News

အကောင်ကြီးတွေပါ ပက်လက်လေးတွေ ဂ-န့်နေကြတာ

အကောင်ကြီးတွေပါ ပက်လက်လေးတွေ ဂ-န့်နေကြတာ

ကရင်ပြည်ရှိ စစ်ကောင်စီတပ်၏ ဘုရားတောင်စခန်း နာရီဝက်အတွင်း တို-က်ခိုက်သိမ်းပိုက် ၊ ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦး tay ဆုံးပြီး လက်နက် ၁၃ လက်ရရှိ၊ စစ်လေယာဉ်များပျံဝဲနေ

ရန်ကုန်၊ စက်တင်ဘာ ၂၈

ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ ၂၈၃ တပ်ရင်း ဘုရားတောင်စခန်းကို KNLA ပူးပေါင်းတပ်များက ယနေ့တွင် သိမ်းပိုက်လိုက်ပြီး

 

ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦး tay ဆုံးကြောင်း၊ လက်နက် ၁၃ လက်ရရှိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

“ဘုရားတောင်ကျေးရွာစခန်းကို ကျနော်တို့ သိမ်းတာမှာ လက်နက် ၁၃ လက်ရရှိပါတယ်။ သူတို့ဘက်က ဒုတပ် ရင်းမှူး ၊ တပ်ကြပ်ကြီး အပါအဝင် ၁၁ ဦး tay ဆုံးပါတယ်။

အခု လေယာဉ်တွေလာနေပါတယ်။ ဝဲနေတယ်” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

သိမ်းဆည်းရမိသည့် လက်နက်များတွင် စက်လက်နက်များ၊ MA သေနတ်များပါဝင်ကြောင်း၊ တိုက်ပွဲသည် နာရီဝက်သာ ကြာမြင့်ကြောင်း ၊

နံနက် ၅ နာရီခွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီတွင် စခန်းတစ်ခုလုံးကို သိမ်း ဆည်းလိုက်ကြောင်း၊ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင် နံနက် ၁၀ နာရီခွဲမှပြီးဆုံးကြောင်း သိရှိရသည်။

အဆိုပါစခန်းသည် ပြည်သူများကို ခြိမ်းခြောက် ငွေညှစ်ခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ဘုရားတောင်စခန်းကုန်းပေါ်မှ မျိုးစုံ ပြည်သူများကို ခြိမ်းခြောက်နေသည့်အတွက်

အပြီးအပိုင် ရှင်းလင်းခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

အလားတူ KNU တပ်မဟာ ၆၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းကျေးရွာရှိ စစ်ကောင်စီစခန်းကို ယမန်နေ့ ညနေပိုင်းတွင် KNLA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

Source – ခေတ်သစ်

Zawgyi Version ျဖင့္ဖတ္ရန္

အေကာင္ႀကီးေတြပါ ပက္လက္ေလးေတြ ဂ-န္႔ေနၾကတာ

ကရင္ျပည္႐ွိ စစ္ေကာင္စီတပ္၏ ဘုရားေတာင္စခန္း နာရီဝက္အတြင္း တို-က္ခိုက္သိမ္းပိုက္ ၊ ဒုတပ္ရင္းမႉးအပါအဝင္ ၁၁ ဦး tay ဆုံးၿပီး လက္နက္ ၁၃ လက္ရ႐ွိ၊ စစ္ေလယာဥ္မ်ားပ်ံဝဲေန

ရန္ကုန္၊ စက္တင္ဘာ ၂၈

ကရင္ျပည္နယ္႐ွိ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္႐ွိ စစ္ေကာင္စီတပ္ ခလရ ၂၈၃ တပ္ရင္း ဘုရားေတာင္စခန္းကို KNLA ပူးေပါင္းတပ္မ်ားက ယေန႔တြင္ သိမ္းပိုက္လိုက္ၿပီး

ဒုတပ္ရင္းမႉးအပါအဝင္ ၁၁ ဦး tay ဆုံးေၾကာင္း၊ လက္နက္ ၁၃ လက္ရ႐ွိေၾကာင္း KNU သတင္းရင္းျမစ္က ေျပာသည္။

“ဘုရားေတာင္ေက်း႐ြာစခန္းကို က်ေနာ္တို႔ သိမ္းတာမွာ လက္နက္ ၁၃ လက္ရ႐ွိပါတယ္။ သူတို႔ဘက္က ဒုတပ္ ရင္းမႉး ၊ တပ္ၾကပ္ႀကီး အပါအဝင္ ၁၁ ဦး tay ဆုံးပါတယ္။

အခု ေလယာဥ္ေတြလာေနပါတယ္။ ဝဲေနတယ္” ဟု KNLA သတင္းရင္းျမစ္က ေျပာသည္။

သိမ္းဆည္းရမိသည့္ လက္နက္မ်ားတြင္ စက္လက္နက္မ်ား၊ MA ေသနတ္မ်ားပါဝင္ေၾကာင္း၊ တိုက္ပြဲသည္ နာရီဝက္သာ ၾကာျမင့္ေၾကာင္း ၊

နံနက္ ၅ နာရီခြဲတြင္ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး နံနက္ ၆ နာရီတြင္ စခန္းတစ္ခုလုံးကို သိမ္း ဆည္းလိုက္ေၾကာင္း၊ နယ္ေျမ႐ွင္းလင္းေရးလုပ္ေဆာင္ရာတြင္ နံနက္ ၁၀ နာရီခြဲမွၿပီးဆုံးေၾကာင္း သိ႐ွိရသည္။

အဆိုပါစခန္းသည္ ျပည္သူမ်ားကို ၿခိမ္းေျခာက္ ေငြညႇစ္ျခင္း၊ လမ္းသြားလမ္းလာမ်ားကို ဖမ္းဆီး႐ိုက္ႏွက္ျခင္း၊ ဘုရားေတာင္စခန္းကုန္းေပၚမွ မ်ိဳးစုံ ျပည္သူမ်ားကို ၿခိမ္းေျခာက္ေနသည့္အတြက္

အၿပီးအပိုင္ ႐ွင္းလင္းျခင္းျဖစ္ေၾကာင္း သတင္းရင္းျမစ္က ဆိုသည္။

အလားတူ KNU တပ္မဟာ ၆၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ အဇင္းေက်း႐ြာ႐ွိ စစ္ေကာင္စီစခန္းကို ယမန္ေန႔ ညေနပိုင္းတြင္ KNLA က တိုက္ခိုက္သိမ္းပိုက္လိုက္ေၾကာင္း ေဒသသတင္းရင္းျမစ္မ်ားထံမွ သိ႐ွိရသည္။

Source – ေခတ္သစ္