လှိုင်မြို့နယ် လျှပ်စစ်မီတာရုံးရှေ့ရှိ စစ်တပ်ဘန်ကာကို…
လှိုင်မြို့နယ် လျှပ်စစ်မီတာရုံးရှေ့ရှိ စစ်တပ်ဘန်ကာကို ဗုံးဖြင့် ပစ်ပြီး သေနတ်ဖြင့် အချက်ပေါင်းများစွာ ပ-စ်ခတ်သွား၊ သန်လျင်တွင် ဗုံးကွဲမှုစစ်သား ၂ ဦး tay ဆုံး
ရန်ကုန်၊ စက်တင်ဘာ ၂၇
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ လျှပ်စစ်မီတာရုံးရှေ့ရှိ စစ်တပ်ဘန်ကာကို ယနေ့ညနေပိုင်းတွင် ဗုံးဖြင့် ပ-စ်ခတ်ပြီး
tay နတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သွားကြောင်း ဒေသခံများနှင့် မျက်မြင်တွေ့ရှိရသူများက ပြောသည်။
စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် ရန်ကုန်-အင်းစိန်လမ်းမဘေး လှိုင်မြို့နယ် လျှပ်စစ်မီတာရုံးရှေ့ရှိ စစ်တပ်ဘန်ကာကို ဗုံးဖြင့် ပစ်ခြင်း၊ tayနတ်ဖြင့် ပ-စ်ခတ်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊
စစ်တပ်ဘန်ကာ အတွင်းမှ စစ်သားများ tay ဆုံးထိခိုက်မှုရှိနိုင်ကြောင်း သိရှိရသည်။
“မြို့ထဲသွားတဲ့ လမ်းတစ်ဖက်ကနေ ပ-စ်သွားတာ။ ဗုံးနဲ့လည်း ပ-စ်တယ်။ tayနတ်နဲ့လည်းပ-စ်တယ်။ ပ-စ်တဲ့သူတွေကိုတော့ မတွေ့ရဘူး။ ဘယ်က ပ-စ်သွားမှန်းတောင်မသိလိုက်ဘူး။
လှိုင်မီတာရုံးထဲက ခွေးတွေတော့ ထိမယ်ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လှိုင်မြို့နယ်၊ ကန်လမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ယခုအခါ လမ်းနှစ်ဖက်စလုံးကို စစ်တပ်က ပိတ်ဆို့လိုက်ပြီဖြစ်ပြီး ကန်လမ်းအတွင်းမှလည်း ထွက်မရတော့ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ အလားတူ စက်တင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီခွဲအချိန် YPDF+URFပူးပေါင်းမဟာမိတ်ပြောက်ကျား တပ်ဖွဲ့ဝင်များက
သန်လျင်တက္ကသိုလ် TU ဝင်းအတွင်းရှိ စစ်သားများနေထိုင်ရာလိုင်းခန်းကိုဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့က တရားဝင်သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ယမန်နှစ် ရန်ကုန်-အင်းစိန်လမ်း၊ လှိုင်မြို့နယ် လျှပ်စစ်မီတာရုံးတွင် ဗုံးပေါက်၍ လမ်းပိတ်ဆို့ထားစဉ် မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)
ခရက်ဒစ်
Zawgyi Version ဖြင့်ဖတ်ရန်
ရန်ကုန်၊ စက်တင်ဘာ ၂၇
ခရက်ဒစ်