လူငယ်တွေအတွက် ရင်နာစရာပါ…၂၀၂၃ ခုနှစ်က မြန်မာပြည်အတွက် အိပ်မက်ဆိုးဖြစ်လာမယ့်အကြောင်းအရင်း
ကမ္ဘာ့စီးပွားပျက်ကပ်၊ တန်ဖိုးမရှိတော့တဲ့ကျပ်ငွေနဲ့ မြန်မာပြည်ရဲ့ အိပ်မက်ဆိုး ဖြစ်လာမယ့် ၂၀၂၃ ခုနှစ်
ကမ္ဘာ့စီးပွါးရေး တကယ်ပြဿနာတက်နေပြီ။ စတော့ချ်စျေးကွက်တွေ ဆက်တိုက်ကျလာတယ်။ ဒေါ်လာစျေးအရမ်းမာလာပါတယ်။
တခြားကမ္ဘာသုံးငွေကြေးတွေ ဒေါ်လာကို ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘူး။ မိမိနိုင်ငံရဲ့ငွေကြေးအဆမတန် ပြုတ်ကျတော့ ဒေါ်လာကိုဝိုင်းစုလာတယ်။ ဒေါ်လာစျးတက်လာတယ်။
ပေါင်စတာလင် နဲ့ အိန္ဒိယ ရူဘီငွေဟာ ဒေါ်လာကိုယှဉ်ရင် သမိုင်းတလျောက် မှာ အနိမ့်ဆုံးဖြစ်လာတယ်၊ ဂျပန်ယန်းငွေ ယူရို ဟာ အနှစ် ၂၄ နှစ်အတွင်းအနိမ့်ဆုံးဆင်းသွားတယ်။
အိန္ဒိယစတော့ချ်စျေးကွက်ဟာ တရက်အတွင်း ၄၉ ဘီလီယံဒေါ်လာ ဆုံးရှုံးသွားပါတယ်။ လူတွေဟာ စတော့ချ်စျေးကွက်ထဲက ငွေတွေဆွဲထုတ်ပြီး ဒေါ်လာပြောင်းဝယ်ကြတယ်။
ဒီအချက်အလက်တွေဟာ ကမ္ဘာ့စီးပွါးရေးကမောက်ကမ ဖြစ်လာပြီလို့ ပြနေတယ်။ ကမ္ဘာ့စီးပွါးရေးတိုးတက်နှုန်း နှေးလာပြီ လို့ပြပါတယ်။
အင်္ဂလန်နဲ့ ဥရောပ ဟာ သေချာပေါက် စီးပွါးပျက်ကပ်ထဲဝင်လာမယ်။
ဥရောပဟာ ရုရှက ဓါတ်ငွေ့လုံလုံလောက်လောက်ဝယ်မရလို့ လက်ရှိမှာ လမ်းမီးတွေပိတ်၊ စက်ရုံတွေ ဓါတ်ငွေ့လျော့သုံးနဲ့ ရာရှင်စနစ်အသုံးပြုနေရတယ်။
ရုရှ- ယူကရိန်း-စ်ပွဲဆက်ဖြစ်နေရင် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း ဆက်မြှင့်နေရင် သေချာပေါက် စီးပွါးပျက်ကပ်ထဲဝင်မယ်။
လူတွေ ခရီးမသွား၊ အသုံးအဖြုန်းနည်းလို့ ရေနံစျေး ကျသွားမယ်။ ကွန်ပြူတာ ဆက်စပ်လုပ်ငန်းတွေ ခဏ စျေးကွက်ပျက်သွားနိုင်တယ်။ ရွှေ ဒေါ်လာစျေးတက်လာနိုင်တယ်။
ကျွန်တော်တို့ ဘာပြင်ဆင်ထားလဲ။ အစိုးရတွေဟာ အတော် ပြင်ဆင်ထားဖို့လိုမယ်။ အမုန်းတရားတွေ အဆုံးသတ်နိုင်တဲ့ ခေါင်းဆောင်ဖြစ်လာဖို့ လိုမယ်။
စီးပွါးပျက်ကပ်မှာ ကမ္ဘာနဲ့ မြန်မာကြား ဂျမ်းတုံးခုပေးနိုင်တဲ့ စီးပွါးရေးနားလည်တဲ့ leadership ကောင်းကောင်း ဖြစ်ဖို့လိုမယ်။
တည်ငြိမ်မှု အမြန်တည်ဆောက်နိုင်မှု လိုမယ်။ မဟုတ်ရင် ၂၀၂၃ ဟာ မြန်မာအတွက် လေးနှစ်မြောက် အခက်အခဲတွေပြည့်နေတဲ့ နှစ် ဖြစ်လာနိုင်တယ်။
ငြိမ်းချမ်းရေးမတည်ဆောက် နိုင်ရင် စစ်ပြီးခေတ်သမိုင်းမှာ မျိုးဆက်သစ်အတွက် အနာဆုံးနှစ်တွေ အဖြစ် သမိုင်းတင်သွားမယ်။
Kyaw Swa Min
Zawgyi Version ျဖင့္ဖတ္ရန္
လူငယ္ေတြအတြက္ ရင္နာစရာပါ…၂၀၂၃ ခုႏွစ္က ျမန္မာျပည္အတြက္ အိပ္မက္ဆိုး ျဖစ္လာမယ့္အေၾကာင္းအရင္း
ကမ႓ာ့စီးပြားပ်က္ကပ္၊ တန္ဖိုးမ႐ွိေတာ့တဲ့က်ပ္ေငြနဲ႔ ျမန္မာျပည္ရဲ႕ အိပ္မက္ဆိုး ျဖစ္လာမယ့္ ၂၀၂၃ ခုႏွစ္
ကမ႓ာ့စီးပြါးေရး တကယ္ျပႆနာတက္ေနၿပီ။ စေတာ့ခ်္ေစ်းကြက္ေတြ ဆက္တိုက္က်လာတယ္။ ေဒၚလာေစ်းအရမ္းမာလာပါတယ္။
တျခားကမ႓ာသုံးေငြေၾကးေတြ ေဒၚလာကို ယွဥ္ၿပိဳင္ႏိုင္စြမ္း မ႐ွိေတာ့ဘူး။ မိမိႏိုင္ငံရဲ႕ေငြေၾကးအဆမတန္ ျပဳတ္က်ေတာ့ ေဒၚလာကိုဝိုင္းစုလာတယ္။ ေဒၚလာစ်းတက္လာတယ္။
ေပါင္စတာလင္ နဲ႔ အိႏၵိယ ႐ူဘီေငြဟာ ေဒၚလာကိုယွဥ္ရင္ သမိုင္းတေလ်ာက္ မွာ အနိမ့္ဆုံးျဖစ္လာတယ္၊ ဂ်ပန္ယန္းေငြ ယူ႐ို ဟာ အႏွစ္ ၂၄ ႏွစ္အတြင္းအနိမ့္ဆုံးဆင္းသြားတယ္။
အိႏၵိယစေတာ့ခ်္ေစ်းကြက္ဟာ တရက္အတြင္း ၄၉ ဘီလီယံေဒၚလာ ဆုံး႐ႈံးသြားပါတယ္။ လူေတြဟာ စေတာ့ခ်္ေစ်းကြက္ထဲက ေငြေတြဆြဲထုတ္ၿပီး ေဒၚလာေျပာင္းဝယ္ၾကတယ္။
ဒီအခ်က္အလက္ေတြဟာ ကမ႓ာ့စီးပြါးေရးကေမာက္ကမ ျဖစ္လာၿပီလို႔ ျပေနတယ္။ ကမ႓ာ့စီးပြါးေရးတိုးတက္ႏႈန္း ေႏွးလာၿပီ လို႔ျပပါတယ္။
အဂၤလန္နဲ႔ ဥေရာပ ဟာ ေသခ်ာေပါက္ စီးပြါးပ်က္ကပ္ထဲဝင္လာမယ္။
ဥေရာပဟာ ႐ု႐ွက ဓါတ္ေငြ႕လုံလုံေလာက္ေလာက္ဝယ္မရလို႔ လက္႐ွိမွာ လမ္းမီးေတြပိတ္၊ စက္႐ုံေတြ ဓါတ္ေငြ႕ေလ်ာ့သုံးနဲ႔ ရာ႐ွင္စနစ္အသုံးျပဳေနရတယ္။
႐ု႐ွ- ယူကရိန္း-စ္ပြဲဆက္ျဖစ္ေနရင္ အေမရိကန္ဗဟိုဘဏ္က အတိုးႏႈန္း ဆက္ျမႇင့္ေနရင္ ေသခ်ာေပါက္ စီးပြါးပ်က္ကပ္ထဲဝင္မယ္။
လူေတြ ခရီးမသြား၊ အသုံးအျဖဳန္းနည္းလို႔ ေရနံေစ်း က်သြားမယ္။ ကြန္ျပဴတာ ဆက္စပ္လုပ္ငန္းေတြ ခဏ ေစ်းကြက္ပ်က္သြားႏိုင္တယ္။ ေ႐ႊ ေဒၚလာေစ်းတက္လာႏိုင္တယ္။
ကြၽန္ေတာ္တို႔ ဘာျပင္ဆင္ထားလဲ။ အစိုးရေတြဟာ အေတာ္ ျပင္ဆင္ထားဖို႔လိုမယ္။ အမုန္းတရားေတြ အဆုံးသတ္ႏိုင္တဲ့ ေခါင္းေဆာင္ျဖစ္လာဖို႔ လိုမယ္။
စီးပြါးပ်က္ကပ္မွာ ကမ႓ာနဲ႔ ျမန္မာၾကား ဂ်မ္းတုံးခုေပးႏိုင္တဲ့ စီးပြါးေရးနားလည္တဲ့ leadership ေကာင္းေကာင္း ျဖစ္ဖို႔လိုမယ္။
တည္ၿငိမ္မႈ အျမန္တည္ေဆာက္ႏိုင္မႈ လိုမယ္။ မဟုတ္ရင္ ၂၀၂၃ ဟာ ျမန္မာအတြက္ ေလးႏွစ္ေျမာက္ အခက္အခဲေတြျပည့္ေနတဲ့ ႏွစ္ ျဖစ္လာႏိုင္တယ္။
ၿငိမ္းခ်မ္းေရးမတည္ေဆာက္ ႏိုင္ရင္ စစ္ၿပီးေခတ္သမိုင္းမွာ မ်ိဳးဆက္သစ္အတြက္ အနာဆုံးႏွစ္ေတြ အျဖစ္ သမိုင္းတင္သြားမယ္။
Kyaw Swa Min