တကယ့်သတ္တိခဲတွေကွာ…လေးစားလွန်းလို့ပါ(ရုပ်သံ)
လက်နက်ကြီးကျည် ချို့ယွင်းလို့ လက်နဲ့နှိုက်ထုတ်တဲ့ KNDF ရဲဘော်တွေ
ရုပ်သံကိုတော့ အောက်ဆုံးမှာထည့်ပေးထားပါတယ်။
မဲခေါင်၊ စက်တင်ဘာ ၂၇
ကယားပြည်နယ် (ကရင်နီ)၊ ဒီမော့ဆိုမြို့နယ်၊ ငွေတောင်အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ခလရ ၁၀၂ ကို
လက်နက်ကြီးတွေနဲ့ KNDF တပ်ရင်း ၉ က စက်တင်ဘာ ၂၃ ရက်က သွားရောက်ပစ်ခတ်ခဲ့ပါတယ်။
အဲ့ဒီလိုပစ်ခတ်ရာမှာ လက်နက်ကြီးကျည်ဟာ ချို့ယွင်းချက်ဖြစ်ပြီး ပြောင်းအတွင်းမှာ ကျန်နေခဲ့ပါတယ်။
ပုံမှန်ဆိုရင် ချို့ယွင်းချက်ဖြစ်တဲ့ ကျည်ကို ပြောင်းကိုမှောက်ချလိုက်တာနဲ့ ကျည်ဆံထွက်လာပေမယ့် အခုကျည်က ထွက်မလာဘဲ ပြောင်းအတွင်းမှာ ညပ်နေပါတယ်။
နောက်ဆုံးမှာတော့ KNDF ရဲဘော်တွေဟာ ပြောင်းအတွင်းက ကျည်ဆံကို လက်နက်နှိုက်ပြီးထုတ်ဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။
ဒီလိုလုပ်တာဟာ အန္တရာယ်အရမ်းများတယ်လို့ သိရပါတယ်။
ဒီလိုလုပ်လိုက်ပေမယ့် ရဲဘော်တွေဟာ ဘာအန္တရာယ်မှမဖြစ်တာဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်လို့ KNDF ရဲဘော်တွေက ဆိုပါတယ်။
အောက်ဆုံးတွင် ရုပ်သံကြည့်ရန်
Video Source – KNDF B09
Credit
Zawgyi Version ဖြင့်ဖတ်ရန်
မဲခေါင်၊ စက်တင်ဘာ ၂၇
ရုပ်သံကြည့်ရန်
Video Source – KNDF B09
Credit