ္သားမ်ား ထိခိုက္ tay ဆုံးမႈ၊ ဒဏ္ရာရ႐ွိမႈမ်ားကို အစီရင္ခံစာ၊ ေၾကးနန္းမ်ားတြင္ ထည့္သြင္းေဖာ္ျပျခင္းမျပဳရန္

စစ္ကိုင္းတိုင္းစစ္ေကာင္စီ၊ လုံျခဳံေရးဝန္ႀကီး ဗိုလ္မႉးႀကီးဝင္းတင္စိုးက ၫႊန္ၾကားခ်က္ ထုတ္ျပန္သည္။

စက္တင္ဘာလ ၂၆ ရက္ေန႔ ထုတ္ျပန္ေသာ ၫႊန္ၾကားခ်က္တြင္ စစ္ကိုင္းတိုင္းေဒသႀကီးနယ္ေျမ အတြင္း အထက္ဌာနမ်ားသို႔ ေပးပို႔သည့္ အစီရင္ခံစာမ်ား၊

ေၾကးနန္းမ်ားတြင္ အေရးႀကီးပုဂၢိဳလ္သြားလာလႈပ္႐ွားမႈ၊ တိုင္းမႉး၏ လႈပ္႐ွားသြားလာမႈ ၊ စစ္တပ္ႏွင့္ PDF အဖြဲတို႔ ထိေတြ႕တိုက္ပြဲျဖစ္ပြားမႈ ျဖစ္စဥ္မ်ားတြင္

စစ္တပ္မွ ထိခိုက္/ဒဏ္ရာရမႈမ်ားကို ထည့္သြင္းေဖာ္ျပ ေနေၾကာင္း စိစစ္ေတြ႕႐ွိရသည့္အတြက္ ထည့္သြင္းေဖာ္ျပျခင္းမျပဳရန္ အေၾကာင္းၾကားအပ္ေၾကာင္း ေဖာ္ျပထားသည္။

“ဒီလို ၫႊန္ၾကားတာက အစီရင္ခံစာနဲ႔ ေၾကးနန္းေတြက ေပါက္ၾကားမႈ ထိန္းမရေတာ့လို႔ ထင္ပါတယ္။

တကယ္ေတာ့ ေၾကးနန္းဆိုတာက တကယ့္ကို အေၾကာင္းအရာ အေသးစိတ္ကို ေဖာ္ျပရတာမ်ိဳး။

အစီရင္ခံစာဆိုတာလည္း အလားတူပဲ။ အခု ေသဆုံးထိခိုက္ မေဖာ္ျပခိုင္းဘူးဆိုတာက

ဒီေၾကးနန္းေတြ၊ အစီရင္ခံစာေတြ ေပါက္ၾကားမႈ ထိန္း မႏိုင္ေတာ့လို႔ ေကာက္ခ်က္ခ်လို႔ရပါတယ္” ဟု ရန္ကုန္ေခတ္သစ္၏ တပ္သတင္းရင္းျမစ္က ေျပာသည္။

စစ္ကိုင္းတိုင္းတြင္ စစ္ေကာင္စီတပ္မ်ား ေန႔စဥ္ ဆယ္ခ်ီ၍ tay ဆုံးလ်က္႐ွိၿပီး စစ္ေကာင္စီတပ္မ်ားက ေက်း႐ြာမ်ားကို မီး႐ိႈ႕ျခင္း၊

ျပည္သူမ်ားကို ဖမ္းဆီး သ-တ္ျဖတ္ျခင္းမ်ား အ႐ွိန္ျမႇင့္လုပ္ေဆာင္လ်က္ ႐ွိေၾကာင္း ေဒသခံမ်ားထံမွ သိ႐ွိရသည္။

Credit