ကြားသိရသမျှ

အိမ်ပြန်လာမည့် မြန်မာသင်္ဘောသားတစ်ဦး စိတ်မကောင်းစရာအဖြစ်ဆိုးနဲ့ ကြုံခဲ့ရ…

အိမ်ပြန်လာမည့် မြန်မာသင်္ဘောသားတစ်ဦး စိတ်မကောင်းစရာအဖြစ်ဆိုးနဲ့ ကြုံခဲ့ရ…

အိမ်ကိုပြန်မည့် မြန်မာ သင်္ဘောသားတစ်ဦး မလေးရှားနိုင်ငံ ဟိုတယ်၌ နားနေစဉ်

နှလုံးရပ် ‌ေ-သဆုံးသွားကြောင်း မလေးရှားနိုင်ငံ နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ကသိရသည်။

အဆိုပါ သင်္ဘောသားမှာ လုပ်ငန်းတာဝန်ပြီးဆုံး၍ နောက်နေ့ပြန်ရန် Hotel ၌ နားနေစဥ် နှလုံးရပ်ကာ

မနေ့ စက်တင်ဘာလ ၂၆ ရက်တွင် မလေးရှားနိုင်ငံ ဂျိုဟိုးဘာတူးမြို့၌ ရုတ်တရက် ‌ေ-သဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ကွယ်လွန်သူသည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၂/မြောက်ရပ်ကွက် အနော်မာ ၁၉လမ်း(အနောက်)နေ

အသက် ၃၅ နှစ်အရွယ် ကိုနေမျိုးလတ် ဆိုသူဖြစ်ကြောင်း မလေးရှားနိုင်ငံနှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်း မိသားစု၏ဆန္ဒအရ ယနေ့တွင် နှလုံးလှအဖွဲ့အနေဖြင့် ဆရာတော်အား ပင့်ဖိတ် သရဏဂုံတင်ပေးပြီး

အလော-င်းကို ယနေ့ စက်တင်ဘာလ ၂၇ ရက် အင်္ဂါနေ့တွင် မြန်မာနိုင်ငံရှိ မိသားစုထံပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

Source – ymg/mt

Zawgyi Version ဖြင့်ဖတ်ရန်










Source – ymg/mt