News

စိတ်ကျန်းမာရေး မကောင်းသည့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး လမ်းဘေးတွင် ကလေးမီးဖွား

စိတ်ကျန်းမာရေး မကောင်းသည့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး လမ်းဘေးတွင် ကလေးမီးဖွား

စိတ်မကောင်းလိုက်တာ ညီမရယ်…ဝဠ်ကြွေးရှိသမျှ ဒီဘဝမှာတင် ကြေပါစေ…

သတင်း – စိတ်ကျန်းမာရေး မကောင်းသည့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး လမ်းဘေးတွင် ကလေးမီးဖွား

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် စိတ်ကျန်းမာရေးမကောင်းသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး

လမ်းဘေးတွင် ကလေးမီးဖွားခဲ့၍ ဆေးရုံသို့ပို့ဆောင်ထားရကြောင်း မေတ္တာရေစင်လူနာတင်ယာဉ်အသင်းထံမှ သိရသည်။

အဆိုပါ အမျိုးသမီးမှာ ရန်ကုန်-ပြည်လမ်းဘေး ဥက္ကံဟိုတယ်ရှေ့တွင်

ယနေ့ စက်တင်ဘာ ၂၃ ရက် နံနက် ၃နာရီ ၄၅အချိန်က ကလေးမီးဖွားနေတာတွေ့လို့ မေတ္တာရေစင်အသင်းမှ ဥက္ကံဆေးရုံပို့ဆောင်ပေးခဲ့ပြီး

မွေးဖွားလာသည့်ကလေးမှာ ယောက်ျားလေးဖြစ်ကာ လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ဥက္ကံဆေးရုံတွင် လှူဒါန်းနိုင်ကြောင်း သိရသည်။

ယနေ့ မွေးဖွားခဲ့သည့် ကလေးငယ်အား ခိုင်နှင်းဝေဂေဟာသို့ ဆရာမလေးတစ်ဦးမှ မေတ္တာရေစင်အသင်းယာဉ်ဖြင့်

သွားရောက်ပို့ဆောင်နေပြီဖြစ်ကြောင်းလည်း ၎င်းအသင်းထံမှ သိရသည်။

Source – မေတ္တာရေစင်အသင်း

Zawgyi Version ျဖင့္ဖတ္ရန္

စိတ္က်န္းမာေရး မေကာင္းသည့္ ကိုယ္ဝန္ေဆာင္မိခင္တစ္ဦး လမ္းေဘးတြင္ ကေလးမီးဖြား

စိတ္မေကာင္းလိုက္တာ ညီမရယ္…ဝဠ္ေႂကြး႐ွိသမွ် ဒီဘဝမွာတင္ ေၾကပါေစ…

သတင္း – စိတ္က်န္းမာေရး မေကာင္းသည့္ ကိုယ္ဝန္ေဆာင္မိခင္တစ္ဦး လမ္းေဘးတြင္ ကေလးမီးဖြား

ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕နယ္၊ ဥကၠံၿမိဳ႕တြင္ စိတ္က်န္းမာေရးမေကာင္းသည့္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦး

လမ္းေဘးတြင္ ကေလးမီးဖြားခဲ့၍ ေဆး႐ုံသို႔ပို႔ေဆာင္ထားရေၾကာင္း ေမတၱာေရစင္လူနာတင္ယာဥ္အသင္းထံမွ သိရသည္။

အဆိုပါ အမ်ိဳးသမီးမွာ ရန္ကုန္-ျပည္လမ္းေဘး ဥကၠံဟိုတယ္ေ႐ွ႕တြင္

ယေန႔ စက္တင္ဘာ ၂၃ ရက္ နံနက္ ၃နာရီ ၄၅အခ်ိန္က ကေလးမီးဖြားေနတာေတြ႕လို႔ ေမတၱာေရစင္အသင္းမွ ဥကၠံေဆး႐ုံပို႔ေဆာင္ေပးခဲ့ၿပီး

ေမြးဖြားလာသည့္ကေလးမွာ ေယာက်္ားေလးျဖစ္ကာ လႉဒါန္းလိုေသာ အလႉ႐ွင္မ်ားအေနျဖင့္ ဥကၠံေဆး႐ုံတြင္ လႉဒါန္းႏိုင္ေၾကာင္း သိရသည္။

ယေန႔ ေမြးဖြားခဲ့သည့္ ကေလးငယ္အား ခိုင္ႏွင္းေဝေဂဟာသို႔ ဆရာမေလးတစ္ဦးမွ ေမတၱာေရစင္အသင္းယာဥ္ျဖင့္

သြားေရာက္ပို႔ေဆာင္ေနၿပီျဖစ္ေၾကာင္းလည္း ၎အသင္းထံမွ သိရသည္။

Source – ေမတၱာေရစင္အသင္း