News

နိုရူမုန်တိုင်း အလွန်ပြင်းထန်စွာ ဝင်ရောက်တိုင်ခတ်နေတဲ့ (ရုပ်သံ)

နိုရူမုန်တိုင်း အလွန်ပြင်းထန်စွာ ဝင်ရောက်တိုင်ခတ်နေတဲ့ (ရုပ်သံ)

ဗီယက်နမ်နိုင်ငံကို နိုရူမုန်တိုင်း ဝင်ရောက် တိုက်ခတ်သည့် (ရုပ်သံ)

ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။

စူပါတိုင်ဖွန်းမုန်တိုင်း Noru သည် ယနေ့ စက်တင်ဘာ ၂၆ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ Bulacan ခရိုင်၊

San Ildefonso မြိုသို့ဝင်ရောက်တိုက်ခတ်ခဲ့သည်။

ယင်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံမှ အိမ်ခြေများစွာပျက်စီးခဲ့ပြီး၊

လူပေါင်း ၇၄၀၀၀ ထက်မနည်း မိမိတို့၏ အိမ်များကိုစွန့်ခွာကာ မုန်တိုင်းရှောင်စခန်းများဆီသို့သွားရောက်ခိုလှုနေကြရသည်။

မုန်တိုင်းကြောင့် စာသင်ကျောင်းများ၊ အစိုးရရုံးများနှင့် စတော့ဈေးကွက်တို့ကို အစိုးရက ပိတ်ထားကြောင်းသိရသည်။

ယခုနှစ်အတွင်း ဖိလစ်ပိုင်ကို တိုက်ခတ်သည့် မုန်တိုင်းများအနက် စူပါတိုင်ဖွန်းမုန်တိုင်း Noru သည် အပြင်းထန်ဆုံးမုန်တိုင်းဖြစ်သည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်း“နိုရူ” အရှိန်ကြောင့် ရန်ကုန်တိုင်း၊နေပြည်တော်၊မကွေးတိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊

တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်၊ရခိုင်ပြည် နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်

မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းများတိုက်ခတ်နိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။

အထူးဂရုစိုက်ကြပါ။

အောက်ဆုံးတွင် ရုပ်သံကြည့်ရန်

Photo – AFP

Zawgyi Version ဖြင့်ဖတ်ရန်













အထူးဂရုစိုက်ကြပါ။

ရုပ်သံကြည့်ရန်

Photo – AFP